အပိုင်း ၄၇

221 19 4
                                    

အသာအယာ လူးလွန့်ပြီးနိုးလာချိန် ခန္တာကိုယ် က မအီမသာ ခံစားချက်ကြောင့် မြတ်သော မပွင့်ချင်သေးတဲ့ မျက်စိကိုပြုးပြဲ ဖွင့်ကြည့်မိသည်။မျက်စိ ပွင့်ပွင့်ချင်း မြင်လိုက်ရသည်က ပြုံး၍ ကြည့်နေသော မျက်ဝန်းတစုံပဲ...။နီးကပ်နေတဲ့ မျက်နှာ၂ခုရဲ့ နီးစပ်မှု့ကို ကြောင့် အ စွာ ကြည့်မိရင်း မနေ့ညက မှတ်ဉာဏ်တွေ ရှင်းရှင်းလင်းလင်းပြန်မှတ်မိ လာရကာ...မျက်နှာလေး နီ ရဲ သွားတော့တယ်။

သူ့ရဲ့ ပြောင်းလဲ သွားတဲ့ အမှုအရာတိုင်းကိုကြည့်ရင်း ဒိုက်က သဘောတကျ ရယ်လိုက်မိတယ်။

"ရှက်လို့ မျက်နှာ ဘယ်ထားရမှန်းမသိရင် ဒီမှာ ထားရတယ် ငတုံးလေးရဲ့... "

ပြောပြောဆိုဆိုနဲ့ စတော်ဘယ်ရီ ပေါက်စလေး ရဲ့ခေါင်းကို ပွေ့ ယူလိုက်ရင်း သူ့ရင်ခွင် ထဲ ထည့်ထားလိုက်တယ်။

"ကလေးလေး...ဘာစားချင်လဲ...နာနေသေးလားဟင်.."

ညက သူ စိတ်လွတ်သွားထဲက သူဘယ်လောက်ကြမ်းတမ်းခဲ့မိလဲ ပြန်တွေးမိတော့ အပြစ်မကင်းတဲ့ စီတ်တို့က အပြည့်အဝ နေရာယူလာတယ် ။

"မြတ်သော..စားချင်စိတ်မရှိလို့..ဆန်ပြုတ်ပဲ သောက်လိုက်တော့မယ်..."

"အွန်း...အတော်ပဲ ကိုယ် ပင်လယ်စာ ဆန်ပြုတ် ပြင်ခိုင်းထားပြီးသား..မျက်နှာသစ်ဖို့ ကိုယ်ခေါ်သွားပေးမယ်နော်..."

အဲလစ်ဆီ ဖုန်းခေါ်လိုက်ပြီး..ဆန်ပြုတ် နဲ့ အဝတ်တွေ ယူလာဖို့ မှာကြားလိုက်ပြီး
မြတ်သောကို ပွေ့ချီကာ ရေချိုးခန်း ထဲ ခေါ်သွားဖို့ ပြင်လိုက်တယ်။

အိပ်ရာပေါ်က အပွေ့ စောင်ကို ခွာမိတော့..ပိုးတုံးလုံးလေးက စောင်ကို အတင်း ပြန်ဆွဲ ရင်း တိုးတိုးလေးပြောရှာသည်။

"အဝတ်တွေ မရှိဘူးလို့...."

"ဟားးးဟားးး ကိုယ် မ​မြင်ဘူးတာမှ မရှိတာကွာ...ပြီးတော့...စောစောစီးစီး အလှအပတွေကို ခံစားပေးရတယ်..အဲ့တာမှ တနေကုန် စိတ်ကြည်လင် လန်းဆန်းတာတဲ့... ဟင်..မသိဘူးလား.."

သူ စ တော့..ရင်ခွင်ထဲ ပိုပိုတိုးဝင်လာရင်း...

"ဟင့်အင်...မလှတော့ဘူး...အနီမှတ်တွေနဲ့ ရုပ်ဆိုးနေတယ် မကြည့်နဲ့..."

နှောင်တွယ်ရစ်ငင် Opowieści tętniące życiem. Odkryj je teraz