Jennie's Pov
ကျွန်မ Lisa ကို Ella ကသူ့သမီးဆိုတာပြောလိုက်တော့ ဖြစ်သွားတဲ့သူ့မျက်နှာကို မေ့မှာမဟုတ်တော့ဘူး။ သူ့မျက်နှာမှာ ရှုပ်ထွေးသွားတာတွေ၊ အံ့အားသင့်သွားတာတွေ ပြီးသတိလက်လွတ်ဖြစ်သွားတာတွေကို တွေ့လိုက်ရတယ်။ ဒီအချိန် ခနလေးက အကြာကြီးလိုခံစားလိုက်ရတယ်။ ကျွန်မထွက်သွားတော့ သူကျွန်မနောက်ပြေးလိုက်ဖို့ ကြိုးစားမလို လုပ်လိုက်တာကိုတွေ့ရတယ်။ ဒါပေမယ့် ကျွန်မကဓာတ်လှေကားထဲကို ရောက်နှင့်နေပြီး သူကလဲလုံးဝလှုပ်မရတာကို တွေ့လိုက်တယ်။
Lisa... Ella ကတစ်ခြားယောက်ကျားတစ်ယောက်နဲ့ရတဲ့ ကလေးလို့ ရှင်တစ်ကယ်ထင်နေတာလား...
ဘယ်အရာကကျွန်မကိုပိုနာကျင်စေတာလဲ မသိတော့ဘူး။ သူကျွန်မကို ယောက်ကျားတွေနဲ့လိုက်အိပ်နေတယ်လို့ ထင်နေတာ ကနာကျင်စေတာလား။ Ella ကိုသူ့သမီးမဟုတ်ဘူးလို့သတ်မှတ်တာကို နာကျင်နေတာလား မသိတော့ဘူး။
ဒီလောက်နှစ်တွေအကြာကြီး ကျွန်မနဲ့ရှင်အတူရှိခဲ့ကြတာတောင် ရှင်ကျွန်မကိုအဆင့်နိမ့်တဲ့ မိန်းမတစ်ယောက်လို ဘာလို့ ထင်နေရတာလဲ။
ကျွန်မလက်ကို လက်သေးသေးလေးနဲ့ဆွဲထားတဲ့ သမီးကိုကြည့်လိုက်မိတယ်။ သူမမျက်လုံးလေးဝိုင်းပြီး ကျွန်မကိုကြည့် နေပုံလေးက သူမအပြစ်တစ်ခုခုလုပ်မိလို့လားဆိုတဲ့ မေးခွန်းလိုဖြစ်နေခဲ့တယ်။
"မာမီ။ သမီးကမလိမ်မာလို့ မာမီငိုနေတာလား" Ella ကမျက်ရည်လေးဝဲပြီး မေးလိုက်တယ်။
ကျွန်မစီးကျလာတဲ့မျက်ရည်တွေကို သုတ်လိုက်ပြီး သမီးကိုပွေ့ဖက်လိုက်တယ်။
"မဟုတ်ပါဘူး ကလေးရယ်။ သမီးကမလိမ်မာတဲ့ကလေးမဟုတ်ပါဘူး။ မာမီငိုတာအဲ့ဒါကြောင့်မဟုတ်ပါဘူး။ မာမီက သမီးကိုစိုးရိမ်လို့ ငိုမိတာပါ" ကျွန်မပြောလိုက်တယ်။
"သမီးတောင်းပန်ပါတယ် မာမီ။ သမီး မာမီခွင့်ပြုချက်မတောင်းပဲ Louise နဲ့ကစားလိုက်မိလို့" သမီးက ကျွန်မလည်ဂုတ် ကို ဖက်ပြီး ပြောလိုက်တယ်။
"မာမီစိတ်မဆိုးပါဘူး။ ဒီလိုထပ်မလုပ်ရဘူးနော်။ မာမီ့ကိုစိတ်ပူအောင်မလုပ်ရဘူး။ မာမီအနားမှာမရှိရင် အန်ကယ် Bam Bam အနားကနေ အဝေးကိုမသွားရဘူးနော်။ ဟုတ်ပြီလား" ကျွန်မသမီးကိုကြည့်ပြီး ပြောလိုက်တယ်။
YOU ARE READING
The Heiress and The Bodyguard 2 (Jenlisa)(Translation)
Fanfictionအသည်းတွေကြေမွပျက်စီးခဲ့ရပြီး ဆုံးရှုံးခဲ့ရတဲ့ ချစ်သူကို မေ့နိုင်ပြီလို့ ထင်ခဲ့ပေမယ့် နှစ်တွေအကြာကြီးနေမှ မထင်မှတ်ပဲ ပြန်ဆုံတဲ့အခါ.. ဒုတိယအကြိမ် ချစ်ခြင်းတွေပြန်လည်ပေါက်ဖွားလာမှာလား? နှစ်ယောက်လုံးမှာ အရေးကြီးတဲ့လူတစ်ယောက်ဆီရှိနေနှင့်နေကြတဲ့အတွက် နောက...