EP (43)

125 2 0
                                    

သောင်ပြင်ပေါ် အပြေးအလွှာ ရှာဖွေရင်း...မကြာမှီတွေ့လိုက်ရတဲ့ ပုံရိပ်လေးက...ကွပ်ပြစ်ပေါ်က ထပြီး..ဘန္ဂလိုထဲ ဝင်တော့မည့်ပုံပင်။

ထိုအချိန်မှာပင်..အပြေးလာနေတဲ့ သူ့ခြေသံကြောင့်လား..သူ့အကြည့်တွေကြောင့်လားမသိ...သူရွိရာကို လှမ်းကြည့်လာကာ..အထိတ်တလန့် ပုံစံ နဲ့ အခန်းထဲ အပြေးဝင်ဖို့ လုပ်တော့သည်...။

မြတ်သော လုပ်ရက်ကြောင့်.ာသူထိတ်ထိတ် ပြာပြာ နဲ့ ပိတ္လုလု တံခါးကို အတင်းဆွဲ လိုက်မိတော့...

"အားး "

လက္က နာကျင်မှု့က အမှန်တော့သူ့ကို အော်သည်အထိ မလုပ်နိုင်ပါချေ...။ ဒါပေမဲ့..သူခန့်မှန်းတာမှန်သွားသည်။သူ့အော်သံကြောင့်တံခါးအသဲ အသန် ပိတ်နေသည်..အကောင် ပေါက်လေးက ထိတ်လန့်သွားကာ..တံခါးအတင်းဆွဲ ပိတ်နေတဲ့ လက်အားကချက်ချင်းလျော့ ကြသွားလေ ပြီ..။

ထိုကေလး
သတိလျော့သွားတဲ့ အခွင့်အရေးကို အလျင်အမြန်ယူရင်းးးအခန်းထဲ အတင်းတိုးဝင်လိုက်ကာ..တံခါးလော့ချလိုက်တော့တယ်။

သူဝင်လာတာ တွေ့တာနဲ့...

မို့အစ်နေသည့် မျက်ဝန်းပိုင်ရှင်လေးဆီက တုန်ယင်နေသည် တိုးဖြဖြ လေသံလေးထွက်လာသည်။

"ဘာ..ဘာလို့လိုက်လာတာလဲ..."

နီရဲလာပြန်တဲ့ မျက်ဝန်းအိမ်တွေကို စူးစိုက်ကြည့်မိတော့ ဒိုက် မေန နိုင်စွာရှေ့တိုးလာမိတယ်။

"မ...မလာနဲ့ အဲ့မွာပဲ နေပါ.."

နောက်ကို ဆုတ်သွားနေရင်း...သူ့ကိုနှင်ထုတ်သည့်စကားတွေဆိုလာသူလေးကြောင့်..သူ သည်းမခံနိုင်တော့ပဲ အပြေးအလွှာ ပွေ့ဖက်လိုက်မိသည်..။တင်းကြပ်စွာ ပွေ့ဖက်ထားမိရရင်း..သူလေးရဲ့ လည်တိုင်တွေဆီ မျက်နှာ အပ်ထားလျက် မေးမိသည်။

"မနှင်ပါနဲ့.. ကိုယ့်ကိုအဲ့လို မရှောင်ဖယ်ပါနဲ့ ကြာ...ကိုယ်..ဆက်မထိန်းချုပ်နိုင်တော့ဘူး...ကိုယ့်ကို ပြောပါ...အခု ကျနေတဲ့ မျက်ရည်တွေက ကိုယ်ကြောင့် မှတ်လားဟင်။...ဟင်.."

သူအသာခေါင်းထောင်လိုက်ရင်း..မျက်လွှာချထားတဲ့ သူလေးရဲ့မေးကနေ မျက်နှာလေး ပင့်ယူကာစေ့စေ့ကြည့်ရင်းမေးလိုက်သည်။

နှောင်တွယ်ရစ်ငင် Where stories live. Discover now