"Lisa မထားခဲ့ပါနဲ့။ I love you.... I love you so much" သူမရှေ့က ဓာတ်လှေကားတံခါးလဲပိတ်သွားတော့ မိန်းကလေးကအော်လိုက်ရင်း ကြမ်းပြင်ပေါ်လဲကျသွားတယ်။
သူမပြုံးနိုင်အောင်အမြဲလုပ်ပေးတဲ့လူတစ်ယောက်၊ သူမဘာပဲလုပ်လုပ်နောက်ကနေပံ့ပိုးပေးသူတစ်ယောက်၊ အမိုက်မဲ ဆုံးလုပ်ရပ်တွေလုပ်ခဲ့တာတောင် သူမကိုအမြဲကာကွယ်ပေးခဲ့တဲ့လူတစ်ယောက်။ သူမဘဝအခက်ခဲဆုံးအချိန်တွေကို ပြန်ရှင်သန်စေတဲ့တစ်ယောက်၊ သူမအနိမ့်ဆုံးအခြေအနေရောက်နေတာတောင် အရမ်းပြီးပြည့်စုံတယ်လို့ ခံစားရအောင် လုပ်ပေးတဲ့သူတစ်ယောက်။ သူထွက်သွားပြီ။
သူမအတွက်ချစ်ခြင်းမေတ္တာကို ခံစားတတ်အောင်လုပ်ခဲ့တဲ့ တစ်ဉီးတည်းသောသူ Lisa။ သူထွက်သွားပြီ။
"Jennie" သူမပုခုံးကိုလက်တစ်ဖက်လာထိလိုက်တော့ ဒေါသအရမ်းထွက်သွားတယ်။
သူမကိုယ်သူမတောင်မသိလိုက်ပဲ မြန်မြန်မတ်တပ်ရပ်လိုက်မိတယ်။ သူအဲ့ဒီလူကိုမျက်နှာခြင်းဆိုင်လိုက်ပြီး သူ့ပါးကို ခပ်ပြင်းပြင်းရိုက်လိုက်တယ်။ သူမရိုက်လိုက်တဲ့အသံကို စင်္ကြန်တစ်လျှောက်ပဲ့တင်ထပ်သွားတယ်။ သူမလက်နာသွားတာကိုခံစားလိုက်ရပေမယ့်လည်း မရပ်မနား ထုရိုက်နေမိတယ်။ သူမဒေါသအလျှောက် သူမအားရှိသလောက် ထုရိုက်နေမိတယ်။
"Damn you! Damn you! ရှင်ဘာလို့ပြန်လာရတာလဲ။ ရှင်ဘာလို့ကျွန်မဘဝကို ဖျက်စီးပြီးရင်း ဖျက်စီးနေရတာလဲ။ ဘယ်နှစ်ကြိမ်လောက် ကျွန်မဘဝကိုဖျက်စီးပြီးမှ ရှင်ကျေနပ်မှာလဲ"
"Jennie! ကိုယ်မသိခဲ့ဘူး။ ကိုယ်သာသိခဲ့ရင် ကိုယ်ပြန်လာမှာမဟုတ်ဘူး။ ကျေးဇူးပြုပြီး တော်ပါတော့" Kai က ဒေါသထွက်လွန်နေတဲ့မိန်းကလေးကိုတားဖို့ကြိုးစားလိုက်တယ်။
သူမိန်းကလေးကို ရပ်သွားအောင်ဖက်လိုက်ဖို့ကြိုးစားလိုက်ပေမယ့် မိန်းကလေးက ဒေါသပိုထွက်လာခဲ့တယ်။
"ကျွန်မကိုမထိနဲ့။ လွှတ်။ Damn you!" သူမဒီစကားလုံးတွေကို ဘယ်နှစ်ကြိမ်တောင်အဆက်မပြတ်ပြောမိနေပြီး အဆက်မပြတ်ထုရိုက်နေမိလဲမသိဘူး။ သူမဆီဘာအားအင်မှမကျန်တော့မှ ရပ်လိုက်မိတော့တယ်။
YOU ARE READING
The Heiress and The Bodyguard 2 (Jenlisa)(Translation)
Fanfictionအသည်းတွေကြေမွပျက်စီးခဲ့ရပြီး ဆုံးရှုံးခဲ့ရတဲ့ ချစ်သူကို မေ့နိုင်ပြီလို့ ထင်ခဲ့ပေမယ့် နှစ်တွေအကြာကြီးနေမှ မထင်မှတ်ပဲ ပြန်ဆုံတဲ့အခါ.. ဒုတိယအကြိမ် ချစ်ခြင်းတွေပြန်လည်ပေါက်ဖွားလာမှာလား? နှစ်ယောက်လုံးမှာ အရေးကြီးတဲ့လူတစ်ယောက်ဆီရှိနေနှင့်နေကြတဲ့အတွက် နောက...