အပိုင်း 🚨၄၅ 🚨

268 13 0
                                    

အကျီ လက်စ ကို လက်ချောင်း ထိပ်လေးတွေ နဲ့ လာဆွဲ နေသူလေးကြောင့် သူ့ခြေလှမ်းတွေ တုန့်ခနဲ ရပ်လိုက်မိကာ လှည့်ကြည့်တော့..
စတော်ဘယ်ရီ ရောင် မျက်နှာလေးနဲ့ ကလေးက မဝံ့မရဲ အကြည့်လေးနဲ့ မော့ကြည့်လာသည်။

"ဘာဖြစ်လို့လဲ ကလေး...။”

သူ့အမေးကို ပြန်ဖြေ မလာပဲ..ခနမှ စိုက်ကြည့်ရင်း သူ့အကျီ လည်ပင်း စကို ဆွဲ ချကာ ဖျက်ခနဲ  နမ်းရှိုက်လာသူလေးက မြတ်သော ရယ်ပါ။

ကျွတ်..ဒီကလေးက မီးပုံထဲ လောင်စာ လာထည့်နေတာပဲ..။

အသက်ကို ဝ အောင် ရှု သွင်းလိုက်ရင်း...ရှက်ရမ်းရမ်းရင်း ဟိုကြည့်ဒီကြည့်လုပ် နေသူလေး ရဲ့ မျက်နှာကို သူ့ဆီ တည့်တည့် ကြည့်စေလိုက်ရင်း...အက်ကွဲနေတဲ့ အသံနဲ့ တိုးတိုးလေး မေးလိုက်သည်။

"ကိုယ့်ကို ခွင့်ပြု တယ်လို့ ဆိုလိုတာလား...ဟင်.....”

နှုတ်ခမ်း လေး ဖွဖွ ကိုက်ထားရင်း..အသာအယာခေါင်းညိတ် ပြ
လာသူလေးကြောင့်...သူ့မှာ ခနတော့ အသက်ရှုဖို့တောင် မေ့ပြီး တောင့်ခဲသွားမိတယ်။

ဒါဘယ်လို ကံကောင်းမှု့မျိုးလဲ။

သူ စိတ်ငြိမ်အောင် အသက်ပြင်းပြင်း ရှုဖို့ အချိန်ယူနေတာနဲ့..ဘာမှ မလှုပ်ရှားတော့တာမို့...နောက်ဆုံးတော့ ရှက်နေတဲ့အကောင်ပေါက်လေးက စူးစမ်းဟန်နဲ့ ပြန်
မော့ကြည့်လာသည်။

ထိုအခါမှ သတိပြန်ဝင်လာရကာ...ခုနက အနမ်းသူခိုးလုပ်သွားတဲ့ နှုတ်ခမ်းလေးဆီ ရန်ရှာရတော့သည်။ အနမ်းတို့က ကြာရှည်လာသည်နဲ့ အမျှ ၂ဦးစလုံးရဲ့ ခန္တာကိုယ်တွေဟာ ပူနွေး လာလေ ပြီ။မတွေ့မကြုံ ဖူးတဲ့ ပေါက်စနလေးကသူ့ဆီက အတုခိုးပြီး သူ့နှုတ်ခမ်းတွေ အား တတိတိ ကိုက်လာသည်မို့...သူ့နှလုံးသားထဲမှာ ကြောင်ငယ်လေး တကောက် ကုတ်ခြစ်ခံနေရသလို ယားယံလာတော့တယ်။မမျှတ တဲ့ ခွန်အားကြောင့် သူ့ကလေးကို နာကျင်အောင် လုပ်မိမှာကြောက်သလို...တဖက်မှာလဲ..သူ့အနမ်းကြောင့် မောဟိုက်ရီဝေနေတာ မြင်ရတော့...ပိုပြီး..မောဟိုက်ရီဝေနေစေချင်သည်။အဲ့ဒိ ဝဲနေတဲ့ မျက်ရည်တွေကို သူအရမ်းသဘောကျတယ်..။ဒီထက်ပိုပြီးတောင်...ကျစေချင်သေးတယ်။
နောက်ဆုံးတော့
ဇဝေဇဝါ ...ဖြစ်နေတဲ့အတွေးတွေကို သူဆက်မတွေးနိုင်တော့ပြီ။
။သေးသွယ်သွယ်အကောင် ပေါက်လေးကို လက်တဖက်ထဲနဲ့ ကလေးချီသလို ပွေ့ချီလိုက်ရင်း.. အနမ်းစတိူ့ မပျက်စေပဲ ကုတင်ပေါ်တင်ပေးလိုက်သည်။

နှောင်တွယ်ရစ်ငင် Tahanan ng mga kuwento. Tumuklas ngayon