Lisa Pov
အိမ်ပြန်တဲ့လမ်းမှာ Tzuyu နဲ့ Louise တို့စကားတွတ်ထိုးနေကြပေမယ့် Lisa တိတ်ဆိတ်နေမိတယ်။ စိတ်တွေက ခုနက Mall မှာဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေဆီကို ရောက်နေခဲ့တယ်။ Jennie နဲ့ Kai ကြားက ဆက်ဆံရေးကို ခန့်မှန်းနေမိတယ်။
Kai ပြောတာတော့ သူJennie အသည်းနှလုံးကိုပိုင်ဆိုင်ရဖို့ ကြိုးစားနေတုန်းတဲ့။ ဘာလို့ သူတို့နှစ်ယောက် ဒီအခြေအနေ ပဲ ဖြစ်နေရတာလဲ။ Lisa သိသလောက်တော့ သူတို့နှစ်ယောက်ပုံမှန်တွေ့ဖြစ်နေကြတာပဲ။ သူတို့နှစ်ယောက်မကြာခန ဆိုသလို dinner date တွေလုပ်နေကြတာပဲ။ ပြီးတော့ Kai ကလဲ Ella ကိုတွေ့ဖို့ သူမ မိဘအိမ် ဝင်ထွက်သွားလာနေ တာပဲ။
Ella..
"သူမကရှင့်သမီးပဲ"
Jennie စကားတွေက Lisa ခေါင်းထဲထပ်ကာထပ်ကာဝင်လာခဲ့တယ်။ Lisa သူမကိုသိလာခဲ့တာ ကြာခဲ့ပြီ။ သူမဒီစကား ကိုပြောလိုက်တဲ့အချိန်မှာ သူမမညာဘူးဆိုတာ Lisa သိတယ်။ သူမမျက်လုံးမှာ တိကျသေချာမှုတွေနဲ့ ရိုးသားမှုတွေပါ နေပြီး သူမအသံကလဲ သူမမျက်လုံးလိုပဲ။
ဒါပေမယ့် ဘယ်လိုရသွားတာလဲ။ ကိုယ်တို့အမြဲဒီကိစ္စကို သတိထားခဲ့ကြတာမလား။ သူမလဲအမြဲဆေးသောက်တာပဲ။
ဒါပေမယ့် တားဆေးတွေက ၁၀၀ ရာခိုင်နှုန်းကာကွယ်နိုင်တယ်လို့ အာမမခံထားဘူး။
ပြီးတော့ သူမအတွက်ခွင့်မလွှတ်ချင်စရာအဖြစ်အပျက် Lisa လုပ်ခဲ့တုန်းက သူမဆေးသောက်မထားဘူးပြောလို့ ကွန်ဒုံး သုံးခဲ့ကြတာမလား။
ဒါပေမယ့် Lisa ထွက်သွားတော့ Kai ကအမြဲသူမဘေးနားရှိခဲ့တာမလား။ သူမလူမြင်ကွင်းကနေ ခနပျောက်သွားပြီး သူမမိဘတွေအိမ်မှာ နေတုန်းကလဲ Kai အမြဲလာလည်ခဲ့တာပဲမလား။ ပြီးတော့ သူမကိုယ်ဝန်ရတဲ့သတင်းက ကိုရီးယား တစ်နိုင်ငံလုံး အံ့အားသင့်သွားစေခဲ့တယ်။
ပြီးတော့ ကိုယ့်ဘဝကိုရောပေါ့...
ဒီနေ့မတိုင်ခင်ထိအောင် Jennie ကတစ်ခြားယောက်ကျားတွေနဲ့ dinner date လုပ်နေတုန်းပဲ။ Kai ကတော့ သူမ date လုပ်တဲ့စာရင်းမှာ နံပါတ် ၁ ပေါ့။
ငါ သတင်းအမှားတွေ ရခဲ့တာလား။
ဟုတ်တယ်။ Lisa လူတွေနဲ့အဆက်အသွယ်ဖြတ်ပြီး မတွေ့အောင်နေခဲ့ပေမယ့် သူမအကြောင်းကိုတော့ စုံစမ်းနေတုန်းပဲ။ သူမအခန်းထဲမှာ မြင်ခဲ့ရတဲ့မြင်ကွင်းကို စိတ်နာပြီး သူမကိုမေ့ပြစ်လိုက်ချင်ပေမယ့်လဲ သူအမကြောင်း သိချင်နေတုန်းပဲ။ သူမကို မေ့လို့မရဘူးဖြစ်နေတယ်။
YOU ARE READING
The Heiress and The Bodyguard 2 (Jenlisa)(Translation)
Fanfictionအသည်းတွေကြေမွပျက်စီးခဲ့ရပြီး ဆုံးရှုံးခဲ့ရတဲ့ ချစ်သူကို မေ့နိုင်ပြီလို့ ထင်ခဲ့ပေမယ့် နှစ်တွေအကြာကြီးနေမှ မထင်မှတ်ပဲ ပြန်ဆုံတဲ့အခါ.. ဒုတိယအကြိမ် ချစ်ခြင်းတွေပြန်လည်ပေါက်ဖွားလာမှာလား? နှစ်ယောက်လုံးမှာ အရေးကြီးတဲ့လူတစ်ယောက်ဆီရှိနေနှင့်နေကြတဲ့အတွက် နောက...