Lisa ဖုန်းချသွားတော့ Jennie ကားကိုအာရုံစိုက်မောင်းလိုက်တယ်။ ဒါပေမယ့် မျက်ရည်တွေအဆက်မပြတ်စီးကျနေပြီး လက်တွေတုန်နေတာကိုတော့ မထိန်းချုပ်နိုင်ဘူးဖြစ်နေတယ်။ လွန်ခဲ့တဲ့နှစ်တွေက ပြန်ပေးဆွဲခံခဲ့ရတဲ့ မှတ်ဉာဏ်တွေပြန် ပေါ်လာတော့ သူမအရမ်းကြောက်ရွံ့နေခဲ့တယ်။
တစ်ကယ်လို့ Lisa ကသူမကိုမကယ်နိုင်ခဲ့ရင် ဘယ်လိုလုပ်မှာလဲ။ တစ်ကယ်လို့ Lisa ရောက်လာတာ နောက်ကျသွားရင် ရော။ Ella ကိုရောဘယ်လိုလုပ်ရမလဲ။ သမီးက သူမမာမီကိုဆုံးရှုံးရဖို့အတွက် အရမ်းငယ်သေးတယ်။
ဒီအတွေးတွေ Jennie ခေါင်းထဲရောက်လာကြတယ်။ ဒါပေမယ့် သူမအားတင်းလိုက်ပြီး ကားကိုအာရုံစိုက်မောင်းလိုက် တယ်။ သူမဘယ်နှစ်ကြိမ်တောင် အော်ဟစ်နေမိလဲမသိတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လမ်းမှာရှိတဲ့ကားတွေနဲ့ တိုက်မိတော့မလိုတွေဖြစ်ဖြစ်သွားလို့ဖြစ်တယ်။
သူမ ကုမ္ပဏီအဆောက်အဉီးကိုတွေ့လိုက်ရတော့ ရုံးထဲရောက်သွားရင် လုံခြုံပြီဆိုတဲ့ မျှော်လင့်ချက်ကလေး ရသွားခဲ့ တယ်။ ကားပါကင်မှာရပ်လိုက်ပြီး ဓာတ်လှေကားထဲဝင်ဖို့ လုံလောက်တဲ့အချိန်ရပါစေလို့ ဆုတောင်းလိုက်မိတယ်။ နောက်ကြည့်မှန်ကနေကြည့်လိုက်တော့ လိုက်လာတဲ့ကားကိုဖြတ်ချလိုက်နိုင်ပြီး Lisa ပြောသလိုလုပ်ဖို့ အချိန်ရတယ်လို့ တွက်လိုက်တယ်။
Jennie ကားကိုညာဖက်ကွေ့လိုက်ပြီး ကားပါကင်ဆီတည့်တည့်မောင်းလိုက်တယ်။ ကားတားထားတဲ့တုံးတွေကို တိုက်လိုက်မိတော့ သူမအော်လိုက်တယ်။ ဒါပေမယ့် သူမကားကိုမရပ်ပဲ သူမသီးသန့်ဓာတ်လှေကားထိ မောင်းသွား လိုက်တယ်။ ဓာတ်လှေကားခလုတ်ကို မြန်မြန်ရောက်လုရောက်ငှား အဆက်မပြန်နှိပ်နေမိတယ်။ ဓာတ်လှေကားလဲ ပိတ်သွားရော သူမနောက်လိုက်တာတဲ့ကားရောက်လာတဲ့အသံကို ကြားလိုက်ရတယ်။ သူမရုံးခန်းကို မရောက်ခင်ထိ ဓာတ်လှေကားကနှေးလိုက်တာလို့ တွေးနေမိတယ်။
ရုံးခန်းထဲလဲရောက်ရော ဓာတ်လှေကားပါဝါရပ်သွားအောင် Jennie ခလုတ်တစ်ခုကို မြန်မြန်နှိပ်လိုက်တယ်။ ပထမဆုံး အကြိမ်သူမရုံးခန်းမှာ မီးမှောင်သွားတာကိုမြင်လိုက်ရတော့ သူမလုပ်နေတာ မှန်တယ်ဆိုတာ သိလိုက်တယ်။
YOU ARE READING
The Heiress and The Bodyguard 2 (Jenlisa)(Translation)
Fanfictionအသည်းတွေကြေမွပျက်စီးခဲ့ရပြီး ဆုံးရှုံးခဲ့ရတဲ့ ချစ်သူကို မေ့နိုင်ပြီလို့ ထင်ခဲ့ပေမယ့် နှစ်တွေအကြာကြီးနေမှ မထင်မှတ်ပဲ ပြန်ဆုံတဲ့အခါ.. ဒုတိယအကြိမ် ချစ်ခြင်းတွေပြန်လည်ပေါက်ဖွားလာမှာလား? နှစ်ယောက်လုံးမှာ အရေးကြီးတဲ့လူတစ်ယောက်ဆီရှိနေနှင့်နေကြတဲ့အတွက် နောက...