49

83 1 0
                                    

"ဒါက တကယ်ပဲ မြတ်သော အတွက်လား

ဒိုက်က ဆံပင်လေးတွေ ကို ဖိသပ်ပေးလိုက်ရင်း ခေါင်းညိတ်ပြလိုက်သည်။

"ဒါပေါ့..ကိုယ်က ဒါတွေစိတ်ဝင်စားတဲ့ လူမှ မဟုတ်တာ....မင်းလေး ဓာတ်ပုံ သွားရိုက်တဲ့ နေ့က မင်းက ဒီလို ပန်းခင်းတွေ ရှုခင်းလေးတှေကို သဘောကျမှန်းသိလိုက်လို့လေ..အဲ့အချိန်ထဲက စ ပြင်ဆင်လိုက်တာ..တနေ့ မင်းကို ခေါ်လာနိုင်လိမ့်မယ်ဆိုပြီး မျှော်လင့်ရင်းနဲ့ပေါ့...
ဘယ်လိုလဲ သဘောကျရဲ့လား...။

သူ့စကားကို မြတ်သောက ပါးချိုင့်လေး တွေ ထင်းထွက်နေတဲ့အထိပြုံးပြလာရင်း...

"အွန်း....အရမ်းသဘောကျတယ်...

မြတ်သောက သူကို ပြုံးလျက်ပြန်ဆိုက်ကြည့် လာရင်း ခန အကြာ ရင်ခွင်ထဲ ထိုးဝှေ့ ဝင် ရောက်
လာ လေ သည်။

သူ...တင်းကြပ်စွာ ပြန်ပွေ့ဖက်လိုက်ရင်း..မေးလိုက်သည်။

" ကားပေါ်မှာတုန်းက ဘာလို့ မပျော်တဲ့ ပုံပေါက်နေရတာလဲ...
ကိုယ် ဒီနေ့ ကလေး ကို လန့်အောင်လုပ်မိသွားတာလားဟင်။"

တိုးဖွညင်သာ စွာ မေး
လာတဲ့ လူကြီးစကားကြောင့် သူမော့ကြည့်မိတော့
ပူပန်နေတဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့် နေတဲ့ လူကြီးကို တွေ့လိုက်ရ တယ်။

"နည်းနည်း စိတ်ရှုပ်သွားမိရုံပါ။
အကိုအဲ့လက်စ် ကို တွေ့တော့
လူကြီး က လူချမ်းသာ တယောက်လို့ သိလိုက်ပေမဲ့ ဒီလောက် ထိ တော့ ထင်မထားလိုက်မိဘူး။"

ဒိုက် သက်ပြင်းချလိုက်ရင်း မြတ်သော လက္ကေလးကို သူ့လက် ၂ဖက်နဲ့ စုစည်း အုပ် ကိုင် လိုက်တယ်။

"ကိုယ် ကလေး လန့်သွားလိမ့်မယ်လို့ တွက်ထားပြီးသားပါ....
ဒါပေမဲ့ ကိုယ် ကလေး
ကို ကိုယ်အကြောင်းတွေ အရာရာသိစေချင်တယ်.။ကလေးရဲ့ အကြောင်းတွေကိုလဲ အကုန်သိချင်မိတယ်။ကိုယ် မင်းနားမှာနေ ချင်လို့ တခန လိမ်ညာ ခဲ့ရ ပေမဲ့..အခုလို ကိုယ့်ဘဝထဲ ကို ကိုယ့်အိမ်ထဲကို ခေါ်လာနိုင်မဲ့နေ့ကို မျှော်နေခဲ့ရတာပါ.....အခု ကိုယ်တို့ ပွင့်လင်းခဲ့ ပြီးပြီပဲ...ကိုယ် ထပ်မစောင့် နိုင်တော့ဘူးထင်တယ်"

နှောင်တွယ်ရစ်ငင် Where stories live. Discover now