အပိုင်း ၄၈

155 10 3
                                    

"ဒီနေ့ က​ေလးကို ကိုယ့်နေရာဆီ အလည်ခေါ်သွားချင်တယ်။လိုက်မယ်မှတ်လားဟင်။ "

အမှန်တော့ အလည်ခေါ်ချင်ရုံမဟုတ်ပါဘူး။ဖြစ်နိုင်မယ်ဆို တခါထဲ အပီးခေါ်ထားလိုက်ဖို့ သူအကုန်စီစဉ်ထားပြီးသား ။ခက်တာက မနေ့ညက အခြေအနေ အရ ရုတ်တရက်ကြီး အဆင့်တွေ ခုန္် တတ်သွားလို့ သူထပ်လဲ မတောင်းဆိုရဲသေးတာမို့ အလည်အနေဖြင့်
သာ ခေါ်လိုက်ရသည်။

"အင်း မြတ်သော လိုက် လည်ချင်ပါတယ်။ပြောမဲ့သာ ပြောတာ မြတ်သော အကို့အကြောင်း လဲ ဘာမှ သိပ်မသိသေးဘူးနော်။"

မြတ်သောဆံပင်လေးတွေကို သပ်ပေးလိုက်ရင်း သူပြုံးလိုက်ကာ

"အင်း ဒီနေ့ ကိုယ့်ရဲ့ အရာရာကို မင်းလေးကိုပြမယ်။ဒါဆို ကားအသင့် ဖြစ်လောက်ပြီ သွားကြရအောင်။ "

ကားစီသို့ အရောက် အဲ့လက်စ်ကို သူမျက်ရိပ် ပြလိုက်သည်။
အဲ့လက်စ်က လဲ သ ​ေဘာ ပေါက်စွာပင် ပြုံးရင်း ခေါင်း အသာ ငြိမ့်ပြလာသည်။

ကားပေါ်မှာမြတ်သော အိပ်ပျော်လာလိုက်တာ ဘယ်နှနာရီမှန်းတောင် မသိ။

နိုးလာတော့ မြင်လိုက်ရတဲ့ မျက်နှာကျက်ပေါ်က ကြီးမားလှပလွန်းတဲ့ မီးဆိုင်းကြီးကြောင့် ရုတ်တရက် လန့်ကာ ထ ထိုင် လိုက်မိတယ်။

အာ.....ဒါက ဘယ်နေရာကြီးလဲ။

ပတ်၀န်းကျင်ကို အကဲ ခတ်တော့ သူ့အိမ်တအိမ်စာလောက် ကြီးမား နေတဲ့ အခန်းကြီးနဲ့ သူ့လို တန်ဖိုးနားမလည်တဲ့ သူတောင် ဈေးကြီးမှန်းတန်းသိနိုင်သည်အထိ တန်ဖိုးကြီး ပစ္စည်း တွေ ကြီး ရှိနေတဲ့နေရာစိမ်းမို့ တုန်လှုပ်သွားမိတယ်။

သူရောင်းစားခံလိုက်ရတာလား။မဟုတ်သေးပါဘူး သူရောင်းစား ခံလိုက်ရ တာဆို ဂိုထောင်တို့ စက်လှေ တို့ထဲ ရောက်နေမှာပေါ့ ။

အိပ်ချင်မူးတူးစိတ်ပြေ သွားမှပဲ သူ ဒိုက်နဲ့ လိုက်လာ
တာကို ပြန်သတိရတော့တယ်။

ဟုတ် သားပဲ ဒိုက်ရော။ဒိုက်ကို ဖုန်းခေါ်ရမယ်။
ဖုန်း ငါ့ဖုန်း။

ဘေးဘီ ကြည့်မိတော့ သူ့ဖုန်းက ကုတင်ဘေးက ခုံပေါ်မှာမို့ ယူလိုက်ရင်း ဒိုက် ဆီ ခေါ်ရန် ပြင်နေတုန်း မှာပဲ ဒိုက် က နို့တခွက်ကိုင်ရင်း အခန်းထဲ ဝင်လာလေ သည်။

နှောင်တွယ်ရစ်ငင် Where stories live. Discover now