Chapter 18

2.4K 213 8
                                    

Jennie's Pov

"မင်းတို့နှစ်ယောက်နောက်ဆုံးပေါင်းဖက်ကြမယ်ဆိုတာ သိနေတယ်" ကျွန်မတို့အတွက် နေ့လည်စာချက်ပြုတ်ပေးနေ ရင်း Nana ပြောလိုက်တာကို ကြားလိုက်ရတယ်။

Ella ကိုသူမအဖိုးအဖွားတွေဆီ ခေါ်မသွားခင် Nana ဆီကိုအရင်သွားလည်ကြဖို့ Lisa ဆုံးဖြတ်ခဲ့တာြဖစ်တယ်။ အဲ့ဒါကြောင့် ကျွန်မတို့မနက်စာစားပြီးသွားကြတော့ Nana ရဲ့စားသောက်ဆိုင်ဆီထွက်ခဲ့ကြတာဖြစ်တယ်။ စားသောက် ဆိုင်ထဲကို Lisa ဝင်လာပြီး သူ့ခြေထောက်မှာ ခိုစီးပြီးလိုက်တာတဲ့ Ella ကိုပါတွေ့လိုက်ရတော့ Nana အံ့ဩသွားခဲ့တယ်။

"မင်းကိုပထမဆုံး Lisa မိတ်ဆက်ပေးတုန်းက မင်းတို့နှစ်ယောက်ကခွဲမရဘူး။ အခုလဲ Lisa နဲ့သူ့သမီးက ခွဲမရဘူးဆိုတာ ခံစားမိနေတယ်" Nana ကပြောလိုက်တယ်။

"ဟုတ်တယ်။ Ella က Lisa ကိုသူ့မာမီအဖြစ်သိကတည်းက ခွဲလို့ကိုမရတော့ဘူး" ကျွန်မမုန်လာဉနီလှီးနေရင်း ပြောလိုက် တယ်။

"Ella ရုပ်က မင်းနဲ့တစ်ရုပ်ထဲပဲ။ ဒါပေမယ့် သူမအပြုအမူတွေကကျတော့ Lisa နဲ့တစ်ပုံစံထဲဖြစ်နေတယ်။ သူမကို ကြည့်ရတာ မင်းတို့နှစ်ယောက်ကိုခန္ဓာကိုယ်တစ်ခုထဲမှာ ပေါင်းမြင်နေရသလိုပဲ" Nana ပြောလိုက်တယ်။

"အင်း။ ကျွန်မလဲအဲ့ဒီလိုပဲထင်ပါတယ်" ကျွန်မဖြေလိုက်တယ်။

"မင်းနဲ့သူ့သမီးတို့ ဒီကိုလိုက်ပြီးလည်မယ်ပြောရော Lisa ကအရမ်းပျော်နေတာ" Nana ကဟင်းသီးဟင်းရွက်တစ်ချို့ကို ပန်းကန်လုံးထဲထည့်လိုက်ရင်းပြောလိုကတယ်။

"Nana ဘာမှမသိသေးဘူးလား" ကျွန်မမေးလိုက်တယ်။

"ဘာလဲ။ ဘာကိုလဲ" Nana ရဲ့မျက်နှာမှာ ရှုပ်ထွေးသွားပြီး မေးလိုက်တာကို တွေ့ရတယ်။

ကျွန်မသက်ပြင်းချလိုက်တယ်။ "ကျွန်မနဲ့ Lisa ကဘာမှမဆိုင်ကြဘူး Nana။ သူထွက်သွားပြီး နှစ်တွေအကြာကြီး ပူပေါင်းတစ်လုံးလို ပျောက်ကွယ်နေခဲ့တာ"

"ဒါပေမယ့် သူပြန်လာခဲ့တယ်လေ။ အခု မင်းတို့နဲ့ဒီနေရာမှာ အတူတူရောက်နေပြီပဲ။ အဲ့ဒါအတူတူပဲမလား" Nana က ထပ်မေးလိုက်တယ်။

The Heiress and The Bodyguard 2 (Jenlisa)(Translation)Where stories live. Discover now