《အခန်း၁၀၂》

3.5K 340 8
                                    

ဖုစစ်နျန် ပျောက်သွားပြီး တစ်လကြာတဲ့အထိကို ရာသီလာချိန်မှန်​သေသည်ကို ယွိသော် ရုတ်တရက် သတိသွားရမိသည်။ အဲဒီအချိန်တုန်းက အန်တီလျန်တောင် သူမအတွက်ဆိုပြီး ဆေးလာပေး​သေးတယ်လေ။

ဒါ့ကြောင့် အဲဒီတုန်းက ကိုယ်ဝန်မရှိသေးပေ။

ဒါဆို ဗိုက်ထဲက ကလေးက ဘယ်က​ရောက်လာတာလဲ။

မဖြစ်နိုင်ဘူး!

လုံးဝမဖြစ်နိုင်ဘူး!

ယွိ​သော်သည် ကိုယ်ဝန်စမ်းသပ်ကိရိယာကို လွှင့်ပစ်လိုက်သည်။

ဒီကိုယ်ဝန်စမ်းသပ်ချောင်းက တစ်ခုခုမှားယွင်းနေတာဖြစ်ရမယ်။

ဟုတ်တယ်၊ ရလဒ်က မမှန်နေဘူး။

ပုံမှန်ကိုယ်ဝန်စမ်းသပ်ကိရိယာ​တွေရဲ့ တိကျမှုက ၈၅% ကနေ ၉၅% ခန့်ထိသာဖြစ်သည်။ သူမက အဲဒီ ၁၅% ကနေ  ၅% အတွင်းပါနိုင်တာပဲလေ။

'ငါ့ကို လာနောက်နေတာလား။' သူမသည် ဒီနှစ်လအတွင်း ယောက်ျား​တွေအများ​ကြီးနှင့် တွေ့ခဲ့​ပေမဲ့လည်း လုံးဝ စည်းမဲ့ကမ်းမဲ့ မ​ဖြစ်ခဲ့ပါ။  သူမ ဘယ်လိုလုပ် ကိုယ်ဝန်ရှိနေမှာတုန်း။

အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ပြဿနာရှိလို့နေမယ်။

မနက်ဖြန် ဆေးစစ်ဖို့ ဆေးရုံသွား​ကြည့်ရမယ်။

ယွိသော် ဒီအကြောင်းကို ပိုတွေးလေလေ၊ သူမဗိုက်မှာပြဿနာရှိ​နေသည်ဟု ပိုခံစားရလေလေဖြစ်သည်။ ဒီလ ရာသီလာမလာသေးဘူး။ ချောင်ကျောင်းရဲ့​ သေတမ်းစာကြောင့် သူမ စိတ်ပူပြီး အိပ်မပျော်ခဲ့တာကြောင့် ရာသီလာချိန်မမှန်တာဖြစ်နိုင်ပါတယ်။ ပြီးတော့ ဖုစစ်နျန် ပြန်လာတာကြောင့်လည်း သူမ ထပ်ပင်ပန်းခဲ့ပါ​​သေးတယ်။ တစ်နေ့လုံး အစီအစဉ်များကို အမြဲတွေးနေရသည်၊ သူမ ဘယ်လိုမှ မပင်ပန်းပဲနေမှာမဟုတ်ဘူး။

'ဟုတ်တယ်။ ဗိုက်မကောင်းတာနဲ့ ရာသီလာချိန်မမှန်တာလေးတင်ကို၊ ကိုယ်ဝန်ရှိတယ်လို့တောင်တွေးနေတယ်။ နင်ဘယ်လိုတွေဖြစ်နေတာလဲ'

သေချာ စဉ်းစားပြီးနောက် ယွိ​သော်ဟာ ​ပြန်တက်​ကြွလာပြီး အနားယူဖို့ သူမအခန်းထဲ ပြန်ဝင်သွားခဲ့တယ်။

[Completed]မုဆိုးမလေးကသူမရဲ့ဆုံးပါးသွားတဲ့ဗီလိန်ယောကျ်ားကိုလွမ်းနေတယ်Where stories live. Discover now