Chapter 21

2.6K 199 13
                                    

Jennie's Pov

ကျွန်မတင်ပါးအောက်ပိုင်းကို မာကျောတဲ့အရာဝတ္တုတစ်ခု လာဖိတာခံစားမိလိုက်တော့ အိပ်ယာလန့်နိုးလာခဲ့တယ်။

အဲ့ဒီအရာက ကျွန်မပေါင်ကြားကိုဖိဆွဲနေပြီး လက်တစ်ဖက်က ကျွန်မတင်ပါးနဲ့ပေါင်ကြားကို ပွတ်သက်နေတော့ မညည်းပဲမနေနိုင်အောင်ဖြစ်ပြီး ညည်းလိုက်မိတယ်။

နေပါအုံး။ လက်တစ်ဖက်?

ကျွန်မမျက်လုံးဖွင့်ကြည့်လိုက်တော့ Ella ကအိပ်ယာဘေးထောင့်လေးမှာ အိပ်နေတာကို တွေ့လိုက်ရတယ်။

ဟင် သမီးကညတုန်းက အလယ်မှာအိပ်တာမလား။ အဲ့ဒါဆို...

ကျွန်မတွေးလိုက်မိတော့ ချက်ချင်းအိပ်ယာပေါ်ကထလိုက်ပြီး အနောက်ဖက်ကိုလှည့်ကြည့်လိုက်တယ်။ ကျွန်မနောက် မှာ အထိအတွေ့တွေကို လုပ်နေတာ Lisa ဆိုတာသိလိုက်ရပြီး သူ့ကြည့်ရတာ အိပ်မက်ယောင်ပြီး နိုးလာပုံရတယ်။

"Jennie! ဘာဖြစ်တာလဲ" Lisa ကအိပ်ချင်မူးတူးအသံရှရှနဲ့မေးလိုက်တယ်။

ကျွန်မအရမ်းရှက်နေပြီး သူ့ကိုမကြည့်ရဲဘူးဖြစ်နေတယ်။

ဘာလို့ရှက်နေတာလဲဆိုတော့ ဟော်မုန်းကြွနေတဲ့ဆယ်ကျော်သက်တစ်ယောက်လို sex ကိစ္စအတွက် အိပ်နေရင်း ညည်းတွားနေမိတာ...

"Ella ရောဘယ်-" Lisa ကဖြစ်နေတဲ့ကိစ္စကို သတိထားမိသွားပြီး ပြောလက်စစကားရပ်သွားခဲ့တယ်။

"Oh shit ကိုယ်အိပ်နေရင်းနဲ့ ရှက်စရာကိစ္စတွေမလုပ်ခဲ့မိဘူးမလား။ လုပ်ခဲ့မိလားဟင်" Lisa ကကျွန်မကို မေးလိုက် တယ်။

"ဟင့်အင်း ဘာမှမလုပ်မိဘူး" ကျွန်မဖြေလိုက်တယ်။

ရှင့်ရဲ့မာနေတာကြီးနဲ့ ကျွန်မတင်ပါးကိုပွတ်နေပြီး ကျွန်မလဲသာယာပြီးညည်းမိရုံလေးပါ...

တော်တော့!

Lisa ကသူ့ဘောင်းဘီတိုအောက်က မာနေတဲ့ဟာကို သတိထားမိသွားတော့ ချက်ချင်းခေါင်းအုံးနဲ့ကာလိုက်ပြီး သူ့မျက်နှာ က ချက်ချင်းနီမြန်းသွားတာကို တွေ့လိုက်ရတယ်။

"ကိုယ်အိပ်ပျော်နေတုန်း တစ်ခုခုမသင့်တော်တာ လုပ်မိသွားရင် တောင်းပန်ပါတယ်" Lisa ကဒူးထောက်လိုက်ပြီး Ella ကိုပွေ့လိုက်တယ်။ ပြီးတော့ သမီးကိုသူမနေရာမှာစနစ်တကျလေးပြန်ပြင်ပေးလိုက်တယ်။

The Heiress and The Bodyguard 2 (Jenlisa)(Translation)Where stories live. Discover now