အိမ်၏ဧည့်ခန်းအတွင်း၌ လက်ရှိ အခြေအနေသည် တိတ်ဆိတ်ငြိမ်သက်နေသည်မှာ ဒေါ်မြလွန်းညိုအတွက် သူမ၏ အသက်ပြင်းပြင်းရှူသံကိုပင် ကိုယ်တိုင် အထင်းသားပြန်၍ ကြားနေရ၏။
ဒေါ်မြလွန်းညိုက သူမ၏ ဘေးတွင် ကျုံ့ကျုံ့ကလေးထိုင်ကာ အခြေအနေကို ငြိမ်၍သာကြည့်နေသော ပုံနှုန်းအား အားမလို၊အားမရ ဖြစ်လာရသည်။
နစ်နာသူတစ်ယောက်အဖြစ် ဟန်ဆောင်ပါဟု အသေအချာပင် သင်ပေးထားသော်လည်း ယခုထိုကောင်လေးက အေးဆေးတည်ငြိမ်စွာပင်
မလှုပ်မယှက်။နောက်ဆုံး ဘယ်လိုမှ သည်းမခံနိုင်တော့စွာ
ဒေါ်မြလွန်းညိုကပင် တမင် ဝမ်းနည်းနေသောအသံလုပ်ယူကာဖြင့် တိတ်ဆိတ်နေသည့် စကားဝိုင်းအား စလိုက်ရ၏။"သခင်ကြီးရယ်...ဒီလိုဖြစ်သွားတာ ကျွန်မဖြင့် တကယ်မယုံနိုင်ဘူး ၊ ဒီကလေးမကလည်း မိုက်လိုက်တာရှင် လက်ထပ်ဖို့အထိသေချာစီစဉ်ပေးမယ်ပြောထားပါလျက်.. ဒုတိယသခင်လေးကလည်း မစောင့်စိုင်းနိုင်ရှာဘူးထင်ရဲ့၊ ခုတော့ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ရတော့မှာလား သခင်ကြီးရယ် "
ဒေါ်မြလွန်းညိုက စောစေးလျမ်းကိုသာ ဉီးတည်၍ အမှန်တရား တစ်စွန်းတစ်စမျှ မပါသည့် ဟန်ဆောင်စကားတို့အား ရှိုက်ခါပင်ငိုချက် ဆိုလာသည်။
စောစေးလျမ်းက ဒေါ်မြလွန်းညို၏ ထိုသို့အပြောကို အားနာဟန်လည်းမပြု။ အဘယ့်ကြောင့်ဆိုလျှင် သက်သေသက်ကာရ မရှိပါလည်း ထိုအမျိုးသမီး၏ အကြံအစည်ကို သူ သေချာ သိနှင့်ပြီးသား ။
လောဘတို့ဖြင့်သာ အမြဲဖုံးလွှမ်းနေတဲ့ ထိုအမျိုးသမီး၏ မျက်ဝန်းတွေကို သူနှစ်ခါဖတ်ကြည့်စရာမလိုဘဲ သိပါ၏။
ထို့ကြောင့်စောစေးလျမ်းက အားတုံးအာနာမဖြစ်မိ။ ပကတိတည်ငြိမ်သော အသံနေအသံထားဖြင့်သာ ဒေါ်မြလွန်းညိုအား စကားပြန်ပြုလိုက်သည်။
" အပျက်ပျက်နဲ့နှာခေါင်းသွေးထွက်မယ့်အဖြစ်မျိုး မဖြစ်ပါဘူး ဒေါ်မြလွန်းညို၊ ဖေဖေစီစဉ်ခဲ့တဲ့ အကြောင်းကိစ္စ ဖြစ်တာမလို့ ဒီလိုတွေမဖြစ်ပျက်ခဲ့ရင်တောင် ကျွန်တော်တို့က လက်ထပ်ပေးမှာပါ၊ အခု ဒီလိုတြွေဖစ်သွားတော့ ဒေါ်မြလွန်းညိုတို့မိသားစုရဲ့ သိက္ခာကို အနည်းငယ်ထိခိုက်သွားရုံကလွဲပြီး ဘာမှတော့ ထူးထူးခြားခြားမဖြစ်ပါဘူး"
VOCÊ ESTÁ LENDO
အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး[Complete]
Romanceနှုန်းဟာ အန္တရာယ်များတဲ့ သက်ရှိအနုပညာလေးပဲ တို့မိ၊ထိမိလိုက်တာနဲ့ ဘဝတစ်ခုလုံး ပုံအပ်ချင်မိလောက်တဲ့အထိ ဆွဲအားကြီးတယ်...။ ********************************************* [Uke မိန်းကလေးလိုနေတာမျိုး၊weakဖြစ်တာမျိုး မကြိုက်ရင် မဖတ်ပါနဲ့ဗျ( Mentally Strong...