ပုံနှုန်းဟာ သူရဲ့ရှေ့မှာ ရပ်နေသည့်ထိုသခင်လေးဆိုသည့် ကောင်လေးအား ရှက်ရွံ့စွာပင် အကြည့်လွှဲ၍ထားလိုက်၏။သူ၏မျက်လုံးအစုံအားစိုက်၍ ပျစ်ပျစ်နှစ်နှစ်ပင် စော်ကားပြောဆိုလိုက်သော စကားအတွက် သူ့မှာအဖြေမရှိပါ။
သည်သခင်လေးဟာ သူမကြာခင်လက်ထပ်ရမည့် ယောကျ်ားလေးပဲ။နောက်ပြီး သူ့လိုလူကို ဒီလိုသခင်လေးက သည်လောက်တော့ နှိမ့်ချကာ ဆက်ဆံလိမ့်မည်ဟု သူကြိုတင်ကာ တွေးဆထားပြီးသားပင်။
ထို့ကြောင့် သူက ဘာအခြေအငံစကားမျှ ပြန်၍ မပြောဘဲ နှုတ်ဆိတ်၍သာ မထုံတက်သေးနိုင်စွာ ငူငူငိုင်ငိုင်ဖြင့်ရပ်နေလိုက်၏။
"ဘာလဲ ၊ ဒီနေရာမှာပဲ လုပ်ချင်တာလား
ဒေါ်ရတီပုံနှုန်းက Publicကို သဘောကျတဲ့ပုံပဲ "ထိုကောင်လေးက သူ့အားကြည့်ကာ ထိုသို့ပြောရင်း သူ၏ ပုခုံးအား လာရောက်ကိုင်တွယ်၏။
*ဂွက်!*
"အား...ခင်ဗျားဘာဖြစ်နေတာလဲ တောက်!"
သူက သူ၏ အသားအားလာထိသောကြောင့် သတိမထားမိပါဘဲ စိတ်လိုလက်ရပင် ထိုကောင်လေး၏ ခေါင်းကို ဒုတိယံမိ လင်ဗန်းစာကျွေးလိုက်မိ၏။
"ငါ့..ငါ့ကို မ..မထိနဲ့..ဒီ..ဒီမှာ တွေ့လား !"
စောအယ်စေးမူးက သူ၏ ရှေ့တွင် အဖြူနှင့်အညို ရင်ဖုံးဝမ်းဆက်အားဝတ်လျှက် လင်ဗန်းကိုင်ကာ သူ့အားသတိပေးနေသည့် ထိုအမျိုးသမီးအား ဒေါသတကြီးပင် ကြည့်လိုက်မိပြီး စိတ်ရှုပ်စွာပင် ညည်းတွားသလို ပြောလိုက်မိ၏။
" ဒီမှာ..ခင်ဗျားရိုက်တာ ခံဖို့လာတာမဟုတ်ဘူး၊
ခင်ဗျားနဲ့ အိပ်ပေးဖို့လာတာ..ခင်ဗျားပဲ ကျွန်တော်နဲ့ အတူအိပ်ဖို့ပြောခဲ့တယ်မလား ဘာလို့အခုမှ ဟန်ဆောင်နေရတာလဲ ကျွန်တော့်အထင်ကြီးတာ ခံချင်တာလား..စိတ်မရှိနဲ့ ခင်ဗျားကို အရင်ကတည်းက အထင်သေးပြီးသားမလို့ !"စေးမူးက ထိုမိန်းကလေးအား သူ၏စိတ်ထဲတွင် ရှိသည့်အတိုင်း မချွင်းမချန်ပါဘဲ တင်းမာသော မျက်နှာထား၊ခက်ထန်သော အသံတို့ဖြင့် ထိုသို့ပြောလိုက်သည်။
YOU ARE READING
အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး[Complete]
Romanceနှုန်းဟာ အန္တရာယ်များတဲ့ သက်ရှိအနုပညာလေးပဲ တို့မိ၊ထိမိလိုက်တာနဲ့ ဘဝတစ်ခုလုံး ပုံအပ်ချင်မိလောက်တဲ့အထိ ဆွဲအားကြီးတယ်...။ ********************************************* [Uke မိန်းကလေးလိုနေတာမျိုး၊weakဖြစ်တာမျိုး မကြိုက်ရင် မဖတ်ပါနဲ့ဗျ( Mentally Strong...