Jennie နိုးလာတော့ ခေါင်းနည်းနည်းကိုက်နေပြီး ဘာတွေဖြစ်နေတာလဲဆိုတာ အကုန်မှတ်မိသွားတော့ အားမရှိတော့ သလို ဖြစ်သွားတယ်။
"Oh my god Ella" Jennie မတ်တပ်ရပ်မယ်လုပ်လိုက်တော့ သူမအိပ်ခန်းတံခါးပွင့်လာပြီး သမီးရဲ့ခန္ဓာကိုယ်သေးသေး လေးကို သူမမိဘတွေနဲ့အတူ တွေ့လိုက်ရတယ်။
"မာမီ" Ella ကအော်လိုက်ပြီး သူမဆီပြေးလာတော့ တင်းတင်းကြပ်ကြပ်လေးဖက်လိုက်တယ်။
"OMG သမီးလေး အန္တာရာယ်ကင်းသွားပြီ။ ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်" သူမ သမီးမျက်နှာကို အနမ်းမိုး တွေရွာချပေးလိုက်ပြီး ပြန်ဖက်လိုက်တယ်။
"သမီး အဆင်ပြေရဲ့လား။ ဘယ်နားထိခိုက်မိသေးလဲ" Jennie သူမသမီးကိုမေးလိုက်တယ်။
"သမီးဘာမှမဖြစ်ဘူး။ မာမီ (Lisa) လာကယ်တာသမီးကို" Ella ပြောလိုက်တယ်။
အဲ့ဒီတော့မှ Lisa ကို Jennie သတိရသွားတယ်။
"Lisa ရောဘယ်မှာလဲ" Jennie သူမမိဘတွေကို မေးလိုက်တယ်။ သူတို့တစ်ယောက်နဲ့တစ်ယောက်ကြည့်လိုက်ကြတာ မြင်လိုက်ရပြီး ဘယ်သူမှစကားမဟတာကို တွေ့ရတယ်။
"Ella ကိုသူမအခန်းထဲ အဖေအရင်ခေါ်သွားလိုက်မယ်" သူမအဖေက Ella ကိုအခန်းအပြင်ခေါ်သွားလိုက်ပြီး Jennie နဲ့ Mrs. Kim ကိုထားခဲ့လိုက်တယ်။
"Mom ဘာဖြစ်တာလဲ။ Lisa ရောဘယ်မှာလဲ" Jennie အမေ့ကိုမေးလိုက်တယ်။ သူမတစ်ခြားဘာအကြောင်းမှ လျှောက်မတွေးချင်ဘူး ဒါပေမယ့် သူမလက်တွေအေးစက်လာတာကို ခံစားလိုက်ရတယ်။
"အင်း သမီးသိပါတယ်။ Lisa က-" အမေ့စကားမဆုံးသေးခင် Jennie အခန်းတံခါးပွင့်လာပြီး Lisa ဝင်လာတာ တွေ့လိုက်ရတယ်။
"Lisa ကဒီမှာလေ။ သမီးတွေ့တယ်မလား" အမေက ပြောလိုက်ပြီး သူမမျက်နှာမှာစနောက်တဲ့အပြုံးကိုတွေ့လိုက်ရ တယ်။
"Mom!" Jennie မျက်စောင်းထိုးလိုက်တယ်။
"ဘာလို့လဲ။ အမေပြောတာ ဘာမှားလို့လဲ။ ဟုတ်ပါပြီ အမေမင်းတို့နှစ်ယောက်ကိုထားခဲ့မယ်" Mrs. Kim ပြောလိုက် တယ်။
အမေထွက်သွားတော့ Lisa က Jennie ကုတင်ပေါ်ကိုထိုင်လိုက်တယ်။
Jennie က Lisa လက်မောင်းကိုတွန်းလွှတ်လိုက်ပြီး စွပ်စွဲတဲ့အကြည့်နဲ့ကြည့်လိုက်တယ်။
YOU ARE READING
The Heiress and The Bodyguard 2 (Jenlisa)(Translation)
Fiksi Penggemarအသည်းတွေကြေမွပျက်စီးခဲ့ရပြီး ဆုံးရှုံးခဲ့ရတဲ့ ချစ်သူကို မေ့နိုင်ပြီလို့ ထင်ခဲ့ပေမယ့် နှစ်တွေအကြာကြီးနေမှ မထင်မှတ်ပဲ ပြန်ဆုံတဲ့အခါ.. ဒုတိယအကြိမ် ချစ်ခြင်းတွေပြန်လည်ပေါက်ဖွားလာမှာလား? နှစ်ယောက်လုံးမှာ အရေးကြီးတဲ့လူတစ်ယောက်ဆီရှိနေနှင့်နေကြတဲ့အတွက် နောက...