《အခန်း၇၆》

3.7K 407 4
                                    

'ဖုစစ်နျန်ရဲ့ ခန္ဓာကိုယ်ကအကြီးကြီးဆိုတော့ ငါသူ့ကို ဆေးကူလိမ်းပေးလိုက်ရမလား'

အရင်တစ်ခေါက် ကော်ဖီခါးတစ်ခွက်ကို မှားယူသွားမိလို့ သူဒေါသထွက်သွားတာကို တွေးမိပြီ သူမ တုံ့ဆိုင်းသွားခဲ့သည်။  သူ့ကိုဆေးလိမ်းပေးလိုက်လို့ နာသွားရင် ငါထပ်ပြီး အပြစ်တင်ခံရမှာ မဟုတ်ဘူးလား။

ဖုစစ်နျန်သည် သူမ၏မျက်လုံးများကိုမှိတ်ပြီး စောင်နှင့်ဖုံးလိုက်သည်။

'ထားလိုက်တော့၊ အိပ်မယ်'

ဒါပေမယ့် သူမမျက်လုံးတွေကိုမှိတ်လိုက်တာနဲ့ ဖုစစ်နျန်ရဲ့နောက်ကျောပေါ်က ပြင်းထန်တဲ့အမာရွတ်တွေရဲ့ ပုံရိပ်တွေက သူမရဲ့စိတ်ထဲမှာ ပြည့်နှက်နေတယ်။

'နင့်ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကညပျောက်တောင်မပျောက်သေးတဲ့တာကို ဘာလို့ အခုချိန်ထိ စာကြည့်ခန်းမှာ ခေါင်းမာမာနဲ့အလုပ်လုပ်နေတာလဲ။'

'ရူး​နေတာလားမသိဘူး'

ယွိသော် စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။ ဒီလူက သေမင်းတံခါးဝနေ ကပ်သီလေးလွတ်လာတာကို တန်ဖိုးထားရကောင်းမှန်းမသိဘူး။ သူ့ကျန်းမာရေးကို အလေးအနက်မထားဘူး။ အသက်မရှည်ချင်ဘူးလား။

' ဘာပဲဖြစ်ဖြစ် သူက အမည်ခံပဲဆိုပေမဲ့ ငါ့ယောကျ်ားပဲလေ…”

'ဖုစစ်နျန် ဒဏ်ရာတွေကို ကောင်းကောင်းဆေးလိမ်းလား တစ်ချက်သွားကြည့် ပြီးရင် ပြန်အိပ်တာပေါ့'

'ဘာပဲဖြစ်ဖြစ် ကြည့်တာလေးက သိပ်ကြာမှာမဟုတ်ပါဘူး။'

ယွိသော် ကုတင်ပေါ်ကနေ ခြေဗလာနဲ့ဆင်းလာပြီး အဝတ်လဲခန်းဆီ သွားလိုက်တယ်။  သူမသည် အဝတ်လဲခန်းတံခါးကိုနည်းနည်းလေးဟကာ တံခါးနောက်တွင် ပုန်းနေလိုက်သည်။  အဝတ်လဲခန်းထဲက ဖုစစ်နျန်ကိုတွေ့ဖို့ သူမ ခေါင်းထုတ်လိုက်သည်။

ဖုစစ်နျန်သည် အဆင်မပြေသော အနေအထားတွင် ရှိနေသေးသည်။ ဒဏ်ရာကို ပိုးသတ်ရန် သူ့လက်ထဲတွင် ဂွမ်းကို ကိုင်ထားသည်။ သူသည် အင်အားအလွန်အကျွံသုံးလိက်တာကြောင့် ဂွမ်းသည် ဒဏ်ရာကို မတော်တဆ ဖောက်မိသွားသည်။ ဖုစစ်နျန်သည် မျက်မှောင်ကြုတ်ပြီး နာကျင်စွာ ​အံကြိတ်ထားသည်။

[Completed]မုဆိုးမလေးကသူမရဲ့ဆုံးပါးသွားတဲ့ဗီလိန်ယောကျ်ားကိုလွမ်းနေတယ်Where stories live. Discover now