"ဒါမဲ့.... လူကြီးရဲ့ နှစ်ရှည်လများချစ်ခဲ့ရတဲ့လူဆိုတာကရော.."
"အဲ့တာက..ကိုယ်ဘက်ကတဖက်သတ်...ချစ်တယ်လို့ ထင်ခဲ့မိတာပါ...ကိုယ်ဘဝမှာ..ဘယ်သူကမှ ကိုယ့်အပေါ် မကောင်းပေးခဲ့ဖူးဘူး..အဲ့တာကြောင့်..ကိုယ့်အပေါ် ကောင်းပေးဖူးတဲ့ လူတယောက်ကို လိုချင်ခဲ့မိဖူးတယ်...အဲ့အတွက် သူ့ကိုအပိုင်ရဖို့အရေး သူ့အပေါ်မှာ မလုပ်သင့်တဲ့လုပ်ရပ် တခုကိုတောင်...လုပ်ဖို့ ကြိုးစားခဲ့ဖူးတယ်..ပြီးတော့ ကိုယ် မင်းနဲ့တွေ့တော့ မှ နားလည်သွားတာ တခုရှိတယ်..တကယ့် ချစ်ခြင်းမေတ္တာ ဆိုတာ ဘာလဲ ဆိုတာကိုပေါ့...ကိုယ်
မင်းမရှိရင်လို့တောင်...မတွေးရဲဘူး.. ဒါပေမဲ့...မင်းအပေါ်မှာ...သူ့ကို လုပ်ခဲ့တဲ့ အမှားမျိုးမကျူးလွန်ရက်ခဲ့ဘူး...ကိုယ်သာ နာကျင်ရင် နာကျင်ရပါစေ...မင်းအပေါ်မှာတော့..အဲ့အမှားမျိုး မကျူးလွန်ရဲခဲ့ဘူး....ဒါကြောင့်..ကိုယ်ကိုတိုင်ပဲ အနိမ့်ကျခံ ပြီး..မင်းနားမှာ နေ နိုင်ဖို့ ကြိုးစားခဲ့တာပါ...ကိုယ့်ကိုယုံပေးနိုင်မလားဟင်... "သူ့စကားကောင့်..မြတ်သောက စိတ်သက်သာ ရာ ရသလို ပြုံးပြလာရင်း
"လူတော်တော်များများမှာ..မပေါင်းဖက်နိုင်ခဲ့တဲ့အချစ်ဦးဆိုတာ..ရှိဖူးကြတာပါပဲလေ..ကျွန်တော် စိတ်ထဲ မထားပါဘူး...လူကြီးကို ယုံပါတယ်..ဒါပေမဲ့..."
ပြောနေရင်း တဝက်တပျက် ရပ်တန့်ကာ..သူ့ကို စိုက်ကြည့်လာတဲ့ ကလေးကြောင့်...သူ့စိတ်ထဲ ထိတ်ခနဲတော့ ဖြစ်သွားမိတယ်။
"ဒါပေမဲ့ ဘာဖြစ် လဲ ကလေး... "
သူ စလိုက်လို့ လူကြီး မျက်လုံးထဲ စိုးရိမ် နေတဲ့ အရိပ်အရောင်တွေ မြင်လိုက်ရတော့ မြတ်သော..ကျေနပ်ပီတိ တို့ နှင့် နှလုံးသားတခုလုံးပြည့်လျှံ သွားသလို ခံစားလိုက်ရသည်..။ထိုလူကြီးက အလုပ်လုပ်နေတဲ့ အချိန် တခြား လူတွေ အပေါ် ဘယ်လို ဆက်ဆံ လဲ သူမမြင်ဖူးပေမဲ့..သူနဲ့ ပတ်သတ် တဲ့ စိတ်ခံစားချက် တွေကိုတော့ တခုမှ မကွယ်မဝှက် အမြဲ တမ်းပြသလေသည်။မြတ်သော အတွက်ကတော့...သူ့မျက်လုံး တချက်ကြည့်လိုက်ရုံနဲ့တင်..စိုးရိမ်စိတ်..ကြင်နာစိတ်...ချစ်မြတ်နိုးစိတ်တွေ ကို အထင်းသား မြင်နေရတယ်...။
ESTÁS LEYENDO
နှောင်တွယ်ရစ်ငင်
Romanceတခါက ကျွန်းလေးပေါ်မှာ..ဒုက္ခရောက်နေတဲ့ တိ လေးတွေကို ကောက်ကောက်မွေးစားတတ်တဲ့ ကြင်နာတတ်တဲ့ လူငယ်လေး တဥိးရှိသတဲ့..ဒါပေမဲ့..တနေ့မှာ သူကောက်ယူမွေးစားလိုက်တာ..လူသားတဦး ဖြစ်လာတဲ့ အခါ...။ .............................................. အတ္တကြီးတယ်လို့ဆိုဆို...