《အခန်း၉၈》

3.4K 348 4
                                    

သူ၏ မျက်လုံးများသည် ယွိ​သော်ကို မယုံနိုင်စွာ ကြည့်နေကြသည်။

ယွီရန်သည် ဖုစစ်နျန်ကို လူကိုယ်တိုင် မတွေ့ဖူးပေ။  နိုင်ငံခြားကို မသွားခင်အထိ သူနဲ့မတွေ့ဖူးခဲ့ဘူး။ ပြန်ရောက်ပြီးတော့ ဖုမိသားစုအိမ် ဧည့်ခန်းတွင် ရှိသော ဖုစစ်နျန်၏ဓာတ်ပုံကိုပဲ ​တွေ့ဖူးတာပါ။

ဓာတ်ပုံထဲက ဖုစစ်နျန်ကိုမြင်ရတာ စိတ်မသက်မသာဖြစ်စေတယ်။ သူသေဆုံးသွားတဲ့အတွက် သူအရမ်းဝမ်းသာခဲ့တယ်။ အခု သူ့ကို လူချင်းတွေ့လိုက်ရသောအခါတွင် ပြင်းထန်သော အကျပ်အတည်းတစ်ခုကဲ့သို့ ခံစားချက်သည် ပို၍ပင် ဆိုးရွားလာသည်။

ဖုစစ်နျန်သည် ယွိ​သော်၏ ခါးကို သူ့အပိုင်ဟု ကြေငြာနေသကဲ့သို့ ဖက်ထားသည်။ သူသည် ယွိသော်က သူဘက်ကို မှီအောင်လုပ်လိုက်ပြီး ယွီရန်ကို ရန်​လိုသည့်​အကြည့်​ဖြင့်​ ကြည့်​​နေသည်​။

"ဒီကလူကြီးမင်းက ဘယ်လိုခေါ်တာလဲ"

ယွီရန်၏မျက်ခုံးများသည် အနည်းငယ် ပင့်တက်လာပြီး သူ့လက်များကို လက်သီးဆုပ်ထားသည်။  လွန်ခဲ့တဲ့နှစ်ရက်က ယွိသော် မူမမှန်​နေရတဲ့ နောက်ကွယ်မှ အကြောင်းရင်းကို သူ ရုတ်တရက် သိလိုက်သည်။

"ကျွန်တော်က ယွီရန်"

"မင်္ဂလာပါ မစ္စတာယွီ။ ကျွန်​တော်က ဖုစစ်နျန်ပါ။"

သူတို့အကြည့်တွေက တစ်ယောက်နဲ့တစ်ယောက် စိုက်ကြည့်နေကြပြီး ဖော်ရွေစွာလက်ဆွဲနှုတ်ဆက်ဖို့ စိတ်ကူးမရှိကြပေ။

"မစ္စတာဖုက မစ္စတာယွိကို ​သေချာမသိလောက်ဘူး” လို့ တစ်စုံတစ်ယောက်က ချက်ချင်း ယဉ်ကျေးစွာပြော​ပြခဲ့ပါတယ်။  "မစ္စတာယွီက အခုမှတရုတ်ပြည်ကို ပြန်လာခဲ့ပြီး ယွီမိသားစုရဲ့ စီးပွားရေးကို တာဝန်​ယူနေပါပြီ။ မစ္စတာဖုလိုပဲ သူကလည်း ရှားပါးတဲ့ အရည်အချင်းရှိတဲ့ လူငယ်တစ်ယောက်ပါ။”

ဒီလူ၏ ချီးကျူးစကားကို နားထောင်ရင်း၊ ယွိ​သော်သည် သူက ဖုစစ်နျန်နှင့် ယွီရန်တို့ကို မြှောက်ပင့်ရန် ကြိုးစားနေမှန်း နားလည်သွားသည်။

"အော်..." ဖုစစ်နျန်က "ကျွန်တော် သုံးလလောက်ပဲ မရှိတာကို Sမြို့မှာ အခုလေးတင်တွေ့လိုက်တဲ့ မစ္စတာကျိုးချန်တို့ မစ္စတာစုရန်တို့လို အရည်အချင်းရှိတဲ့ လူငယ်တွေအများကြီး ပေါ်လာသလိုပဲ။"

[Completed]မုဆိုးမလေးကသူမရဲ့ဆုံးပါးသွားတဲ့ဗီလိန်ယောကျ်ားကိုလွမ်းနေတယ်Where stories live. Discover now