《အခန်း၄၉》

3.6K 423 13
                                    

ချောင်ကျောင်းသည် နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ပွင့်ဖြင့် ခန်းမတစ်ဝိုက်ကို လှည့်ပတ်ကြည့်နေရင်း နောက်ဆုံးတွင် ချင်ရှောက်၏ဦးတည်ရာဘက်တွင် ခဏလောက် ရပ်သွားသည်။ ထို့နောက် သူမ ချင်ရှောက်နောက်က စားပွဲကို လျှောက်သွားပြီး ဝင်ထိုင်လိုက်သည်။

ဖုစစ်နျန်၏ မျက်လုံးများသည် အနည်းငယ် ကျဉ်းမြောင်းသွားပြီး သဲလွန်စတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။

နှစ်ယောက်သား ​နောက်​ကျောပေးပြီး ထိုင်နေကြသော်လည်း ချောင်ကျောင်းသည် ခေါင်းငုံ့ကာ တစ်စုံတစ်ရာကို ရေရွတ်​နေသလို ချင်ရှောက်ကို ပြောလိုက်သည်။

သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် သိနေပေမယ့် လူအများရဲ့ သံသယတွေကို ရှောင်ချင်နေကြတာ။

S​မြို့တွင် ချင်​ရှောက်သည် ဖုစစ်နျန်နှင့် ယှဉ်နိုင်သော လုပ်ငန်းရှင်ဖြစ်သည်။

သူတို့နှစ်ဦးသည် အသက်အရွယ်တူညီကြပြီး လုပ်ငန်းမှာလည်း တူတူ​လောက်ပါပဲ။ ချင်ရှောက်သည် ဖုစစ်နျန်၏ အကြီးမားဆုံး ပြိုင်ဘက်ဟု ဆိုနိုင်သည်။  ထို့အတူ ဖုစစ်နျန်မှာလည်း ချင်ရှောက်အတွက် မျက်စိစပါးမွှေးစူးစရာလူပါပဲ။  စီးပွားရေးက စစ်မြေပြင်လိုပါပဲ။  အရင်းအမြစ်များနှင့် အကျိုးကျေးဇူးများအတွက် နှစ်တွေအများကြီး တိုက်ပွဲဝင်ရမယ်။ လုံ​​လောက်​ပြီးစိတ်​ကျေနပ်သွားတဲ့လူဆိုတာဘယ်သူမှမရှိဘူး။

အခု ​ချောင်ကျောင်းနဲ့ ချင်ရှောက်ကပူးပေါင်းနေကြတာလား?

နှစ်ယောက်သားက ရင်းနှီးပုံမပေါ်သော်လည်း ဖုစစ်နျန်သည် မြင်ရသလို မရိုးရှင်းကြောင်း ကောက်ချက်မချမီ သူတို့ကို ဂရုတစိုက် စောင့်ကြည့်​နေခဲ့သည်။

ချောင်ကျောင်းသည် သူကုမ္ပဏီကို စတင်တည်ထောင်ကတည်းက ခုနစ်နှစ်ကြာ သူနှင့်အတူ ရှိနေခဲ့သည်။  သူ၏လက်ထောက်အနေဖြင့် ချောင်ကျောင်းသည် ကုမ္ပဏီ၏ကိစ္စအဝဝကိုပင် ကူညီပေးခဲ့သည်။  သူအိမ်ထောင်မပြုမီက ဧည့်ခံပွဲများအားလုံးကို သူ့ရဲ့အဖော်အဖြစ် သူနဲ့အတူ တက်ရောက်ခဲ့သည်။

[Completed]မုဆိုးမလေးကသူမရဲ့ဆုံးပါးသွားတဲ့ဗီလိန်ယောကျ်ားကိုလွမ်းနေတယ်Where stories live. Discover now