《အခန်း၄၆》

3.7K 386 3
                                    

နေ့ခင်းဘက်တွင် ရှေ့နေဟွမ်သည် ယွိ​သော်အား သေတမ်းစာထဲက အကြောင်းအရာများကို ရှင်းပြရန် ရောက်လာသည်။

ရှေ့နေဟွမ်က သူ့ရှေ့က ပိန်ပါး​သောအမျိုးသမီးကို ကြည့်ရင်း သက်ပြင်းချလိုက်တယ်။

ဒီတစ်လအတွင်းမှာပဲ ဒီအမျိုးသမီးက ခင်ပွန်းဖြစ်သူကို ဆုံးရှုံးခဲ့ပြီး အခုဆို ခင်ပွန်းသည်ရဲ့ ပိုင်ဆိုင်မှုရဲ့၃၀%ကို အခြားအမျိုးသမီးတစ်ဦးကို ပေးခဲ့တဲ့အကြောင်း သိခဲ့ရတယ်။

'မစ္စစ်ဖုအတွက် ဘယ်လောက်တောင် စိတ်ဆင်းရဲနေမလဲ'

"ဒုက္ခပေးမိလို့တောင်းပန်ပါတယ်၊ ရှေ့နေဟွမ်" ယွိ​သော်က စိတ်မချမ်းမသာနဲ့ ရေရွတ်ပြီး ​သေတမ်းစာကို ရှေ့နေဟွမ်ကို ပေးလိုက်တယ်။  “ဒါက မနေ့ကစစ်နျန်ရဲ့ ရုံးခန်းထဲမှာ မစ္စချောင်ကျောင်း တွေ့ခဲ့တဲ့သေတမ်းစာတဲ့။ ရှင်ကျွန်မကိုကူညီနိုင်မယ်လို့မျှော်လင့်ပါတယ်။"

"စိတ်မပူပါနဲ့ မစ္စစ်ဖု၊ ဒီကိစ္စကို သေချာဂရုစိုက်လိုက်ပါ့မယ်” လို့ ရှေ့နေဟွမ်က ပြောပါတယ်။

ဖုစစ်နျန်၏အ​လောင်းကို မတွေ့သေးသောကြောင့် ဥပဒေသဘောအရ ဖုစစ်နျန်ကိုသေဆုံးသည်ဟု မယူဆသေးပါ။ တကယ့် သေတမ်းစာဆိုရင်တောင် အခုချက်ချင်း အမွေခွဲလို့မရသေးတာကြောင့် သေတမ်းစာစစ်မစစ်ကို စစ်​ဆေးရန် တစ်လအချိန်ကျန်ပါသေးသည်။

ရှေ့နေဟွမ်၏ စကားကိုကြားတော့ ယွိသော်အနည်းငယ် စိတ်သက်သာရာ ရသွားသည်။

ရုတ်တရက် ယွိသော်က တစ်ခုခုကို တွေးမိပြီး "ရှေ့နေွေမ်၊ အမွေခွဲတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျွန်မမေးချင်တာတစ်ခုရှိတယ်။ အခုစစ်နျန်ရဲ့အမွေတွေကိုမခွဲရသေးဘူးလေ။ အဲ့ကျတော့ အခုချိန်ပိုက်ဆံတွေသုံးလိုက်တယ်ဆိုရင် နောက်လရမဲ့ ကျွန်မဝေစုထဲက နုတ်မှာလား”

ရှေ့နေဟွမ်နားမလည်မှာကို ယွိသော်ကစိုးရိမ်တာကြောင့် ရှင်းပြလိုက်တယ်။  “ဥပမာ၊ ဖုစစ်နျန်ရဲ့ပိုင်ဆိုင်မှုတွေက ယွမ်ဘီလီယံ ၂၀ ရှိတယ်။ ဒီလကုန်ရင် အဲ့ထဲက ၃၀% ယွမ်၆ဘီလီယံကိုကျွန်မရလိမ့်မယ်။ ယွမ် ၂၀ဘီလီယံထဲက ယွမ် ၁ ဘီလီယံ သုံးစွဲခဲ့တယ်ပဲဆိုပါစို့။  နောက်လ အမွေခွဲတဲ့အချိန်ကျ ဒီယွမ် ၁ဘီလီယံကို ကျွန်မဝေစုကနေ နုတ်မှာလား။ ပြောချင်တာက ကျွန်မက ယွမ်၅ဘီလီယံပဲ ရတော့မှာလားလို့ပါ"

[Completed]မုဆိုးမလေးကသူမရဲ့ဆုံးပါးသွားတဲ့ဗီလိန်ယောကျ်ားကိုလွမ်းနေတယ်Where stories live. Discover now