"အာ..လူကြီး ကျွန်တော် ခန ပြန်အိပ်ဦးမယ်နော်...အစောကြီးထလာတော့ အိပ်ရေးမဝသေးလို့
အိမ်ရောက်တာနဲ့...လူကြီးကို တဖက် ခန်းမှာ နေရာ ချထားပေးပြီး... သူ အခန်းထဲ ပြန်ဝင်အိပ်လိုက်တော့သည်..။
........ .......... ........ ............
၃နာရီ ခန့် ကြာသော်....ဘယ်အိမ်က ပြန့်လွှင့်လာတဲ့ အနံ မှန်းမသိ..။မွှေးနေတဲ့ ဟင်းနံ့ကြောင့်.. ဗိုက်က ဆန္ဒပြလာတော့တာမို့..မထချင်လဲ ထရတော့တယ်။
ရေချိုးပြီး မြို့ထဲသွားမယ်ကွာ..။
မုန့်ဆိုင်တွေက မြို့လယ်ခေါင်မှာပဲ ရှိတာဖြစ်ပြီး
သူ့အိမ်ကတော့ မြို့ပြင် မှာ ကိုး..။မနက်ဖြစ်ဖြစ် ည ဖြစ် ဖြစ် အိပ်ရာ နိုးရင် ရေမိုးချိုးပြီး မြို့ ထဲ သွားတာ သူ့အကျင့်ပင်။ရေကတော့ မချိုးလို့မဖြစ်။ဘာလို့ဆို..မြတ်သောမှာအကျင့်ဆိုးကြီးတခုရှိသည်..။အဲ့တာက.. အိပ်ရာ နိုးပြီး ရေမချိုး မချင်း စိတ်နဲ့ ကိုယ်နဲ့ မကပ်တာပင်...။
ခုလဲ အိပ်ရာက ကုန်ရုန်း ထ ထိုင်လိုက်ပြီး..မျက်စိ မပွင့်တပွင့်နဲ့..အကျီ် နဲ့ ဘောင်းဘီ ကို အနိုင်နိုင်ချွတ်ပြီး..အတွင်းခံ လေးတထည်နဲ့
အိမ်နောက်ဖေးရေချိုးခန်းရှိရာ မီးဖိုချောင်ဆီကို လျှောက်သွားတော့သည်။မြတ်သောက သာရေချိုးခန်းထဲ ဝင်သွားတာ..။မီးဖိုချောင်က ထမင်းစားပွဲ ပေါ် ဟင်းတွေ ပြင်ဆင်ပြီး တင်နေတဲ့...လူကြီး ခင်မျာ.. လက်လှမ်းလျှက်သား...ကျောက်ရုပ် ဖြစ် ကျန်ရစ်ခဲ့သည်။
ငါ..ငါဘာမြင်လိုက်ရတာလဲ..။
ဖြူဖွေး သွယ်ပျောင်းတဲ့ ကိုယ်ခန္တာ
လေးမှာမှ အတွင်းဝတ်လေး တထည်သာရှိတာကို မြင်လိုက်ရတာမို့..စိတ်တွေက ကယောက်ကယက် နဲ့ ရင်တုန်နေတာက ခုထိ မပြေနိုင်။မြတ်သော ကြည့်ရတာ..သူရှိနေတာကို မေ့ပြီး..အရင်ကတယောက်ထဲ နေ သလိုနေမိပုံရသည်မို့...ရှက်သွားမှာ စိုးရိမ်ကာ
ကဗျာကယာ မီးဖိုခန်းအ
ပြင် ထွက်ရတော့တယ်..။ထိုအချိန် ရေချိုး ပြီးသွားတဲ့ မြတ်သော မှာလဲ...
ခုနက ဒီ..ဒီတိုင်းကြီး ထွက်လာတာလား။သေရော..လူကြီးမြင်သွားပြီလားမသိဘူး..ရှက်လိုက်တာကွာ...
အတွေးနဲ့ အတူ တံခါးလေးအသာ ဟ ကြည့်မိတော့ ဘယ်သူ မှ ရှိမနေတာမို့ နည်းနည်း တော့စိတ်အေးသွားမိတယ်။
မမြင်သွားလောက်ဖူးထင်ပါရဲ့..။
အဲ့တာက အရေးမကြီးဘူး..။လဲ ဝတ်ဖို့ရော..သဘက်ရော ယူမလာ မိတာမို့ ခု သူ့မှာလဲစရာ ဘာမှပါမလာ..။
ဟာ..ကြိုင္ပဲ..။ဒီတိုင်းသာ ထွက်သွားရင်တော့..လူကြီးက ခုနက မမြင်လိုက်ရင်တောင်..အခုတော့ တည့်တည့် တိုးလောက်တယ်။
နောက်ဆုံး..စဉ်းစားလို့ရတာ တနည်းပဲ ရှိတော့တာမို့..လှမ်းသာအော်ရတော့တယ်။
"ဒိုက်ရေ..လူကြီးရေ..လူကြီးလို့
သူ့အသံ ကြားတော့ လူကြီးက ပြေးဝင်လာသည်။လူကြီး မျက်နှာက ပုံမှန်ပဲ မို့ သက်ပြင်းကြိတ်ချရသေးတယ်။
ဟူး..တော်ပါသေးရဲ့..မြင်သွားပုံမရဘူးပဲ။
"မြတ်သော..ဘာဖြစ်လို့လဲ..
ရေချိုးခန်း တံခါးကြားကနေ ခေါင်းပြူ ကြည့်နေတဲ့ မြတ်သောက
"ဟိုလေ..ကျွန်တော့်အခန်းထဲက သဘက်လေး ယူပေးပါလားဟင်..ကျွန်တော် မေ့ပြီး ရေလဲ ဝတ်ယူမလာမိလို့ပါခင့်မျာ့
"အာ..ခနနော်
လူကြီးက ပြောပြီးတာနဲ့ အပြေးအလွှား ထွက်သွားကာ ခနကြာတော့ သဘက်တထည်နဲ့ ပြန်ရောက်လာတယ်။
အမ်း...သေရော။သဘက်က တထည်ထဲ ရှိတာ..။
နောက်တခါ လူကြီးကို ထက်ခိုင်းရမှာလဲ အားနာတာမို့..ထိသဘက်ကိုပဲ ခါးမှာ ပက်ပြီး ထွက်လာရတော့တယ်။
ဖြူဝင်းနေတဲ့ အသားအရည်မှာ သွေးကြောစိမ်းလေးတွေ ယှက်ဖျာနေတာက အတိုင်းသား။ချပ်ရပ်နေတဲ့ ဗိုက်သားတို့က သေးသိမ်သိမ် ခါးလေးနဲ့ ပနံသင့်စွာ..။ရင်ဘက်က ညှပ်ရိုး ယေးယေးကို ကြည့်မိတော့..ရုတ်တရက် အာခေါင်တွေ ခြောက်လာသလိုသထွေးမျိုချလိုက်မိတာက ဒိုက်ရယ်ပါ။ခပ်မို့မို့ရင်သားထက်က ပန်းနုရောင် ချယ်ရီ လေး ၂ပွင့်က ပိတ်ဖြူပေါ်တင်ထားခံရတဲ့ ချယ်ရီ တွေလို ထင်းခနဲ လင်းခနဲ မို့ အလျင်အမြန် မျက်နှာ လွှဲ လိုက်ရတယ်။
တဖက်က မြတ်သော ခင်မျာလဲ..ယောကျာ်းချင်းပဲလို့တွေးပြီး ထွက်လာမိကာမှ..နောင်တရ ချင်သွားသည်။တသက်နဲ့ တကိုယ်သူများရှေ့ အဝတ်မပါပဲ မနေဖူးတာမို့ထင်.ပူထူပြီးရှက်ရွံ့လာတဲ့ စိတ်က တားမနိုင်စီးမရ။ရဲတွတ်နေတဲ့ အသားအရောင်က ရေချိုးလာလို့ပဲလား..ရှက်ရွံ့လာလို့ပဲလား..သူလဲမခွဲ ခြားတတ်တော့..။ရုတ်တရက်ကြီးနေရ ခက်လာတဲ့ အခြေအနေကြောင့်..ခက်မြန်မြန် အခန်းဆီ ရောက်ကာ ပြေးဝင်လိုက်ရတော့တယ်။
အားးးးးရှက်လိုက်တာ။နောက်ဆို သတိထားနေမှပါကွာ..။သူစိမ်းရှေ့ကြီးမှာ..။
YOU ARE READING
နှောင်တွယ်ရစ်ငင်
Romanceတခါက ကျွန်းလေးပေါ်မှာ..ဒုက္ခရောက်နေတဲ့ တိ လေးတွေကို ကောက်ကောက်မွေးစားတတ်တဲ့ ကြင်နာတတ်တဲ့ လူငယ်လေး တဥိးရှိသတဲ့..ဒါပေမဲ့..တနေ့မှာ သူကောက်ယူမွေးစားလိုက်တာ..လူသားတဦး ဖြစ်လာတဲ့ အခါ...။ .............................................. အတ္တကြီးတယ်လို့ဆိုဆို...