Chapter 15

2.4K 213 7
                                    

Jennie's Pov

နောက်ရက်ကျရင် Lisa ထပ်လာလည်အုံးမယ်ပြောတော့ သူတစ်ကယ်လာမယ်ဆိုတာ ကျွန်မသိနေတယ်။ သူနေ့တိုင်း လာလည်လိမ့်မယ်လို့တော့ ကျွန်မမထင်ခဲ့မိဘူး။

တစ်ကယ့်ကို နေ့တိုင်းလာလည်တာ။

ကျွန်မအလုပ်မသွားခင် သူရောက်လာတတ်တယ်။ သူပြောတာတော့ ကျွန်မအလုပ်သွားနေတုန်း ကျွန်မတို့သမီးကို စောင့်ရှောက်ချင်လို့ လို့ပြောတာပဲ။ ကျွန်မတို့ညစာအတူစားပြီးတော့မှ သူပြန်လေ့ရှိတယ်။ ဒီလိုအတိုင်းလေးပဲ ပုံမှန် ဖြစ်နေတာ ရက်သတ္တပတ်တွေရှိပြီဖြစ်တယ်။ တစ်ခုရှိတာက သူဘယ်တော့မှ ဒီမှာညအိပ်မနေတာပဲ။ အံ့အားသင့်စရာ ကောင်းတာက Ella ကလဲ ဒီလိုအခြေအနေလေးကို အသားကျနေပုံပဲ။ သူမ Lisa ကိုညအိပ်ဖို့ မပူဆာသလို သူမတစ်ရေး နိုးရင်လဲ Lisa ကိုမရှာနေဘူးဖြစ်တယ်။

တစ်ခါတစ်လေ ကျွန်မတွေးမိတာက Lisa ကုမ္ပဏီသွားစရာမလိုဘူးလား။ ပြီးတော့ Tzuyu နဲ့ Louise ကိုရော ဘယ်လို လုပ်လဲ။ သူတို့ကလဲ Lisa ကိုအချိန်ပေးဖို့ မတောင်းဆိုကြဘူးလား။

Lisa ညတိုင်းပြန်တဲ့အဓိကအချက်က သူတို့ကြောင့်ဖြစ်ချင်ဖြစ်မှာပေါ့။

မဟုတ်ဘူး။ အဓိအကအချက်က မင်းသူ့ကို ဒီမှာနေဖို့ မတောင်းဆိုလို့။

အခုကျွန်မတို့သုံးယောက် ကျွန်မရုံးကိုရောက်နေကြတာဖြစ်တယ်။ Ella ကကျွန်မရုံးကို လိုက်ချင်တယ်တောင်းဆိုပြီး သူမက Lisa ကိုလဲမထားခဲ့ချင်ဘူး။ Lisa ကလဲ သူ့သမီးနဲ့အတူမရှိခဲ့ရတဲ့အချိန်တွေအတွက် အကုန်ပြန်ဖြည့်ဆည်းပေး ချင်နေတယ်။ သူတို့နှစ်ယောက်ကို တစ်ကယ့်ကိုခွဲလို့မရဘူး။ Lisa ကလဲ Ella ဆီလာတဲ့အချိန်တိုင်း သူမအတွက် အရုပ်၊ အင်္ကျီနဲ့ ကလေးတစ်ယောက်အတွက် မလိုသေးတဲ့ပစ္စည်းတွေပါ လက်ဆောင်ယူလာလေ့ရှိတယ်။ သူတစ်နေကုန် သမီးကိုအချိန်ပေးထားပြီးတာတောင် သူ့အတွက် ဒီလက်ဆောင်တွေဝယ်ဖို့ ဘယ်လိုအချိန်ရှိလဲဆိုတာ အံ့ဩမိတယ်။

ဟုတ်သားပဲ။ သူလိုအပ်တာအကုန်ခိုင်းဖို့ အတွင်းရေးမှူးရှိနေတာပဲ။

ကျွန်မ အွန်လိုင်းmeeting လုပ်နေတုန်း Lisa နဲ့ Ella က coffee table နားကစားနေကြတယ်။ ကျွန်မသူတို့နှစ်ယောက် ကို အမြန်လေးကြည့်လိုက်တော့ နှစ်ယောက်သားကာလာခြယ်နေကြတာကို တွေ့ရတယ်။

The Heiress and The Bodyguard 2 (Jenlisa)(Translation)Where stories live. Discover now