"လူကြီးပဲ စဥ်းစား ကြည့်ဗျာ....ကျွန်တော်တယောက်ထဲ ဘယ်လိုနေခဲ့ ရမလဲ ဆိုတာ..အဖိုးက..အဖိုးက ရက်စက်တယ်..ဟင့်..."
ဒိုက်..သူ့ရှေ့က မူးမူးနဲ့ ပြောချင်ရာ ပြောနေတဲ့ ငမူးလေး ဆီ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိသည်။ဖြူလွှလွှ အသားအရည်က အရက်ကြောင့် ပါးမို့လေးတွေ နီမြန်းနေပုံက ခါတိုင်းပါးနီကူထားတာ ထက်ပင် ပိုလှနေသေးသည်။ပါးမို့နဲ့ နှာ ဖျား ရဲရဲလေးက အသားအရောင်နဲ့တွဲဖက်လိုက်တော့ နှင်းတောင်ပေါ် က ချယ်ရီ ပန်းပွင့်လေးတွေလို လိုက်ဖက်လှတာကြောင့် ဒိုက်ယောင်ယမ်းပြီး အသက်အောင့်ထား မိတာ ဘယ်နှမိနှစ်ပင်ကြာပြီလဲမသိ..။သူစိုက်ကြည့်နေမိစဥ်မှာပင်...သောက်နိုင်ဟန်မတူတဲ့ ကောင်ငယ်လေးရဲ့ ခေါင်းက ယိုင်ထိုးကာ သူ့ ရင်ဘက်ပေါ် ပြိုကြလာတော့မှ..သူ သတိ ဝင်လာကာ...
"ဟေ့..ဟေ့...တော်ပြီလေ..မင်းများနေပြီ အချိန်လဲမစောတော့ဘူး..လာ ကိုအခန်းထဲ တွဲပို့ပေးမယ်...ထနော်.."
သူ မြတ်သော ပုခုံး ၂ဖက်ကို ထိန်းကိုင်လိုက်ရင်း ထ ဟန်ပြင်လိုက်သော်လည်း..မြတ်သောက သူ့ လက်မောင်း တဖက်ကို အတင်း တွဲဖက်လာရင်း..သူ့ရင်ခွင် ထဲ ပင် ပိုတိုးဝင်လာကာ..
"မထဘူး..ဒီည...ကျွန်တော်..ကျွန်တော် အမှောက်သောက်မှာ..လူကြီးလဲ...အေ့..ဂုဏ်ပြုတဲ့ အနေ နဲ့ သောက်ရမယ်...ဒါပဲနော်..မသောက် ရင်..အေ့..ကျွန်တော်အလုပ်ရတာ လူကြီး မနာလိုနေလို့လို့ မှတ်လိုက်မှာ..."
ဒိုက် သူ့ရင်ခွင်ထဲက ငမူးလေးကြောင့် ရယ်ချင်လာကာ..ကောင်ငယ်လေး ကို ငုံ့ကြည့်လိုက်မိသည်။
လှလိုက်တာ...။
အနီးကပ်မြင်လိုက်ရတဲ့ ပန်းရင့်ရောင် နှုတ်ခမ်းလေးနဲ့..မျက်တောင်စိပ်စိပ်လေးတွေကြောင့်..သူ့ ဝဲဖက်ရင်အုံက ထိန်းမရအောင် အချက်ပေးလာသော်လည်း..သူ ထိုကောင်လေးကို တကယ် မတွန်းလွှတ်လိုက်ချင်ပါ..။သူစိုက်ကြည့် နေတာ ငမူးလေးက သတိထားမိသွားလေသလား မသိ...မှေးမှိတ်နေတဲ့ မျက်လုံးလေးကို မရ မက ပြူးပြဲ ဖွင့်လာလေသည်..။
ရင်ခွင်ထဲက ကောင်လေးက သူ့ကို ပြန်လည် ပြူးပြဲ စိုက်ကြည့်လာတာမို့ ဒိုက်နေရခက်စွာ မျက်နှာလှည်လိုက်တယ်..။
သူ့အပြုအမှုကို မြင် တော့ကောင်ငယ်လေးက သူ့ပါးတွေကို လက်၂ဖက်နဲ့ ညှက်ယူ လိုက်ရင်း..သူ့ဆီ အတင်းပြန်ဆွဲ ယူလိုက်သည်။
BẠN ĐANG ĐỌC
နှောင်တွယ်ရစ်ငင်
Lãng mạnတခါက ကျွန်းလေးပေါ်မှာ..ဒုက္ခရောက်နေတဲ့ တိ လေးတွေကို ကောက်ကောက်မွေးစားတတ်တဲ့ ကြင်နာတတ်တဲ့ လူငယ်လေး တဥိးရှိသတဲ့..ဒါပေမဲ့..တနေ့မှာ သူကောက်ယူမွေးစားလိုက်တာ..လူသားတဦး ဖြစ်လာတဲ့ အခါ...။ .............................................. အတ္တကြီးတယ်လို့ဆိုဆို...