Jennie's Pov
"မင်းတစ်ကယ်ပြောနေတာ မဟုတ်ဘူးမလား" ဖုန်းထဲက Lisa မေးလိုက်တာကို ကြားရတယ်။
"ကျွန်မလဲ ဒီလိုမဖြစ်ချင်ပါဘူး။ ကျွန်မတစ်ကယ်ပြောနေတာ Lisa" ကျွန်မသူ့ကိုပြောလိုက်တယ်။
ရုံးရှေ့ရောက်တော့ Bam Bam ကို ကျွန်မအတွက်ကားမောင်းပို့စရာမလိုတော့ဘူးလို့ ပြောလိုက်တာ ငါးမိနစ်တောင် မပြည့်သေးဘူး Lisa ကကျွန်မကိုဖုန်းဆက်ပြီး ပြောနေတာဖြစ်တယ်။
"Bam Bam ကိုကားမမောင်းပေးစေချင်ရင် သူ့အစားကိုယ်လာကြိုမယ်လေ" Lisa ကထပ်ပြောလိုက်တယ်။
"အဲ့ဒါဆို Ella ကိုမူကြိုကနေဘယ်သူသွားကြိုမှာလဲ" ကျွန်မမေးလိုက်တယ်။
Lisa ဖက်ကခနအသံတိတ်သွားတယ်။ ဒါပေါ့ သူ Ella ကိုအရင်သွားကြိုပြီးမှ ကျွန်မကိုလာကြိုမယ်ပြောမှာပေါ့။ ဒါပေမယ့် ဒါကအဓိကအချက်မဟုတ်ဘူးလေ။
"ကျွန်မကိစ္စတွေကို စဉ်းစားချင်သေးတယ် Lisa" ကျွန်မပြောလိုက်တယ်။
"ကိုယ်မင်းကို အဖြေပေးဖို့ ဖိအားပေးနေတာမဟုတ်ဘူး Jennie။ ကိုယ်ပြောချင်တာက ကိုယ်မင်းနဲ့ Ella တို့နဲ့အတူ ရှိချင်တာ။ ဒါပဲ" Lisa ကဖုန်းထဲကနေပြန်ပြောလိုက်တယ်။
"ကျွန်မတို့အခြေအနေက တစ်ချို့အရာတွေမှာ ရှင့်ကိုဆွဲထားသလိုဖြစ်နေတယ်။ တစ်ကယ်လို့ ကျွန်မအခုအဖြေမပေးပဲ ထားလိုက်ရင် ရှင့်ကိုဆက်ဆွဲထားသလိုဖြစ်နေပြီး ဘယ်တရားတော့မလဲ။ ကျွန်မစဉ်းစားရမယ့်အချက်တွေ အများကြီး ရှိနေတယ်။ ကျွန်မတို့စဉ်းစားရမယ့်အရာတွေ" ကျွန်မပြောလိုက်တယ်။
"Tzuyu နဲ့ Louis ကိုရောဘယ်လိုလုပ်မလဲ" ဒါက စကားအဖြစ်ပြောလိုက်တဲ့ မေးခွန်းမလို့ Lisa ဖြေဖို့တော့မလိုဘူးရယ်။
"ကိုယ် လုပ်နိုင်-" Lisa ဆက်ပြောမယ့်စကားကို ကျွန်မဖြတ်ပြောလိုက်တယ်။
"ရှင်လုပ်နိုင်တယ်။ ဘာကိုလဲ။ ကျွန်မတို့နဲ့အတူနေဖို့ သူတို့ကိုထားခဲ့မလို့လား။ ရှင်ဒီလိုသာလုပ်ခဲ့ရင် ကျွန်မဘယ်လိုမှ ပျော်မှာမဟုတ်ဘူးဆိုတာ ရှင်သိတယ်မလား Lisa" Lisa ကဘာစကားမှပြန်မပြောတော့ ကျွန်မဆက်ပြောလိုက်တယ်။
YOU ARE READING
The Heiress and The Bodyguard 2 (Jenlisa)(Translation)
Fanfictionအသည်းတွေကြေမွပျက်စီးခဲ့ရပြီး ဆုံးရှုံးခဲ့ရတဲ့ ချစ်သူကို မေ့နိုင်ပြီလို့ ထင်ခဲ့ပေမယ့် နှစ်တွေအကြာကြီးနေမှ မထင်မှတ်ပဲ ပြန်ဆုံတဲ့အခါ.. ဒုတိယအကြိမ် ချစ်ခြင်းတွေပြန်လည်ပေါက်ဖွားလာမှာလား? နှစ်ယောက်လုံးမှာ အရေးကြီးတဲ့လူတစ်ယောက်ဆီရှိနေနှင့်နေကြတဲ့အတွက် နောက...