"ဟင်...ကိုနေယံ
ဒီနေ့ကရှူတင် စစ ချင်းနေ့မို့ မြတ်သောနဲ့ သစ္စာတို့ ရှူတင်သို့ စောစောလာကာ ပြင်ဆင်နေတာပင်။အဝတ်လဲခန်းကနေ ထွက်ထွက် လာချင်း ဓာတ်ပုံ ဆရာ နေရာ မှာ မြင်လိုက်ရတာက ဦးဘုန်းမြတ်နေယံ...။မြတ်သော က တအံ့တသြ အသံလေးပြုမိတော့ သတိလက်လွတ် ငေးနေပုံရတဲ့ နေယံလဲ သတိပြန်ဝင်လာသည်။
"အာ....မြတ်သော..ဒီပုံစံနဲ့ တော်တော်လိုက်ဖက်တာပဲ..
တကယ်တော့..နေယံ ညထဲက ရင်ခုန်နေတာကြောင့် အလုပ်ကို အစောကြီးရောက်နှင့်နေ
ခဲ့သည်။လက်ထောက်စီက မြတ်သောတို့ ရောက်လာပြီး ပြင်ဆင်နေကြပြီ လို့ ကြားထဲက သူ အပြေးအလွှာ ရောက်လာကာ စိတ်လှုပ်ရှားစွာနဲ့..အဝတ်လဲ ခန်း တံခါးကို မမှိတ်မသုန်စောင့်ကြည့်နေမိတာ အတန်ငယ်ကြာပြီပင်။ဒီနေ့ ရိုးရှင်းသည့်ပုံစံက စရိုက်မည်ဟု ပြောထားတာမို့ မြတ်သောက ရိုးရိုးရှင်းရှင်း အဖြူရောင် ဂါဝန်လေးသာ ဝတ်ဆင်ထားကာ..ဆံပင်အတုကလဲ ကပို့ကရို့ပုံဆံ နဲ့ ထုံးဖွဲ့ထားတယ်။သဘာဝကျကျ မိတ်ကပ် look မို့ မျက်နှာမှာ ဘာရောင်မှမထင်သလောက် သာလိမ်းချယ်ထားပေမဲ့..သူ့ရဲ့ ဖြူစင်စင်အသားအရည်နဲ့ လိုက်ဖက်လွန်းနေတာမို့...သူငေးမောနေမိတာ..မြတ်သော အသံကြားမှ မနည်းသတိပြန်ကပ်လိုက်ရတယ်။
"ဟို...ဒါနဲ့ ကိုနေယံက ကင်မရာ ကြီး ကိုင်ရပ်နေတော့... မြတ်သော
ရုတ်တရပ်ကြောင်တောင်သွားတယ်...ကိုနေယံ ရိုက်တော့ မှာ ထင်လို့ ”မြတ်သော စကားကြောင့်...နေယံ မျက်နှာထက်မှာ အပြုံးတပွင့် ဖြစ်ပေါ်လာရင်း...
"အွန်း...ကိုယ်ရိုက်ပေးမှာလေ... ”
"ဗျာ..”
သူ့စကားကြောင့် မျက်လုံးလေးတွေ အဝိုင်းသား ဖြစ်သွားသူလေးအား ကြည့်ပြီး..နေယံ အသံမထွက်ပဲ ရယ်မိတော့သည်။
အားးကွာ...ချစ်စရာလေး..။
တကယ်ပါပဲ..ဒီကောင်လေးရဲ့ အပြုအမှုလေးတိုင်းဟာ မြတ်နိုးစရာ အတိပါပဲလား..။"မပူပါနဲ့ကွာ...စိတ်ချပါ..ကိုယ့်ကိုယုံလိုက်..ကိုယ်က ၂နှစ်ဇက်တိုက်ဆုရဖူးတဲ့ ဓာတ်ပုံဆရာပါနော်
မင်းပုံတွေ မလှရင် ကြိုက်သလိုပြော...ဟုတ်ပြီလား..”
VOUS LISEZ
နှောင်တွယ်ရစ်ငင်
Roman d'amourတခါက ကျွန်းလေးပေါ်မှာ..ဒုက္ခရောက်နေတဲ့ တိ လေးတွေကို ကောက်ကောက်မွေးစားတတ်တဲ့ ကြင်နာတတ်တဲ့ လူငယ်လေး တဥိးရှိသတဲ့..ဒါပေမဲ့..တနေ့မှာ သူကောက်ယူမွေးစားလိုက်တာ..လူသားတဦး ဖြစ်လာတဲ့ အခါ...။ .............................................. အတ္တကြီးတယ်လို့ဆိုဆို...