Jennie's Pov
ထိုင်းကိုရောက်တော့ နေ့လည်ခင်းရောက်နေပြီ။ အဲ့ဒါကြောင့် တစ်ခြားနေရာတွေမသွားတော့ပဲ Lisa ရဲ့အိမ်ကိုပဲ တန်းသွားကြဖို့ ကျွန်မတို့ဆုံးဖြတ်လိုက်ကြတယ်။
Lisa ရဲ့အထိန်းတော်က ကျွန်မတို့ကို လေဆိပ်လာကြိုတယ်။ ဒါပေမယ့် အိမ်ရောက်တဲ့အခါမှာတော့Lisa ကိုသူအိမ်သော့ ပေးလိုက်တယ်။ ဒီတစ်ပတ်လုံးကို Lisa က ကျွန်မတို့နဲ့အတူ အချိန်ဖြုန်းပေးမယ်လို့ ထင်ရတာပဲ။
အိမ်ထဲရောက်တော့ ကျွန်မတို့ပစ္စည်းတွေကားပေါ်ကချနေတဲ့ သူ့ကို ကျွန်မကူညီပေးလိုက်တယ်။ Ella ကတော့ သူမ ညာလက်လေးနဲ့ကျွန်မလက်ကိုဆွဲထားပြီး Peppa Pig အရုပ်လေးကို ဘယ်လက်လေးနဲ့ကိုင်ထားတယ်။
"မာမီ။ သမီးတို့ဒီမှာနေကြမှာလား" Ella ကကျွန်မကိုမေးလိုက်တယ်။
"အင်းဘေဘီ။ မာမီတို့ဒီမှာ တစ်ပတ်လောက်နေကြမှာ" ကျွန်မပြန်ဖြေလိုက်တယ်။
"ဒါ သမီးတို့အိမ်အသစ်လား" သူမထပ်မေးလိုက်ပြန်တယ်။ ပတ်ဝန်းကျင်အသစ်ဖြစ်လို့ သူမစပ်စပ်စုစု အရမ်းသိချင်နေ တာ ဖြစ်တယ်။
"မဟုတ်ဘူးဘေဘီ။ ဒါက မာမီLisa ရဲ့အိမ်" ကျွန်မဖြေလိုက်တယ်။
"ဒါပေမယ့် သမီးအိမ်ဆိုလဲဟုတ်တယ်" LIsa ပြောလိုက်တာကို ကြားရတယ်။ သူက တံခါးပေါက်ဘေးမှာ ချထားတဲ့ Lagguage ကိုသယ်လာရင်းပြောလိုက်တယ်။
"မာမီ။ ဒါညတိုင်း မာမီသမီးတို့အိမ်ကပြန်ပြီး နေနေကျအိမ်ပေါ့" Ella က Lisa ကိုမေးလိုက်တယ်။ သူမက ဧည့်ခန်းထဲမှာ ပတ်ပြေးနေပြီး အခန်းထဲကရှိတဲ့ပစ္စည်းတွေကိုလိုက်စပ်စုနေတယ်။
ကျွန်မလဲ ဧည့်ခန်းထဲကြည့်လိုက်တော့ အရင်တုန်းက ကျွန်မရောက်ဖူးတုန်းကအတိုင်း ဘာမှမပြောင်းလဲတာကို တွေ့ရတယ်။
မနေ့တစ်နေ့ကလိုပဲ...
ကျွန်မ Lisa ပြောခဲ့တာမှတ်မိသေးတယ်။ သူဒီအိမ်ကို တရားဝင်ရတဲ့နေ့က ဒီအိမ်တစ်ခုလုံးကို ပြင်ဆင်ဖို့ လိုအပ်တယ် တဲ့။ အဲ့ဒီတုန်းက ဒီကိစ္စက သူ့မိသားစုအရေးကိစ္စဖြစ်လို့ ဉီးစားပေးလိုပ်နေရတာဖြစ်တယ်။ ကျွန်မ အိမ်ပုံကို ကြည့်လိုက် တုန်းက ထိုင်းမှာရှိတဲ့ ရှေးအိမ်ပုံစံမျိုးဖြစ်ပြီး သစ်သားနဲ့ဆောက်ထားတာဖြစ်တယ်။ အခုကျ ကွန်ကရစ်နဲ့ မှန်တွေနဲ့ ပြန်ပြင်ဆောက်ထားတဲ့ မော်ဒန်အိမ်တစ်လုံးဖြစ်သွားတယ်။ အထဲဒီဇိုင်းတွေကတော့ သစ်သားနဲ့ပြင်ဆင် ထားတာပဲဖြစ် တယ်။ အထူးသဖြင့် မျက်နှာကြပ်ပုံစံက အိမ်ဆိုတဲ့အငွေ့အသက်ကိုရစေတယ်။ ဒီအငွေ့အသက်လေးက နွေးထွေးမှုနဲ့ စိတ်ချမ်းမြေ့စေတယ်။
YOU ARE READING
The Heiress and The Bodyguard 2 (Jenlisa)(Translation)
Fanfictionအသည်းတွေကြေမွပျက်စီးခဲ့ရပြီး ဆုံးရှုံးခဲ့ရတဲ့ ချစ်သူကို မေ့နိုင်ပြီလို့ ထင်ခဲ့ပေမယ့် နှစ်တွေအကြာကြီးနေမှ မထင်မှတ်ပဲ ပြန်ဆုံတဲ့အခါ.. ဒုတိယအကြိမ် ချစ်ခြင်းတွေပြန်လည်ပေါက်ဖွားလာမှာလား? နှစ်ယောက်လုံးမှာ အရေးကြီးတဲ့လူတစ်ယောက်ဆီရှိနေနှင့်နေကြတဲ့အတွက် နောက...