Jennie's Pov
ပန်းခြံကစားကွင်းထဲမှာ ဖြစ်ပျက်ခဲ့တာ ရက်တွေကြာသွားပေမယ့် အဲ့ဒီနေ့ကတည်းက Ella က Louise နဲ့ထပ်ကစားဖို့ပဲ တောင်းဆိုနေခဲ့တယ်။ ကျွန်မမှာ Lisa ရော Tzuyu ဖုန်းနံပါပတ်မရှိတာကြောင့် ဆက်သွယ်လို့မရဘူးလို့ပြောပေမယ့်လဲ သူမကတော့ ဒီမေးခွန်းပဲတောင်းဆိုနေခဲ့တယ်။
ကျွန်မမိဘတွေကို Lisa ပြန်ရောက်လာတဲ့အကြောင်း ဖုန်းဆက်ပြောပြခဲ့တယ်။ သူတို့ချက်ချင်းအားလပ်ရက်ခရီးထွက် နေတာကို မြန်မြန်ပြန်လာဖို့ဆုံးဖြတ်ခဲ့ကြတယ်။ သူတို့ထင်တာက ကျွန်မတို့ပြဿနာတွေကို ဖြေရှင်းကြပြီး ကျွန်မသမီး ကို Lisa နဲ့မိတ်ဆက်ပေးမယ်လို့ ထင်ကြလိမ့်မယ်။ ဒါပေမယ့် သူတို့ထင်ထားသလို ကျွန်မမလုပ်ခဲ့ဘူး။ အဲ့ဒီနေ့ညက ကျွန်မအမေ ကျွန်မဆီကိုလာခဲ့ပြီး သူမသမီးနဲ့မြေးအတွက် သနားပြီး ငိုခဲ့တယ်။
ကျွန်မသူငယ်ချင်းတွေကိုလဲ Tzuyu ပြန်ရောက်နေပြီဆိုတဲ့အကြောင်း ဖုန်းဆက်ပြောပြခဲ့တယ်။ ကျွန်မတို့သူငယ်ချင်း တွေ သူမပြန်ရောက်လာတာကိုမသိကြတာ အံ့ဩစရာတော့မရှိပါဘူး။ ဘာဖြစ်လို့လဲဆို Tzuyu ကကျွန်မတို့အကုန်လုံးနဲ့ အဆက်အသွယ်ပြတ်နေခဲ့ကြတာ။
ကျွန်မဖုန်းဝင်လာတော့ လန့်သွားတယ်။ နံပါတ်အစိမ်းနဲ့ဖုန်းတစ်လုံးကို ကြည့်ပြီး ကျွန်မကြောင်သွားတယ်။ ကျွန်မကိုယ် ရေးကိုယ်တာဖုန်းနံပါတ်ကို လူသိနည်းတယ်။ ကျွန်မသိစေချင်တဲ့သူလောက်ပဲ ဒီဖုန်းနံပါတ်နဲ့ခေါ်ဖူးတာဖြစ်တယ်။
ဖုန်းသရဲတွေနှောင့်ယှက်နေတာပဲဆိုပြီး မကိုင်ဖို့စဉ်းစားလိုက်ပေမယ့် ထပ်ကာထပ်ကာမြည်နေတာကြောင့် ဖုန်းကိုင် လိုက်တယ်။
"Hello?" ကျွန်မဖြေလိုက်တယ်။
..
Lisa's Pov
"Mommy, Ella ထွက်မလာသေးဘူးလား" Lisa ကို Louise ဒီမေးခွန်းမေးနေတာ ကိုးကြိမ်ကျော်ပြီဖြစ်တယ်။
Lisa တို့နှစ်ယောက် Ella မူကြိုရှေ့ရောက်နေကြတာဖြစ်တယ်။ Lisa စောစောထွက်လာမိတာမှားသွားတယ်။ အခုတော့ Louise ကစောင့်ရတာကြာတော့ ပျင်းလာပုံရတယ်။
YOU ARE READING
The Heiress and The Bodyguard 2 (Jenlisa)(Translation)
Fanfictionအသည်းတွေကြေမွပျက်စီးခဲ့ရပြီး ဆုံးရှုံးခဲ့ရတဲ့ ချစ်သူကို မေ့နိုင်ပြီလို့ ထင်ခဲ့ပေမယ့် နှစ်တွေအကြာကြီးနေမှ မထင်မှတ်ပဲ ပြန်ဆုံတဲ့အခါ.. ဒုတိယအကြိမ် ချစ်ခြင်းတွေပြန်လည်ပေါက်ဖွားလာမှာလား? နှစ်ယောက်လုံးမှာ အရေးကြီးတဲ့လူတစ်ယောက်ဆီရှိနေနှင့်နေကြတဲ့အတွက် နောက...