《အခန်း၄၃》

3.8K 394 4
                                    

"တောင်းပန်ပါတယ် အန်တီ၊ ကျွန်မအဆင်ပြေနေပါတယ်။ ပဲရစ်ကိုရောက်တဲ့အချိန် နည်းနည်းနောက်ကျနေလို့ စောစောအိပ်လိုက်တာ။ မနေ့က ဖုန်းထဲက မက်​ဆေ့ချ်တွေကို သိပ်အာရုံမစိုက်လိုက်မိဘူး။ အားချီကိုလည်း ဒီအကြောင်း သေချာပြောပြလိုက်ပါဦး…”

"သခင်မလေးဘာသာပဲ အားချီကိုဖုန်းခေါ်ပြီးပြောလိုက်ပါ့လား"

အန်တီလျန်တောင် လက်ချာမရိုက်ပဲမနေနိုင်ပေ။  “သခင်မလေး၊ သခင်မလေးအဆင်ပြေတဲ့အကြောင်း ကျွန်မတို့ကို နေ့တိုင်းဖုန်းခေါ်ပြီး အကြောင်း​ကြား​ပေးမယ်လို့ ကတိပေးတယ်လေ။ အခု သခင်မလေးက ကျွန်မတို့ကိုအကျိုးအကြောင်းဘာမှမပြောတော့ သခင်မလေးကို စိတ်ပူနေရတာပေါ့။ သခင်မ​လေးသွားတုန်းက တစ်ယောက်ယောက်ကို ခေါ်သွားလိုက်သင့်တယ်။ တစ်ယောက်တည်း သွားတော့ သခင်မလေးကို ဂရုစိုက်ပေးမဲ့လူမရှိဘူး။ ခုဆို ဖုန်းလည်းမကိုင် မက်ဆေ့ခ်ျလည်းမဖြေတော့ ကျွန်မ သခင်မလေးကို စိတ်ပူလို့ရတာနဲ့တင် ဆယ်နှစ်လောက်အသက်တိုသွားတယ်!"

ယွိသော်က အမှားကို ဝန်ခံတယ်။  "တောင်းပန်ပါတယ်အန်တီလျန်၊ ကျွန်မ​မှားမှန်းသိပါတယ်။ နောက်နေ့တွေကျမမေ့ပဲနေ့တိုင်းဖုန်းဆက်မယ်နော်"

အန်တီလျန် သက်ပြင်းချလိုက်သည်။ ယွိ​သော်ဟာ နိုင်ငံခြားမှာပျော်နေတယ်ဆိုတာ သူမသေချာသိပါတယ်။

“ဒါဆိုလည်း နောက်တစ်ခါကျ မမေ့နဲ့နော်”

"အေးဆေးပါ၊ အန်တီရဲ့ မမေ့ပါဘူး"

ဖုန်းချလိုက်တော့ ယွိသော်က အားချီရဲ့ ဖုန်းနံပါတ်ကို ခေါ်ပြီး ခေါင်းကိုက်လာသလို ခံစားလိုက်ရတယ်။

'မ​နေ့က အများကြီးသောက်မိသွားတယ်...'

ဖုန်းခေါ်ဆိုမှုသည် ချက်ခြင်းဆိုသလို ချိတ်ဆက်သွားသည်။

“အားချီ၊ အစ်မ…”

ယွိသော်က သူမစကားမဆုံးခင်မှာ ဖုန်းရဲ့တစ်ဖက်က အသံတစ်ခုအ​မြန်ထွက်လာတယ်။  "မရီး၊ အဆင်ပြေ​နေရဲ့လား"

"… အစ်မအဆင်ပြေပါတယ်။ မနေ့က အစ်မနည်းနည်းပင်ပန်းနေလို့ ဖုန်းကို မကြည့်မိလိုက်ဘူး” လို့ ယွိသော်က တိုးညှင်းတဲ့လေသံနဲ့ ပြောပါတယ်။  "အစ်မ မင်းနဲ့ အန်တီလျန်ကို စိတ်ပူစေမိတာကို တကယ်ကိုတောင်းပန်ပါတယ်"

[Completed]မုဆိုးမလေးကသူမရဲ့ဆုံးပါးသွားတဲ့ဗီလိန်ယောကျ်ားကိုလွမ်းနေတယ်Where stories live. Discover now