ဒိုက်...ကျွင်းပေါ် ရောက်ရောက်ချင်း အပေါ်ပိုင်း ဗလာနဲ့ လှဲလျောင်း နေသူကြောင့်...စိုးရိမ်စိတ်တို့က တနင့်တပိုး...။
အပြေးအလွှာ သွားထူရင်း..နာမည်ခေါ် ကြည့်တော့ မရမကဖွင့်ထားရဟန်တူတဲ့ မျက်ဝန်းတွေနဲ့ ကောင်လေးက ခပ်ယဲ့ယဲ့ ပြုံးပြရှာတယ်။သဘောက သူအဆင်ပြေပါတယ်ပေါ့..။
ကျွတ်...ဒီကောင်လေးကွာ..။
ဒီလောက်ဖြစ်နေတာတောင်..သူတပါးအတွက် ငဲ့ညှာပေးနေသူလေးကြောင့် ဒိုက် ရင်ထဲ မပြောပြတတ်တဲ့ ခံစားမှု့တွေနဲ့ မချင့်မရဲ..။
အိမ်ပြန်ပြေးဖို့ ပွေ့လိုက်မိတော့..သေးသွယ်ပြေပြစ်လွန်းတဲ့ ဖြူလွှလွှကိုယ်လုံးလေးက လက်ထဲ ဆွေ့ခနဲ။မိုးက ကြာလေ သည်း လေမို့ အမြန်ပြန်ချင်နေတာသာ သိတာ..ပြန်မဲ့ လမ်းကျတော့ စဉ်းစားလို့ က မရ။သိသူက လဲ သတိမေ့နေတာမို့..သူ့ဘာသာပဲ လမ်းရှာဖို့ လုပ်ရတော့သည်။
လမ်းမတွေ့ရင်တောင်...မိုးခို စကာ တနေရာရာရှာတွေ့ တန်ကောင်းပါရဲ့ ။
လာခဲ့တဲ့ လမ်းလို့ထင်ရတဲ့ဘက်ကိုလျှောက်လာရင်း မှတ်မိသလိုလို ရှိလာတာမို့ ဒိုက်အားတတ်သွားမိသည်။သူထင်တဲ့ အတိုင်း ရွာ လမ်းမဆီ ပြန်ရောက်လာသည့်အခါ မှ စိတ်အေးနိုင်တော့တယ်။လမ်းမှန်ပြီဆိုတာသိတာနဲ့ တချိုးထဲ ပြေးရတေယ့တာ..အိမ်ရောက်သည်အထိ တချက်မှ မနားရဲ။တဝုန်းဝုန်းနဲ့ ရွာနေတဲ့ မိုးနှင့်အပြိုင် လက်ထဲက ကြိုးကြာဖြူလေးခမျာလဲ တုန်ခိုက်နေလေပြီ။
အိမ်ထဲ ရောက်ရောက်ချင်း ကိုယ့်အဝတ် ကိုယ်မလဲ အားသေးဘဲ..မြတ်သော ကို ကုတင်ပေါ် ချပေးလိုက်ပြီး အဝတ်အစားအသစ်တစုံနဲ့ သဘက် ပြေးယူ ရတယ်။ချမ်းလွန်းရော့ထင့်..တဆက်ဆက်တုန်ခါနေတဲ့ ကိုယ်လေးကို အသာပွေ့ချီပြီး ရေ သုတ်ပေးတော့..ရုတ်တရက် ညည်းသံတချက်ပြုရင်း ခါးကို တင်းတင်းဖက်ခံ လိုက်ရတာ မို့ ဒိုက် တောင့်တင်းသွားပြီး အသက်ပင့်အောင့်လိုက်မိသည်။
ကဆုန်ပေါက်နေတဲ့ ရင်ခုန်သံနဲ့အတူ ငုံ ကြည့်မိကာမှ လူးလဲ ထလာပြီး ရင်ခွင်ထဲ ပါ တိုးဝင်လာသူကြောင့် ဒိုက်မျက်နှာတခုလုံးရေနွေးပူနဲ့ ပက်ခံလိုက်ရသယောင် နွေးခနဲ။
ဘာ...ငါဘာတွေ ဖြစ် နေတာလဲ။
အတွေးနဲ့အတူ တံတွေးမျိုချမိတော့ သူ့သတွေးမျိုချလိုက်သံက ပဲ ကျယ်လောင်နေသလိုခံစားလိုက်ရသည်။ ရင်ခွင်ထဲ ကကောင်လေး များ ကြားပြီး နိုးသွားမလားလို့ စိုးရိမ်စွာ ငုံ့ကြည့်မိတော့
ဟက်..ငါတော့...ရူးနေပြီပဲ..တံတွေးမျိုချသံကြောင့် လူတယောက်နိုးသွားနိုင်လို့လား။
ပွေ့ပိုက်ထားရတဲ့ ရေခဲတုံးလေးက အေးဆက်စွာနဲ့ တဆက်ဆက်တုန်ယင်နေတာမို့ အတွေးစတို့ ကို ဖြတ်ကာ ရေစသုတ်ပေးရတော့တယ်။
ဖြူသွယ်သွယ်ကိုယ်လုံးလေးနဲ့လိုက်ဖက်စွာ..ခါးကျဉ်းကျဉ်းလေးဆီကိုအရောက်...ဒိုက်ရဲ့လက်တွေ ခနတော့ ရပ်တန့်လိုက်မိသည်။အကြောင်းပြချက်မသိရဘဲ ဘာရယ်မဟုတ် ချပ်ကပ်နေတဲ့ မြတ်သော ရဲ့ ဗိုက်ဆီကို စိုက်ကြည့်နေလိုက်မိတာ တမေ့တမော...။
ရုတ်တရက် တကိုယ်လုံးကသွေးတွေပြောင်းပြန်စီးဆင်းသွားသလို ရှိန်းခနဲ ခံစား မိလိုက်မှ သတိပြန်ဝင်လာမိသည်။
ကျွတ်.. ငါဘာဖြစ်နေတာလဲ။
သူသာနောက်တခါပေါက်ကရအတွေးတွေ အကြာကြီးထပ်တွေးမိနေရင်မြတ်သောတကယ်အအေးပက်တော့မှာမို့ အကျီအမြန် ဝတ်ပေးလိုက်ရသည်။
ဘောင်း...ဘောင်းဘီကျတော့...?
စိုရွှဲနေတဲ့ မြတ်သောရဲ့ဘောင်းဘီကို ကြည့်ရင်း ဒိုက်ခင်မျာ..ခေါင်းတကုတ်ကုတ်။ သို့ပေမဲ့ အကြာကြီးလဲ မတွေးလိုက်နိုင်အားပါ။
ဒီလိုနဲ့ အအေးပက်သွားဦးမယ်။ဘာဖြစ်လဲ ယောကျာ်းချင်းပဲဟာ..။ဒါကျန်းမာရေးအတွက်ပဲဟ။ဟူး..အများကြီးလျှောက်တွေးမနေတော့ပါဘူးလေ။
ကိုယ့်ဘာသာ နှစ်သိမ့်လိုက်ရင်း ရေ
စိုနေတဲ့ ဂျင်းဘောင်းဘီ ကို ဆွဲ ချွတ်လိုက်ရင်း အမှတ်တမဲ့ အသက်အောင့်ထားလိုက်မိတယ်။ဘောင်းဘီချွတ်နေရင်း..တဖြေးဖြေးနဲ့ပေါ်လာတဲ့ ပေါင်တန်သွယ်သွယ်နဲ့ အမွှေးအမျှင် ကင်းတဲ့ ခြေတံ သေးသေးလေး တွေကြောင့် ခြေဖဝါးနားရောက်နေတဲ့ ဘောင်းဘီကို ဆက်မချွတ်ပဲ ရပ်လိုက်မိတော့တယ်။
ဒါ..ဒါက..သူကမိန်းကလေးကြီးလား..။ငါ..ငါတို့ စတွေ့တုန်းက သူပြောတော့ သူက ယောကျာ်းလေးဆို ။ဟုတ်..ဟုတ် ကောဟုတ်လို့လား။ငါအဲ့နေ့က အဝတ်လဲတာ တွေ့သွားလို့ အရှက်ပြေလျှောက်ပြောတာလား။ဒါ..ဒါမှမဟုတ်
TOMBOY များလား..။အတွေးကယောက်ကယက်နဲ့အတူ မျက်စိတို့က ခါးအောက်ပိုင်းတနေရာဆီ မဝံ့မရဲ ။အမျိုးသားဝတ်အတွင်းခံ နဲ့ အတူ ရှိနေတဲ့ မို့ဖောင်းဖောင်းအရာတခုကို မြင်မှ အသက်ရဲရဲ ပြန်ရှူရဲတော့တယ်။
တော်ပါသေးတယ်..။သူက တကယ်ယောကျာ်းပါ။
YOU ARE READING
နှောင်တွယ်ရစ်ငင်
Romanceတခါက ကျွန်းလေးပေါ်မှာ..ဒုက္ခရောက်နေတဲ့ တိ လေးတွေကို ကောက်ကောက်မွေးစားတတ်တဲ့ ကြင်နာတတ်တဲ့ လူငယ်လေး တဥိးရှိသတဲ့..ဒါပေမဲ့..တနေ့မှာ သူကောက်ယူမွေးစားလိုက်တာ..လူသားတဦး ဖြစ်လာတဲ့ အခါ...။ .............................................. အတ္တကြီးတယ်လို့ဆိုဆို...