Jennie's Pov
ကျွန်မအိပ်ယာပေါ်ကရွေ့လျားမှုတစ်ခုကြောင့် မျက်လုံးအသာလေးဖွင့်ကြည့်လိုက်တယ်။ Ella ကသူမအကြိုက်ဆုံး Peppa Pig ညဝတ်အင်္ကျီလေးဝတ်ထားပြီး သူမပေါင်ပေါ်မှာ ရောင်စုံခြယ်စာအုပ်တင်ထားပြီး သူမလက်ကလဲ ရောင်စုံ ခဲတံကိုင်ထားတာတွေ့ရတယ်။
သူမ Lisa ကိုမနေ့ညက သူမအကြိုက်ဆုံးညဝတ်အင်္ကျီဝတ်ပေးဖို့ ပြောခဲ့မယ်ဆိုတာ ကျွန်မပြောရဲ့တယ်။
ကျွန်မသမီးနောက်ကျောလေးဆီရောက်အောင် လက်ဆန့်လိုက်ပြီး သူမကိုပွတ်ပေးလိုက်တယ်။
"ဘာလို့အစောကြီးနိုးနေတာလဲ သမီး" ကျွန်မအိပ်ချင်မူးတူးအသံနဲ့မေးလိုက်တယ်။
"ဘာမှမဟုတ်ပါဘူး" Ella ကပြန်ဖြေလိုက်ပြီး ရောင်စုံဆက်ခြယ်နေတယ်။
"Hmmm... တစ်ခုခုရှိလို့လား သမီး" ကျွန်မထပ်မေးလိုက်တယ်။ ဒီလိုတစ်ခွန်းထဲပြန်ဖြေတာမျိုးက Ella ပုံစံမဟုတ်ဘူး။
"Mommy! အန်တီ Lisa ကနေမကောင်းနေတာလား" သမီးက ကျွန်မဘက်မျက်နှာလှည့်ပြီး မေးလိုက်တယ်။
အန်တီ Lisa လို့ပြောလိုက်တာလား။ သမီးထင်နေတာက Lisa ကလဲ Jisoo နဲ့ Chaeyoung လို့ ကျွန်မသူငယ်ချင်းလို့ ထင်နေပုံရတယ်။
"ဘာလို့လဲ သမီးရဲ့"
Lisa ကနေမကောင်းဖြစ်ဖို့ဆိုတာ အဝေးကြီး။ သူက အရမ်းသန်မာပြီး ကျန်းမာလွန်းတယ်။
Lisa နဲ့ချစ်ခဲ့တဲ့ညက သူအရမ်းသန်မာတယ်ဆိုတာ ကျွန်မတွေးမိလိုက်တယ်။ သူဘယ်လောက်သန်မာလဲဆိုတာ Ella ကသက်သေပဲလေ။
မဟုတ်ဘူး။ မတွေးနဲ့တော့။ သမီးရှေ့မှာ မနက်စောစောစီးစီး ကျွန်မဘာတွေတွေးမိနေတာလဲ။
"ဘာဖြစ်လို့လဲဆိုတော့ မနေ့ညက သူငိုနေတယ်" သမီးက ကျွန်မကိုပြောလိုက်တယ်။
သမီးစကားကြားလိုက်ရတော့ ကျွန်မအတွေးတွေရပ်သွားတယ်။
"သူငိုနေတာလား" ကျွန်မရှင်းရှင်းလင်းလင်းကြားလိုက်ရပေမယ့် သမီးကိုသေချာအောင် ထပ်မေးလိုက်တယ်။
"ဟုတ်တယ် ငိုနေတာ။ သမီးက သူနာနေတာလားလို့တောင်မေးလိုက်သေးတယ်" သမီးက ဖြေလိုက်ပြီး ဆေးရောင် ဆက်ခြယ် နေပြန်တယ်။
YOU ARE READING
The Heiress and The Bodyguard 2 (Jenlisa)(Translation)
Fanfictionအသည်းတွေကြေမွပျက်စီးခဲ့ရပြီး ဆုံးရှုံးခဲ့ရတဲ့ ချစ်သူကို မေ့နိုင်ပြီလို့ ထင်ခဲ့ပေမယ့် နှစ်တွေအကြာကြီးနေမှ မထင်မှတ်ပဲ ပြန်ဆုံတဲ့အခါ.. ဒုတိယအကြိမ် ချစ်ခြင်းတွေပြန်လည်ပေါက်ဖွားလာမှာလား? နှစ်ယောက်လုံးမှာ အရေးကြီးတဲ့လူတစ်ယောက်ဆီရှိနေနှင့်နေကြတဲ့အတွက် နောက...