Ding!
သီးသန့်ဓာတ်လှေကားရောက်လာတဲ့ အသံကြားလိုက်တော့ Jennie နှုတ်ခမ်းမှာ အပြုံးလေးပေါ်လာခဲ့တယ်။ ပြီးတော့ ဓာတ်လှေကားတံခါးလဲပွင့်သွားရော သူမအမြဲတမ်းသိခဲ့ရတဲ့ စတိုင်အကျဆုံးလူသားတစ်ယောက်တွေ့လိုက်ရတယ်။
"ဟေး မင်း" Lisa ကနှုတ်ဆက်လိုက်ပြီး သူမထိုင်နေတဲ့စားပွဲဆီလျှောက်လာခဲ့တယ်။ Lisa ကိုယ့်ကိုနှိမ့်ချလိုက်ပြီး Jennie ရဲ့စောင့်နေတဲ့နှုတ်ခမ်းလေးကို နမ်းလိုက်တယ်။ "I miss you" Lisa ပြောလိုက်တယ်။
"I miss you too" Jennie ပြောပြီး Lisa ပါးလေးကိုပွတ်သက်လိုက်တယ်။
Lisa ကသူမစားပွဲအစွန်လေးမှာထိုင်လိုက်တယ်။ "သွားဖို့အဆင်သင့်ပဲလား" သူမေးလိုက်တယ်။ သူတို့နှစ်ယောက်လုံး ရုံးကို နေ့တစ်ဝက်ပဲတက်ဖို့ ဆုံးဖြတ်လိုက်ကြတာဖြစ်ပြီး Ella နဲ့အချိန်ပေးချင်လို့ဖြစ်တယ်။ သူတို့ သမီးလေးကို မူကြို ကနေသွားကြိုကြပြီး သမီးတောင်းဆိုထားတဲ့ အခုမှအသစ်ထွက်တဲ့ကာတွန်းကားသွားကြည့်ကြမှာဖြစ်တယ်။
သူတို့နှစ်ယောက်တစ်ယောက်နဲ့တစ်ယောက်ဝန်ခံပြီးကြတာ တစ်လကြာပြီဖြစ်ပြီး Lisa ကသူမတို့နှစ်ယောက်ကို သူ့ mini villa လေးဆီကို အတူလာနေစေချင်နေတာဖြစ်တယ်။ အဲ့ဒီနေရာလေးက လုံခြုံစိတ်ချရတယ်လို့ သူတို့နှစ်ယောက် လုံး ဆုံးဖြတ်လိုက်တာဖြစ်တယ်။ သူမတို့နေတဲ့ တိုက်ခန်းက လုံခြုံရေးပစ္စည်းတွေတပ်ထားပေမယ့်လဲ Lisa က နောက်တစ်ခါ ဒီလိုဟက်ခံရမှာစိုးရိမ်နေတယ်။ ပြီးတော့ သူ့ရဲ့ mini villa လေးမှာလဲ လုံခြုံရေးဂိတ်ထားချင်နေတယ်။ အဲ့ဒါကြောင့် Lisa က သူ့ရဲ့အိမ်လေးကို ပြီးပြည့်စုံအောင် ပြန်ပြင်နေတာဖြစ်တယ်။ ဒီအတောအတွင်းမှာတော့ သူက Jennie တို့စံအိမ်မှာပဲ နေနေတာဖြစ်တယ်။
"ကျွန်မအတွင်းရေးမှူးကို မှာစရာရှိတာမြန်မြန်မှာခဲ့အုံးမယ်" Jennie ပြောလိုက်ပြီး သူမစားပွဲပေါ်က intercom ကို နှိပ်လိုက်ပြီး အတွင်းရေးမှူးကိုအထဲလာခဲ့ဖို့ ခေါ်လိုက်တယ်။ Lisa စားပွဲပေါ်ကပြန်ထလိုက်ပြီး ဆိုဖာပေါ်ထိုင်လိုက်တယ်။ ပြီးတော့ Jennie သူမရဲ့အတွင်းရေးမှူးကိုမှာစရာရှိတာ မှာတာကိုစောင့်နေလိုက်တယ်။
YOU ARE READING
The Heiress and The Bodyguard 2 (Jenlisa)(Translation)
Fanfictionအသည်းတွေကြေမွပျက်စီးခဲ့ရပြီး ဆုံးရှုံးခဲ့ရတဲ့ ချစ်သူကို မေ့နိုင်ပြီလို့ ထင်ခဲ့ပေမယ့် နှစ်တွေအကြာကြီးနေမှ မထင်မှတ်ပဲ ပြန်ဆုံတဲ့အခါ.. ဒုတိယအကြိမ် ချစ်ခြင်းတွေပြန်လည်ပေါက်ဖွားလာမှာလား? နှစ်ယောက်လုံးမှာ အရေးကြီးတဲ့လူတစ်ယောက်ဆီရှိနေနှင့်နေကြတဲ့အတွက် နောက...