"ချစ်ခြင်းမေတ္တာ"ဆိုသည့် စကားဟာ
သိပ်နက်ရှိုင်း၏။ ချစ်ခြင်းနှင့်မေတ္တာကို ပေါင်းစပ်ထားသလို ခံစားရသောသူမှာလည်း တသိမ့်သိမ့်ကြည်နူးရပြီး ချစ်ရသူအား နွေးနွေးကလေး ထွေးပွေ့ချင်လာစေသည်။သို့သော်ငြား တစ်ခါတစ်ရံကျ ဘ၀ဟာ
ပြဇာတ်ဆန်လွန်းသည်လေ ။
ထိုသို့ပင် သူတို့ဘ၀တွေဟာလည်း ပြဇာတ်တစ်ပုဒ်ထဲကလို ကံကြမ္မာဆိုတဲ့ ဇာတ်ဆရာအလိုကျ..။ကံကြမ္မာဟာ သူနဲ့နှုန်းကို တွေ့ဆုံစေခဲ့ခြင်းဖြစ်သော်ငြား
၄င်းကံကြမ္မာကပဲ သူနဲ့နှုန်းကို ဝေးသွားစေပြန်၏။မည်သို့သော်သောမျိုးစိတ်ကလေးမှန်းမသိကတည်းက တစ်မြတ်တနိုးနမ်းရှိုက်ခဲ့ရတဲ့ ပန်းကလေးဟာ အခုတော့ လေ့အဝှေ့မှာ
သူ့အဝေးကို ကြွေလွင့်သွားသလို ..
ထိုအမျိုးသားဟာလည်း သူ့အနားက ထွက်ခွာသွားခဲ့သည် ။အကြောင်းပြချက်ဟူ၍ ရေရေရာရာမရှိ။
သူ့သွေးသားလေးနှင့်အတူ သူ့အနားက ထွက်ခွာသွားပြီး
အဓိပ္ပာယ်ကောက်ရန် ခက်ခဲလှ
သည့် စာတစ်စောင်ကိုသာ ချန်ထားပေးခဲ့၏။{ ကောင်လေး .. နှုန်းမရှိတုန်းလိမ်လိမ်မာမာနေရမယ်နော်..
နှုန်း မင်းအနားက ထွက်သွားတာဟာ ဘ၀တစ်သက်စာအတွက် အပြီးတိုင်မဟုတ်တာမလို့ နှုန်းပြန်လာတဲ့အထိ စောင့်ပေးမယ်မလားဟင် ~ နှုန်းရဲ့ခံစားချက်တွေ သိပ်ကို ရှုပ်ထွေးနေတယ်
ကောင်လေးရယ် ဒါပေမဲ့ သေချာတာတစ်ခုက နှုန်းမင်းကို
မမုန်းရက်သလို မင်းအပေါ်မှာ စိုးစဥ်းလေးတောင်
မကောင်းမြင်လို့မရခဲ့ပါဘူး ၊နှုန်းဘ၀မှာ မင်းဟာ ပထမဆုံး မြတ်နိုးရတဲ့ နှင်းဆီလေးပါ။
နှုန်းတစ်ဘ၀လုံအတွက် မင်းကို နမ်းရှိုက်ချင်သေးတာမို့ နှုန်းရဲ့
ပျိုတိုင်းကြိုက်တဲ့ ကလေးအဖေရွှေရောင်နှင်းဆီခိုင်လေးက
စောင့်နေပေးရမယ်နော် ။ကလေးတွေနဲ့ မင်းကို ခွဲထားတယ်ဆိုပြီး
ငါ့ကို စိတ်နာချင်နာလိုက်ပါ ကောင်လေး
ဒါက ငါ့လိုအသုံးမကျတဲ့သားတစ်ယောက် နောက်ဆုံးအနေနဲ့
လုပ်ပေးနိုင်တာဖြစ်လို့ပါ။ငါ့ကိုလိုက်မရှာပါနဲ့ ~
ငါမင်းရှာမတွေ့နိုင်မဲ့နေရာမှာ အလုံခြုံဆုံးရှိနေပါတယ်
BẠN ĐANG ĐỌC
အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး[Complete]
Lãng mạnနှုန်းဟာ အန္တရာယ်များတဲ့ သက်ရှိအနုပညာလေးပဲ တို့မိ၊ထိမိလိုက်တာနဲ့ ဘဝတစ်ခုလုံး ပုံအပ်ချင်မိလောက်တဲ့အထိ ဆွဲအားကြီးတယ်...။ ********************************************* [Uke မိန်းကလေးလိုနေတာမျိုး၊weakဖြစ်တာမျိုး မကြိုက်ရင် မဖတ်ပါနဲ့ဗျ( Mentally Strong...