အပိုင်း ၁၇

538 63 1
                                    

"မင်းလေး..ခြေထောက်နာသွားတာလား...”

"အာ...ဟုတ်..ပြုတ်ကျတုန်းက ခေါက်သွားတာ ထင်တယ်..…”

ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာဆိုသလို..ခုနကထိ မိုးရိပ်မမြင်တဲ့ကောင်းကင်က မပြောမဆိုနဲ့ သည်းကြီးမဲ ကြီးရွာချတော့သည်...။

ဝေါ........ဖြောက်..ဖြောက်...။

"ကျွတ်...မိုးကလဲ တမှောက်ကွာ..
ဒါနဲ့..ဒီကျွင်းကြီးက ဘယ်သူ လာတူးသွားတာလဲ မသိဘူး..ကြည့်ရတာ..တိလေးတွေ ဖမ်းဖို့ထင်တယ်...ဟူး..ဒီတောထဲ တိရစ္ဆာန်အငယ်လေးတွေပဲ ရှိတာကို..ဒီလောက်နက်အောင်တူးဖို့ လိုလိုလား...အပေါ်ဘယ်လို ပြန်တတ်ကျမလဲဟင်...”

ကျွင်းက  ပေ၂၀ လောက် နက်ပြီး လူ​ငါးယောက်စာ မက်တပ်ရပ်ပြီး ကျောချင်းကပ်ထားနိုင်သလောက်သာ ကျယ်တာမို့ ...သူတို့ ၂ယောက်အတွက် ကျဥ်းလဲ မကျဥ်းသလို ကျယ်လှသည်လဲ မဟုတ်။မနီးမဝေးသာ နေလို့ ရတဲ့ အနေအထားကြောင့် တယောက် ကိုယ်သင်းနံ့တောင်တယောက်ရနေသယောင်ယောင်။ဒီကြားထဲ ၂ယောက်ထဲ ရှိနေတယ် ဆိုသည့်အသိကြောင့် မြတ်သော စိတ်ကမလုံမလဲ...။မလုံဆို ဝဲ ဘက်ရင်အုံက တဒုန်းဒုန်း အသံကြီးကို တဖက်လူကြီး မသိစေချင်ဘူးလေ။တော်သေးတာပေါ့...မိုးသံတွေနဲ့ဆိုတော့..သူကြားတော့မကြား ရလောက်ပါဘူးလေ..။

"အင်း..မင်းလေး ​ခြေထောက်ကောင်းရင် ကိုယ်ပင့်တင်ပေးလို့ရပေမဲ့ မင်းက ခြေထောက်နာနေတော့....”

"ရတယ်.. ကျွန်တော် လုပ်နိုင်ပါတယ်...ကျွန်တော့်ကို ပင့်သာ ပင့်ပေးပါ...”

"မဖြစ်ဖူး အပေါ်ရောက်ရင်လဲ နည်းနည်း ကုတ်တတ်မှ ဖြစ်မှာလေ...မင်းလေးခြေထောက်က ဒဏ်ရာကြီးနဲ့ ”

"ကဲပါလူကြီးရာ..ဒီတိုင်းနေလို့ ပြီးတာမှ မဟုတ်တာ..ကျွန်တော် ယောကျာ်းပါဗျ..တွန်းသာ တင်ပေး နော်..နော်”

ဒိုက်...သူ့ရှေ့က ယောကျာ်းဆိုသူ လေးကို ကြည့်ပြီး မျက်ခုံးသာ ပင့်မိတော့သည်။ဒါပေမဲ့
မြတ်သော ပြောတာ လဲ မ မှားတာမို့ နောက်ဆုံး သူ့ပခုံးပေါ် တတ် စေကာ တွန်း တင်ပေးရတော့သည်...။

မတင်ပေးလို့လဲမဖြစ်..မိုးကြောင့်ချမ်းနေတာလား ဒဏ်ရာ နာနေ၍လားမသိ မသိမသာ တုန်ယင်နေသည်ကို အတင်းဖုံးဖိနေတဲ့ယောကျာ်းပါ ဆိုသူလေးကြောင့် သူ လဲ တွင်းထဲက ထွက်ချင်လှပြီလေ။

နှောင်တွယ်ရစ်ငင် Donde viven las historias. Descúbrelo ahora