[A:N/ သီချင်းလေးနားထောင်ပါ။]
"ညက အိပ်ပျော်ရဲ့လား မ , ပြီးတော့ မောင်သီချင်းဆိုပြတာ မ သေချာနားထောင်ခဲ့ရဲ့လားဗျာ "
"ဝေး...ဝေးသေးပါ့ ၊ တန်း..တန်းအိပ်တာ
နားမထောင်ဘူး !'မနက်အစောကြီး ခြံထဲဆင်းပြီး ဒီကောင်လေးကို ရှောင်နေပါတယ်ဆိုကာမှ သကောင့်သားလေးက ခြံထဲအထိ ဆင်းပြီး သူ့ဘေးကို အရောက်လာသေးသည်။
ကျယ်ဝန်းလာတဲ့ ဒီအိမ်တော်ကြီးမှာတောင် ဒီကောင်လေးရဲ့လက်ကနေ ပုံနှုန်း လွတ်ဖို့ လမ်းမမြင် ။ ကောင်ငယ်လေးကလည်း သူ့လိုလူကိုများ ဘာတွေ အသဲအသန် ဖြစ်နေသည်ရယ် မသိ။
ပုံနှုန်းက ကောင်ငယ်လေး၏ စကားများကို နားမထောင်လိုသည်မို့ ရှိသမျှ စိတ်ခွန်အားတွေ စုစည်းလိုက်ပြီး ထိုကောင်လေးရှေ့မှ လစ်ပြေးရန် ကြံလိုက်သည်။
ဘယ်လိုပင် လျင်လျင်မြန်မြန်လှုပ်ရှားပါစေ ၊ ကောင်ငယ်လေးက ပုံနှုန်းထက် သာ၍ သွက်လပ်နေသည်သာ ။ ရှေ့မှာ ကွယ်၍ ရပ်လိုက်သော ရင်အုပ်ကျယ်ကြီးကြောင့် သူ့လိုတုံးအသည့် သူတောင် ပြေး၍ မလွတ်နိုင်သော အခြေအနေမှန်း သိလိုက်သည်။
"ဘယ်ပြေးမလို့လဲ
ဒီတစ်ခါမရဘူး ""ဘယ်...ဘယ်မှ မပြေးဘူး
ပြေး..ပြေးစရာလည်း မလိုဘူး ဟွန်း!""မလိုရင်လည်း ပြီးရောဗျာ
လာပါ ဒီပေါင်ပေါ် လာထိုင်ပါဦး မမလေးရယ် "ပြေးဖို့ အကြံအစည်ဖြင့် အမြန်ထ၍ ရပ်လိုက်သော ဒေါ်ပုံနှုန်းအား စေးမူးက ပိတ်၍ ရပ်ရင်း လက်ကို ဆွဲလိုက်သည်။ ပြီးခါမှ နားနေဆောင် အဖီလေးရှိ ထိုင်ခုံတွင် ထိုင်လိုက်ပြီး ထိုအလှပဂေးလေးအားလည်း သူ၏ ပေါင်ပေါ်၌သာ ထိုင်စေသည် ။
သို့သော်ငြား ထိုအလှပဂေးလေးက ဒီရက်တွေမှာ သူ့အပေါ် ဆက်ဆံပုံတွေက ပြောင်းလဲနေသည်။ ဘယ်သောအခါမှ သူ၏ တောင်းဆိုချက်များကို အသာတကြည် လက်မခံခဲ့။ အမြဲလိုလိုပင် သူ့အား ငြင်းဆန်နေခဲ့သည်သာ ။
ယခုလည်း သူထင်ထားသလိုပင် သူ၏ ပေါင်ပေါ်သို့ လာမထိုင် ။ သူက စိတ်မရှည်စွာ လက်ကိုဆွဲချလိုက်ရင်း သူ၏ပေါင်ပေါ်သို့ ဇွတ်ပင် ထိုင်စေ၏။
VOUS LISEZ
အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး[Complete]
Roman d'amourနှုန်းဟာ အန္တရာယ်များတဲ့ သက်ရှိအနုပညာလေးပဲ တို့မိ၊ထိမိလိုက်တာနဲ့ ဘဝတစ်ခုလုံး ပုံအပ်ချင်မိလောက်တဲ့အထိ ဆွဲအားကြီးတယ်...။ ********************************************* [Uke မိန်းကလေးလိုနေတာမျိုး၊weakဖြစ်တာမျိုး မကြိုက်ရင် မဖတ်ပါနဲ့ဗျ( Mentally Strong...