"ဆိုတော့... ဘယ်လို အိပ်ချင်လဲ
လက်မောင်းပေါ် အိပ်မလား
ရင်ခွင်ထဲအိပ်မလား
ဘယ်နားလေးမှာ အိပ်ချင်လဲ ""ငါ...ဟို ငါ့..ငါ့ဘာသာ အိပ်ပါ့မယ် "
"မဟုတ်ဘူး !
ကျွန်တော်က ခင်ဗျားယောက်ျားဖြစ်နေပြီ
အိမ်ဉီးနတ်ရဲ့စကားကို ပယ်ချချင်နေတာလား"ကောင်ငယ်လေး၏ တဇွတ်ထိုးဆန်သည့် စကားတို့က သူ့အား အချိန် အခိုက်အတန့်တစ်ခုထိ တွေဝေသွားစေသည်။
ကောင်ငယ်လေးကတော့ သူ့ကို မမှိတ်မသုန်
ကြည့်နေတာ ကျက်သီးထချင်စရာ ။မျက်တောင်ရှည်ရှည်တွေနှင့်အတူ
သားရဲဆန်သည့် စူးရှရှ အကြည့်တို့က သိပ်ကို အန္တရာယ်များလွန်းသည့် ဆွဲအားတစ်ခုပမာ ~စူးနစ်စွာ စိုက်ဝင်တော့မည့် အကြည်တို့ကို ဖြစ်ပေါ်စေသည့် လွန်းအိမ်သဏ္ဍာန် မျက်ဝန်းအိမ်တို့ကလည်း ပုံနှုန်း ခုန်ချကြည့်ချင်မိသည့် ခြောက်နက်ကြီး တစ်ခုလို အတိမ်အနက် ခန့်မှန်ရခက်သည်။
တမင်ပင် လှစ်ဟပြထားသလို ဆွဲတင်ထားသည့် Sport Shirt အင်္ကျီကြောင့် ဝမ်းဗိုက်ရှိကြွက်သားတို့က အထင်အရှား ။
ပုံနှုန်းဟာ ဈာန်ရနေတဲ့သူတော်စင်မဟုတ်သလို တရားဘာဝအားထုတ်ချင်တဲ့ ကောင်ငယ်လေး၏ ဓမ္မမိတ်ဆွေလေးလည်း မဟုတ် ။
ကောင်ငယ်လေးက ယောက်ျားတစ်ယောက်ဖြစ်သလို သူကလည်း ယောက်ျားတစ်ယောက် ။
ဘယ်လိုပဲ မိန်းကလေးတစ်ယောက်လို ၀တ်ဆင်နေပါစေဉီး သူ့မှာလည်း ယောက်ျားလေးတစ်ယောက်ရဲ့ သဘာဝ သွေးသားဆန္ဒဆိုတာ ရှိနေတာပဲ။ကောင်ငယ်လေးဟာ အတိမ်အနက်ခန့်မှန်းရခက်တဲ့စမ်းချောင်း ရေတိမ်ကလေးဆိုလာရင်
သူက အဲ့ဒီ ရေတိမ်မှာ နစ်ဖို့ တပျော်တပါးကြီး
ဆင်းမယ့် အနေအထိုင်မတတ်တဲ့ ကလေးတစ်ယောက်လိုဖြစ်တည်မှုမျိုးပဲ ။ကောင်ငယ်လေးဟာ အန္တရာယ်ကို မျက်ကွယ်ပြုနေသလား ၊ သူ့ကို အထင်သေးနေသလား ။
" ကောင်လေး ... မ..မဖြစ်သင့်ဘူး ဆိုတာ ရှိ..ရှိသလား "
"ဟင့်အင်း နှုန်းနဲ့ ကျွန်တော့်ကြားမှာဆိုရင်
မရှိဘူး "
VOCÊ ESTÁ LENDO
အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး[Complete]
Romanceနှုန်းဟာ အန္တရာယ်များတဲ့ သက်ရှိအနုပညာလေးပဲ တို့မိ၊ထိမိလိုက်တာနဲ့ ဘဝတစ်ခုလုံး ပုံအပ်ချင်မိလောက်တဲ့အထိ ဆွဲအားကြီးတယ်...။ ********************************************* [Uke မိန်းကလေးလိုနေတာမျိုး၊weakဖြစ်တာမျိုး မကြိုက်ရင် မဖတ်ပါနဲ့ဗျ( Mentally Strong...