Chapter 27

3.6K 190 7
                                    

Warning - Mature

Tzuyu ထွက်သွားပြီး ခနနေတော့ Lisa ပြန်ဝင်လာခဲ့လိုက်တယ်။ Jennie ကခြေဖျားလေးထောက်လိုက်ပြီး Lisa ရဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်တယ်။

"ကျွန်မတောင်းပန်ပါတယ်" Jennie ပြောလိုက်တယ်။

"ဘာလို့ တောင်းပန်တာလဲ။ မှားခဲ့တဲ့သူက ကိုယ်လေ" Lisa ပြောလိုက်တယ်။

"တစ်ယောက်နဲ့တစ်ယောက်အပြစ်တင်နေတာ ရပ်လိုက်ကြစို့။ ဖြစ်ပျက်ခဲ့တာတွေအတွက် ကျွန်မတို့နှစ်ယောက်လုံး အပြစ်ရှိသလို ခံစားနေကြရတာပဲ" Jennie ပြောလိုက်တယ်။ "ဒါပေမယ့် ကျွန်မနားလည်ချင်တဲ့တစ်ခုတော့ရှိတယ်။ အဲ့ဒီတစ်ခုလေးတော့ ရှိတယ် Lisa" Jennie လေးလေးနက်နက်ပြောလိုက်တယ်။

"ဘာကိုလဲ" Lisa မေးလိုက်တယ်။

"အဲ့ဒီနေ့ညက ရှင်ဘာလို့ရုတ်တရက်ကြီးထွက်သွားရတာလဲ။ ရှင်ဘာလို့ ကျွန်မကိုရှင်းပြခွင့်မပေးခဲ့တာလဲ။ ရှင့်ရဲ့ သံသယအတွက် နည်းနည်းလေးတောင်ကျွန်မကိုအချိန်ပေးဖို့ မထိုက်တန်လို့လား။ ကျွန်မတို့နှစ်ယောက်အချိန်တွေ အကြာကြီး အတူဖြတ်သန်းခဲ့ကြဖူးတာတောင်မှလေ" Jennie ဒီလိုမဖြစ်ချင်ပေမယ့် မေးရင်းမေးရင်း အသံတွေ တုန်လာခဲ့တယ်။

ဒီအမျိုးသမီးလေးမျက်လုံးမှာ နာကျင်မှုတွေကိုတွေ့နေရပြီး သက်သာသွားအောင် Lisa တင်းတင်းကြပ်ကြပ်လေး ဖက်လိုက်တယ်။

"ကိုယ်တောင်းပန်ပါတယ် Jennie။ ကိုယ်တစ်ကယ်တောင်းပန်ပါတယ်.." Lisa က Jennie ခေါင်းလေးကိုနမ်းနေရင်း ပြောလိုက်တယ်။ "မင်းကိုယ်ပြောမယ့်အကြောင်းတွေကို နားထောင်ချင်လား"

"ပြန်ပေးဆွဲခံရတဲ့ နာမည်ကြီးစီးပွားရေးသမားတစ်ယောက်ကို ကယ်ဖို့ ကိုယ့်မှာ mission တစ်ခုရှိခဲ့တယ်" Lisa စပြော လိုက်တယ်။ "အန္တာရယ်များတဲ့ mission ဆိုတာ ကိုယ့်အတွက်တော့ ပန်းခြံမှာလမ်းလျှောက်ထွက်နေရသလိုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က ကိုယ့် skill ကိုယုံကြည်မှုရှိသလို ကိုယ့်အဖွဲ့ကိုလဲ ယုံကြည်မှုရှိတယ်"

"အဲ့ဒီနာမည်ကြီးစီးပွားရေးသမားကို ကယ်ခဲ့ပြီးတဲ့နောက်မှာတော့ သူ့သမီးနဲ့ ပထမဆုံးအကြိမ်တွေ့ခဲ့ရတယ်။ အပေါ်ထပ်လှေကားကနေ သူမပြေးဆင်းလာတဲ့အချိန်လေးမှာ ပထမဆုံးအကြိမ် ကိုယ့်နှလုံးသားမှာမဖြစ်ဖူးတဲ့အရာ တစ်ခု ခံစားခဲ့ရတယ်။ ကိုယ့်လိုလူအတွက်ကတော့ ဒီခံစားချက်ကအသစ်တစ်ခုဖြစ်ပြီး ထူးဆန်းနေတယ်။ Jennie! ကိုယ်မင်းကို ပထမဆုံးအကြိမ်ကြည့်မိလိုက်တဲ့ခနမှာ ကိုယ်မခံစားသင့်တဲ့အရာတစ်ခုကို ခံစားရအောင် မင်းလုပ်ခဲ့ တယ်"

The Heiress and The Bodyguard 2 (Jenlisa)(Translation)Where stories live. Discover now