အပိုင်း ၄၃

244 14 5
                                    

သောင်ပြင်ပေါ် အပြေးအလွှာ ရှာဖွေရင်း...မကြာမှီတွေ့လိုက်ရတဲ့ ပုံရိပ်လေးက...ကွပ်ပြစ်ပေါ်က ထပြီး..ဘန်ဂလိုထဲ ဝင်တော့မည့်ပုံပင်။

ထိုအချိန်မှာပင်..အပြေးလာနေတဲ့ သူ့ခြေသံကြောင့်လား..သူ့အကြည့်တွေကြောင့်လားမသိ...သူရှိရာကို လှမ်းကြည့်လာကာ..အထိတ်တလန့် ပုံစံ နဲ့ အခန်းထဲ အပြေးဝင်ဖို့ လုပ်တော့သည်...။

မြတ်သော လုပ်ရက်ကြောင့်.ာသူထိတ်ထိတ် ပြာပြာ နဲ့ ပိတ်လုလု တံခါးကို အတင်းဆွဲ လိုက်မိတော့...

"အားး "

လက်က နာကျင်မှု့က အမှန်တော့သူ့ကို အော်သည်အထိ မလုပ်နိုင်ပါချေ...။ ဒါပေမဲ့..သူခန့်မှန်းတာမှန်သွားသည်။သူ့အော်သံကြောင့်တံခါးအသဲ အသန် ပိတ်နေသည်..အကောင် ပေါက်လေးက ထိတ်လန့်သွားကာ..တံခါးအတင်းဆွဲ ပိတ်နေတဲ့ လက်အားကချက်ချင်းလျော့ ကြသွားလေ ပြီ..။

ထိုကလေး
သတိလျော့သွားတဲ့ အခွင့်အ​ေရးကို အလျင်အမြန်ယူရင်းးးအခန်းထဲ အတင်းတိုးဝင်လိုက်ကာ..တံခါးလော့ချလိုက်တော့တယ်။

သူဝင်လာတာ တွေ့တာနဲ့...

မို့အစ်နေသည့် မျက်ဝန်းပိုင်ရှင်လေးဆီက တုန်ယင်နေသည် တိုးဖွဖွ လေသံလေးထွက်လာသည်။

"ဘာ..ဘာလို့လိုက်လာတာလဲ..."

နီရဲလာပြန်တဲ့ မျက်ဝန်းအိမ်တွေကို စူးစိုက်ကြည့်မိတော့ ဒိုက် မနေ နိုင်စွာရှေ့တိုးလာမိတယ်။

"မ...မလာနဲ့ အဲ့မှာပဲ နေပါ.."

နောက်ကို ဆုတ်သွားနေရင်း...သူ့ကိုနှင်ထုတ်သည့်စကားတွေဆိုလာသူလေးကြောင့်..သူ သည်းမခံနိုင်တော့ပဲ အပြေးအလွှာ ပွေ့ဖက်လိုက်မိသည်..။တင်းကြပ်စွာ ပွေ့ဖက်ထားမိရရင်း..သူလေးရဲ့ လည်တိုင်တွေဆီ မျက်နှာ အပ်ထားလျက် မေးမိသည်။

"မနှင်ပါနဲ့.. ကိုယ့်ကိုအဲ့လို မရှောင်ဖယ်ပါနဲ့ ကွာ...ကိုယ်..ဆက်မထိန်းချုပ်နိုင်တော့ဘူး...ကိုယ့်ကို ပြောပါ...အခု ကျနေတဲ့ မျက်ရည်တွေက ကိုယ်ကြောင့် မှတ်လားဟင်။...ဟင်.."

သူအသာခေါင်းထောင်လိုက်ရင်း..မျက်လွှာချ ခေါင်းငုံ့နေ
သူလေးကို မေး ကနေ ပင့်ယူ လိုက်ရင်း...သူ့ကို ကြည့်စေလိုက်တယ်။

နှောင်တွယ်ရစ်ငင် Where stories live. Discover now