"Lisa!" Jennie အိပ်ယာကနိုးတော့ အော်လိုက်မိတယ်။ သူမခန္ဓာကိုယ်ကို လက်မောင်းတစ်ဖက်ကလာဖက်ထားတာ သတိထားမိသွားတော့ တုန်သွားတယ်။
"Shh...ကိုယ်ဒီမှာရှိတယ်" Lisa ကအိပ်ချင်မူးတူးအသံနဲ့ပြောလိုက်တယ်။ Jennie နောက်လှည့်ကြည့်လိုက်တော့ အဝတ် ကင်းမဲ့နေတဲ့ Lisa ကိုတွေ့လိုက်ရတယ်။ သူ့ရဲ့ဝင်းမွတ်နေတဲ့အသားအရေနဲ့ ကြွက်သားတွေကို တွေ့လိုက်ရတယ်။ သူ့ခန္ဓာကိုယ်အောက်ပိုင်းကတော့ စောင်အပါးလေးဖုံးနေတာကို မြင်လိုက်ရတယ်။
Lisa ရဲ့နွေးထွေးတဲ့ခန္ဓာကိုယ်လေးနားကို သူမတိုးသွားလိုက်ပြီး စောင်အပါးလေးကို နှစ်ယောက်လုံးပေါ်ခြုံလိုက်တယ်။ Lisa လက်က သူမခါးပေါ်ကနေ ရင်သားလေးပေါ်ကိုလှုပ်ရှားသွားတာ ခံစားလိုက်ရတယ်။
"မင်းအခု တစ်ကယ်ကိုယ့်အနားမှာရှိနေတာမလား။ ကိုယ်အိပ်မက်မက်နေတာမဟုတ်ဘူးလို့ ကိုယ့်ကိုပြောစမ်းပါ Jennie" Lisa ကသူမနားရွက်နားကပ်ပြောလိုက်တယ်။ Jennie ရဲ့နားရွက်လေးက သူမခန္ဓာကိုယ်တစ်ခုလုံးမှာ sensitive အဖြစ်ဆုံးဖြစ်တာကို Lisa သိနေတဲ့အတွက် သူဒီလိုလုပ်လိုက်တာဖြစ်တယ်။
"Hmm..." Jennie တိုးတိုးလေးညည်းတွားလိုက်တယ်။ ဒါပေမယ့် နောက်ထပ်သွားမယ့်အဆင့်တွေမရောက်ခင် သူမ Lisa ကိုတားလိုက်တယ်။ "ကျွန်မသွားရမယ်" သူမပြောလိုက်တယ်။
"မင်းကသွားအုံးမှာပေါ့" Lisa စိတ်ရှုပ်သွားသလိုပြောလိုက်တယ်။
"ရှင်ကျွန်မနဲ့လိုက်လို့ရတယ်လေ။ ရှင်မပါပဲ ကျွန်မကိုဘယ်မှလွှတ်မှာ မဟုတ်ဘူးဆိုတာ ကျွန်မသေချာပေါက်သိနေ တယ်" သူမပြောလိုက်တယ်။
"မင်းပြောသလိုပဲ။ ညက ဒီလိုကိစ္စတွေဖြစ်ခဲ့တာတောင် မင်းကိုသွားခွင့်ပေးမယ်လို့ထင်နေတာလား။ ဒါပေမယ့် မင်းတစ်ကယ်ကြီးသွားဖို့ လိုလို့လား" Lisa သူမကိုမေးလိုက်တယ်။
Jennie ပြန်မဖြေခင် Lisa နဲ့မျက်နှာချင်းဆိုင်လိုက်တယ်။ "ကျွန်မတစ်ယောက်ယောက်နဲ့တွေ့ဖို့ ရှိတယ်"
ဒီစကားကြားလိုက်ရတော့ Lisa မျက်မှောင်ကြုံ့သွားတယ်။ "မင်းဖောက်ပြန်နေတာလို့ ကိုယ့်ကိုတော့မပြောနဲ့နော်" Lisa နောက်လိုက်တယ်။ Jennie ကမျက်ခုံးပင့်ပြီးပြန်ကြည့်လိုက်တယ်။
YOU ARE READING
The Heiress and The Bodyguard 2 (Jenlisa)(Translation)
Fanfictionအသည်းတွေကြေမွပျက်စီးခဲ့ရပြီး ဆုံးရှုံးခဲ့ရတဲ့ ချစ်သူကို မေ့နိုင်ပြီလို့ ထင်ခဲ့ပေမယ့် နှစ်တွေအကြာကြီးနေမှ မထင်မှတ်ပဲ ပြန်ဆုံတဲ့အခါ.. ဒုတိယအကြိမ် ချစ်ခြင်းတွေပြန်လည်ပေါက်ဖွားလာမှာလား? နှစ်ယောက်လုံးမှာ အရေးကြီးတဲ့လူတစ်ယောက်ဆီရှိနေနှင့်နေကြတဲ့အတွက် နောက...