Jennie's Pov
ကောင်းရောပဲ။
ကျွန်မကိုယ့်ကိုကိုယ်တွေးလိုက်မိတယ်။
Kai, Tzuyu, Lisa နဲ့ ကျွန်မတို့အခုတော့ mall ထဲက စားသောက်ဆိုင်တစ်ခုမှာ ထိုင်လိုက်ကြတယ်။ ကလေးတွေကို တော့ Bam Bam နဲ့ထားခဲ့လိုက်ပြီး နေ့လည်စာစားကြဖို့ဆုံးဖြတ်လိုက်ကြတယ်။
Flashback
"Hey Tzuyu! မတွေ့ရတာဘယ်လောက်တောင်ကြာပြီလဲ။ အဆင်ပြေတယ်မလား" Kai က သူတို့နားရောက်တော့ Tzuyu ကိုဖက်ပြီးနှုတ်ဆက်လိုက်တယ်။ Ella နဲ့ Louise တို့နှစ်ယောက်ကတော့ တစ်ယောက်နဲ့တစ်ယောက် ပုံပြင်တွေ ပြောနေကြရင်း အလုပ်တွေရှုပ်နေကြတယ်။ သူတို့အချင်းချင်းတော့ နားလည်ကြတယ်မလားမသိဘူး။ ကျွန်မကတော့ သူတို့ပါးစပ်သေးသေးလေးတွေကနေ ထွက်လာတဲ့စကားတွေကို နားမလည်နိုင်ဘူး။
ကျွန်မ Lisa ကိုကြည့်လိုက်တော့ သူအကြည့်မလွှဲပဲ ကျွန်မကိုငေးစိုက်ကြည့်နေတာကို တွေ့ရတယ်။ သူပိန်သွားပြီး အသားအရေတွေဖျော့နေတယ်။ ပြီးတော့ မျက်ကွင်းတွေလဲ ညိုနေတာကို သတိထားမိလိုက်တယ်။
အဲ့ဒီနေ့ပြီးတော့ ဘာတွေဖြစ်နေခဲ့တာလဲ။
"အင်းဟုတ်တယ်။ မတွေ့ရတာ အရမ်းကြာနေပြီ။ ကျွန်မအဆင်ပြေပါတယ်" Tzuyu ဖြေလိုက်တယ်။
"သူက မင်းကလေးလား" Kai က Tzuyu ကိုမေးလိုက်တယ်။
"အင်း။ သူကကျွန်မသားလေ။ သူ့နာမည်က Louise! Louise ဒီကိုလာ အန်ကယ် Kai ကိုနှုတ်ဆက်လိုက်အုံး" Tzuyu က Louise ကိုခေါ်လိုက်တယ်။
"Hello" Louise ကအသံသေးသေးလေးနဲ့ နှုတ်ဆက်လိုက်တယ်။
"Hey young man" Kai ကပြုံးပြီးနှုတ်ဆက်လိုက်တယ်။ ပြီးတော့ Louise က Ella ဆီပြန်သွားလိုက်တယ်။
"ရှင်ရော။ ရှင်ဘာတွေလုပ်နေလဲ" Tzuyu က Kai ကိုပြန်မေးလိုက်တယ်။
"အိုး ကိုယ်လဲအဆင်ပြေပါတယ်။ Ella နဲ့အရင်ကတည်းက တွေ့ဖူးပြီးသားလား" Kai မေးလိုက်တယ်။ သူဒီမေးခွန်းကို မေးလိုက်တာကို ကျွန်မမကြိုက်ဘူးဖြစ်နေတယ်။
"အင်း။ Jennie နဲ့ကျွန်မ လွန်ခဲ့တဲ့နှစ်ပတ်လောက်က တွေ့ဖြစ်ကြတယ်" Tzuyu ပြောလိုက်တယ်။
YOU ARE READING
The Heiress and The Bodyguard 2 (Jenlisa)(Translation)
Fanfictionအသည်းတွေကြေမွပျက်စီးခဲ့ရပြီး ဆုံးရှုံးခဲ့ရတဲ့ ချစ်သူကို မေ့နိုင်ပြီလို့ ထင်ခဲ့ပေမယ့် နှစ်တွေအကြာကြီးနေမှ မထင်မှတ်ပဲ ပြန်ဆုံတဲ့အခါ.. ဒုတိယအကြိမ် ချစ်ခြင်းတွေပြန်လည်ပေါက်ဖွားလာမှာလား? နှစ်ယောက်လုံးမှာ အရေးကြီးတဲ့လူတစ်ယောက်ဆီရှိနေနှင့်နေကြတဲ့အတွက် နောက...