အပိုင်း ၂၇

415 37 4
                                    

"အာ..အကို စောင့်ရတာ ကြာသွားတယ် ဆောရီးပါဗျာ ဒိုက်က ဂျီတိုက်နေလို့ ကျွန်တော်သိပ်နေရလို့ပါ”

ကြားရသမျှ မယုံနိုင်စွာနဲ့...ရှေ့က ဖြူသွယ်သွယ် ကောင်လေးကို လှမ်းမေးလိုက်မိတယ်။

"ဟို..သူက အတိတ်မေ့နေရုံတင်မဟုတ်ဖူးလား”

"မဟုတ်ဖူးဗျာ့..ဆရာဝန်ကတော့ အာရုံကြောတခုခု ယောင်ယမ်းတာကြောင့်ဖြစ်နိုင်တယ်လို့ပြောတယ်..ကျွန်တော်တို့ ဓာတ်မှန်ကို နိုင်ငံခြား ပို့ထားပါတယ်..အခြေအနေတော့ အကြောင်းမပြန်လာသေးဘူး..ဒါပေမဲ့ သိပ်တော့စိတ်မပူပါနဲ့..ဒါက ယာယီလို့ပြောပါတယ်..မကြာခင်သတိပြန်လည်လာမှာပါတဲ့..”

"ဒါဆို..ကျွန်တော် မြန်မြန်ပြန်ခေါ်သွားချင်ပါတယ်..ပြီးတော့ ဒီတခါ ဆေးရုံ ထပ်တတ်လိုက်ရ​သေးတယ်ဆိုတော့..။”

ပြန်ခေါ်သွားတော့မယ်လို့ ကြားလိုက်ရတဲ့အချိန်
ရင်ထဲက လှိူက်တတ်လာတဲ့ ခံစားချက်ရေးရေးလေးကြောင့် မြတ်သော မျက်ဝန်းထဲ စိုစွတ်လာတယ်။ကျလုလုမျက်ရည်ကို တဖက်လူမမြင်အောင်
မျက်တောင်ခတ်ရင်း မနည်းပြန်သိမ်းလိုက်ရသည်။

ဘာလို့လဲ... သူအထီးကျန်နေခဲ့တာ ကြာပြီမို့ အကိုဒိုက်အပေါ် တွယ်တာမိသွားတာများလား..။တချိန်ပြန်လွှတ်လိုက်ရမယ် ဆိုတာ ကြိုသိ နေခဲ့ပြီးသားပဲလေ။ ဘာလို့များ ဝမ်းနည်းနေမိပါလိမ့်။

"ဟို...ခန...ကျွန်တော် အကိုဒိုက်ကို ဆေးရုံ ပြပေးနိုင်ပါတယ်..ဒါပေမဲ့...ဒီက အကိုနဲ့ ထည့်ပေးလိုက်ဖို့ကတော့ မဖြစ်နိုင်ဘူး..အကိုဒိုက်က ဒဏ်ရာတွေနဲ့ ရေထဲမြောပါလာတာ..မတော်လို့ အကိုက သူ့ကို ဒုက္ခပေးလိုက်တဲ့လူ ဖြစ်နေရင် ဘယ်လို လုပ်မလဲ ”

"Boss ကို အန္တရာယ် ပြုမဲ့လူ မဟုတ်ကြောင်း ကျွန်တော့် မှာသက်သေတွေအများကြီးရှိပါတယ်ဗျာ...ဟူးးးး...ကောင်းပြီလေး ညီလေးရဲ့ စေတနာကို နားလည်ပါတယ်..ဒါဆို..ဒီလိုလုပ်ပေးနိုင်မလား..Boss ကို ပြဖို့ နာမည်ကြီး ဆရာဝန် ခေါ်ခေါ်လာခဲ့ပါ့မယ်...ဒီလောက်တော့ ခွင့်ပြုမယ်မှတ်လား”

တဖက်က ကမ်းလှမ်းချက်ကြောင့် မြတ်သော လဲ ကျေနပ်စွာနဲ့ ခေါင်းငြိမ့်ပြလိုက်သည်။

နှောင်တွယ်ရစ်ငင် Tahanan ng mga kuwento. Tumuklas ngayon