အပိုင်း ၄၂

205 13 1
                                    

မတ္တရာ ကမ်းခြေ,
Sky Line Hotel Area,ဘန်ဂလို နံပက်..9(B)

ရောက်နေတာ သုံးနာရီလောက် ကြာနေပြီ ပေမဲ့...မဲမှောင်နေတဲ့ ပင်လယ် ကို ထွေထွေကြီးငေးနေသူလေးကတော့...မျက်ရည်ခုထိ မတိတ်ရှာသေးတာမို့...ခိုင်မြဲသစ္စာသက်ပြင်းကြိတ်ချ မိသည်။တကယ်ဆို ဒီနေ့အလုပ်ပြီးတာနဲ့...တိတ်တခိုး ​ချစ်ရသူလေးဆီ...အပြေးအလွှာ လာခဲ့ပေမဲ့..မြင်လိုက်ရတာက...တပါးသူကြောင့် ခံစားနေရတဲ့ ချစ်ရသူကိုတဲ့လား...။
ကံတရားရေ...ဘယ်လိုများ လှည့်စားရက်သလဲ။

ညီမ ဖြစ်သူပြောကတဲက
စိတ်ထင့်နေရတာမို့ အလျင်အမြန် အလုပ်တွေ လတ်စသတ်ပြီး ပြန်လာခဲ့ပေမဲ့...မြတ်သော ရဲ့ မျက်ရည် တွေ မြင်လိုက်ရထဲက သူနောက်ကျ နှင့်နေခဲ့ပြီဆိုတာ..ခိုင်မြဲ သိလိုက်ပါသည်။

တလမ်းလုံး ကြိတ်ကာ ရှိုက်ငိုလာတဲ့ ကောင်ငယ်လေးက အငိုတိတ်လုပြီ ဆိုပေမဲ့ လဲ  တခါ တလေ ကြိတ်ကြိတ်ရှိုက်နေတုန်းပါပင်။အစတုန်းကထက်စာလျှင် အနည်းငယ်စိတ်ငြိမ်သွားပုံ ရသေးလို့...တော်ပါသေးတယ်။

တပါးသူအတွက် မျက်ရည်ကြနေတဲ့ ချစ်ရသူကို...နှစ်သိမ့်ချင်လို့တောင်..ထွေးပိုက်ခွင့် မရှိတာမို့..
သူလဲ ထပ်တူ ရင်နာ နေရတာပါပဲ...။

ရှေ့ ကွပ်ပစ်မှာ ထိုင်နေတဲ့ မြတ်သော ဆီကို အသာလေး ထသွားလိုက်ရင်းး

"မြတ်သော...ကလေး..ညစာလဲ..မစားရသေးဘူး မှတ်လား...တိတ်ပါတော့နော်...မောလှရောပေါ့...အကို ခနအပြင်ထွက်ပြီး..ငယ်လေးဖို့..ညစာနဲ့ အဝတ်အစားသွားစီစဥ်လိုက်ဦးမယ်နော်.."

သူ့စကားကိူ မြတ်သောက မော့ပင်ကြည့်မလာပဲ..အသာ အယာ ခေါင်းတချက် ငြိမ့်ပြလာသည်။

မြတ်သောကြည့်ရတာ..တယောက်ထဲ ခနနေဖို့ လိုအပ်နေပုံ ရတာမို့...သူ ခနလောက် ရှောင်ပေးဖိူ့ အကြောင်းပြ ကာထွက်လာလိုက်သည်။

ဘန်ဂလို  ကားရပ် နားဝန်းရောက်ရောက်ချင်းမှာပင်..ကားဝန်းထဲ မော်ဒယ်မြင့်ကားတစီး ဝုန်းဒိုင်းကြဲ ဝင်ရောက်လာကာ...သူ့ဘေးတွင် ရပ်တန်သွား​လေသည်။

တဆက်ထဲ မှာပဲ ကားထဲက လူ ထွက်လာကာ..သူ့လည်ပင်းကော်လံ အား အားနဲ့ ဆောင့်ဆွဲ လာရင်း...

နှောင်တွယ်ရစ်ငင် Where stories live. Discover now