《အခန်း၃၃》

3.9K 378 1
                                    

အခန်း ၃၃ - ငါတို့ကမ္ဘာတွေကမတူတော့ဘူး (၄)

သူမရဲ့ Weibo တွင် မက်​ဆေ့ချ် သတိပေးချက်များ လက်ခံရရှိခဲ့သည်။

ယွီရန် "ကိုယ့်ကိုကိုယ်ဂရုစိုက်နော်။ သူကထွက်သွားပြီဆိုပေမဲ့ ငါတို့ကတော့ ရှေ့ဆက်သွားရဦးမှာပဲလေ။ အခွင့်အရေးရရင် ငါမင်းကိုခေါ်သွားပေးမယ်။"

စုရန် ” အရမ်းစိတ်မကောင်းမဖြစ်ပါနဲ့။ ဘော့စ်ဖု မရှိတော့ပေမယ့် သူကသေချာပေါက် မစ္စယွိကို ဆက်စောင့်ရှောက်​​ပေးပြီး အဝေးကနေကာကွယ်ပေး​နေမှာပါ"

ကျိုးချန်၊ “မစ္စယွိ၊ အချိန်ရှိရင်ကျွန်တော်တို့တွေ့ရအောင်။  မစ္စယွိကြိုက်လောက်မဲ့နေရာကောင်းတစ်ခု ကျွန်တော်သိတယ်"

ယွိသော် ထိတ်လန့်သွားသည်။ စုရန်ပြော​သောစကားသည်​ သူမအား ကြက်သီးထသွားစေသည်။

သူမသည် ကျေနပ်စရာ​ကောင်သည့်စာအချို့ကို ပြန်ဖြေပြီး ဖုန်းကို ဘေးဖယ်ထားလိုက်သည်။  သူမရဲ့အခန်းတံခါးကို သော့သွားခတ်လိုက်ပြီး လွန်ခဲ့သည့်သုံးနှစ်ခန့်က ဖုစစ်နျန်ပေးခဲ့သော ခရက်ဒစ်ကတ်ကို သူမရှာလိုက်တယ်။

ဖုစစ်နျန်က သူမကို ကတ်ပေးတဲ့အချိန်တုန်းက  ကြိုက်သလောက်သုံးဖို့ ပြောခဲ့ပါတယ်။ ဟုတ်ပါတယ်၊ ယွိသော် တစ်ခါမှ အဲဒီလိုမလုပ်​ဖူးဘူး။  သူမသည် ဖုစစ်နျန်မရှိဘဲမနေနိုင်တဲ့ ​လောဘကင်းသော အားနည်းတဲ့ပန်းကလေး​ဖြစ်ပါတယ်။  ငွေကြေး သို့မဟုတ် ပစ္စည်းဥစ္စာများကို ဂရုမစိုက်တဲ့သူ ပုံရိပ်ကို ထိန်းသိမ်းရန်အတွက် ဖုစစ်နျန်အတွက် မွေးနေ့လက်ဆောင်များဝယ်ခြင်းမှလွဲ၍ ထို credit card ကို သူမအသုံးပြုခဲ့ပါ။

ထိုကတ်ပေါ်ကို သုံးလိုက်သည်နဲ့ တပြားတချပ်မကျန် ဖုစစ်နျန်က ခြေရာခံမိကြောင်း သူမသေချာပါတယ်။

ဖုစစ်နျန်က သူ့ကို တခြားအရာတွေထက်ပိုချစ်ပြီး လိမ္မာရေးခြားရှိတဲ့ဇနီးတစ်ယောက်ရှိတာကို သေချာပေါက်ပျော်ရွှင်ကာ အမြဲလက်ဆောင်တွေဝယ်လာပေးပါတယ်။

ခရစ်ဒစ်ကတ်ကို လက်ထဲတွင်ကိုင်လျက် ယွိသော်က ကတ်ကို စိတ်လှုပ်ရှားစွာ နမ်းလိုက်သည်။

[Completed]မုဆိုးမလေးကသူမရဲ့ဆုံးပါးသွားတဲ့ဗီလိန်ယောကျ်ားကိုလွမ်းနေတယ်Where stories live. Discover now