《အခန်း၂၀》

4.5K 427 2
                                    

အခန်း ၂၀ - ကောင်းကင်ဘုံက ငါ့ကိုမျက်နှာသာမပေးချင်ဘူး! (၂)

မစ္စစ်ယွိက သူ့ကိုအပေါ်အောက်စိုက်ကြည့်နေတာကို ဖုံးကွယ်ဖို့ မကြိုးစားခဲ့ဘူး။  နောက်ဆုံးတော့ သူမက ပြုံးပြီးပြောတယ် “မ​တွေ့တာ နှစ်နည်းနည်းလောက်ပဲရှိသေးတာကို အရမ်းချောလာလိုက်တာနော်"

ယွီရန်က ပြန်ပြုံးပြတယ်။  သူက နူးညံ့သိမ်မွေ့ပြီး  လူတိုင်းကို သက်တောင့်သက်သာဖြစ်စေသော နွေဦးလေနုအေးနဲ့တူသည် "အန်တီကလည်း။ ဒီနေ့ အန်ကယ်ရဲ့ မွေးနေ့ဆိုတော့ ကျွန်တော် အန်ကယ့်အတွက် လက်​ဆောင်ယူလာတယ်။ အန်ကယ်ကြိုက်လောက်မလားတော့မသိဘူး”

ထို့နောက် လက်ဆောင်ကို ပေးခဲ့သည်။

ယွိ​ကော်​ဟွေ့က ပြုံးပြုံးရွှင်ရွှင်နဲ့ လက်ခံလိုက်ပြီး "အိုး၊ မင်းကိုကြည့်ပါဦး။ မပေးလည်းရတာကို။”

"ဘာကြီးကြီးမားမားမှမဟုတ်ပါဘူး။"

ဧည့်သည်တွေ ပိုများလာနေတာကို တွေ့လိုက်ရတော့ မစ္စစ်ယွိက ပြုံးပြုံးရွှင်ရွှင်နဲ့ သူတို့ရဲ့စကား​ဖလှယ်မှုတွေကို ရပ်တန့်လိုက်ပြီး "ယွီရန်၊ အထဲကို ဝင်ထိုင်နှင့်လိုက်နော်။ အန်တီနဲ့ အန်ကယ်တို့ ခဏလောက် စကားသွားပြောလိုက်ဦးမယ်”

"ဟုတ်ကဲ့" ယွီရန်က အထဲကို လျှောက်သွားလိုက်တယ်။

ယွီရန် ထွက်သွားပြီးတာနဲ့ မစ္စစ်ယွိက သူမခင်ပွန်းကို “ရှင်ဘယ်လိုထင်လဲ” လို့ တိုးတိုးလေးမေးတယ်။

ယွိကော်ဟွေ့ကလည်း “မဆိုးပါဘူး” ဟု ခေါင်းညိတ်သည်။

Bentley တစ်စီးက ဟိုတယ်ရှေ့မှာ ရပ်လာပြီး တံခါး​စောင့်က အမြန်ပြေးပြီး နောက်ထိုင်ခုံကို တံခါးဖွင့်လိုက်တော့  ယွိ​သော်ကထွက်လာတယ်။

မစ္စစ်ယွိသည် ယွိသော်ကိုမြင်သောအခါ ယွိ​ကော်​ဟွေ့ကိုကိုင်ထားသော သူမ၏လက်ကို လွှတ်လိုက်ပြီး "သော်သော်၊ ရောက်လာပြီလား"

"အမေ" လို့ ယွိသော်ကပြောလိုက်တယ်။  ထို့နောက် သူမအဖေကို လှည့်ကြည့်ကာ “အဖေ၊ မွေးနေ့မှာပျော်ရွှင်ပါစေ”

[Completed]မုဆိုးမလေးကသူမရဲ့ဆုံးပါးသွားတဲ့ဗီလိန်ယောကျ်ားကိုလွမ်းနေတယ်Where stories live. Discover now