ဧည့်ခန်းထဲရှိ လေထုသည်က သိသိသာသာ အေးစက်လျက် ။ ပုံနှုန်း၏ စိတ်အထင်ကြောင့်လားရယ် မသိ ၊ ကောင်ငယ်လေးဟာ လက်မှတ်ထိုးခြင်းအမှုပြီးသည်အထိ ပုံနှုန်းကို ဘာစကားမှမပြောမလာဘဲ တမင်ရှောင်နေလျက် ။
သည်လိုအခြေအနေကြီးဟာ သိပ်ကို အနေရခက်လှသည် ။
ပုံနှုန်းက အပစ်လုပ်ထားသည့် အပစ်သား တစ်ယောက်လိုမျိုး ထိုအမျိုးသားငယ်လေးကို မျက်လုံးချင်းစုံ၍ပင် စေ့စေ့မကြည့်ရဲ။
ကောင်ငယ်လေးကမူ သူ့အား ဘာစကားမှ ဖွင့်ဟမလာသော်ငြား မျက်စိဒေါက်ထောက်၍ ကြည့်ကာနေသည်။ပုံနှုန်းမှန်းဆထားသော အခြေအနေမှာ ယခုကဲ့သို့မဟုတ် ။
ပုံနှုန်းဟာ မိန်းကလေးတစ်ယောက်မဟုတ်ဘဲ ယောကျ်ားလေးတစ်ယောက်ဆိုတာကိုသာ ကောင်ငယ်လေးက သိသွားခဲ့ရင် ပုံနှုန်းချက်ချင်းဘဲ သည်အိမ်က ထွက်သွားရတော့မည်ပေါ့ ။ အခုက အဲ့သည်လို လုံး၀ မဟုတ်ခဲ့ ။ဒေါ်မြလွန်းညို၏ မျက်နှာကတော့ အခြေအနေအရပ်ရပ်ကို မသိသေးသည့်တိုင် ရွှင်ပြလျက်ရှိနေသည် ။
ပုံနှုန်းက မေမေကြီးအား မျက်နှာရိပ်မျက်နှာကဲပြလျက် ဖြစ်ပျက်ခဲ့သည်တို့ကို ပြောပြချင်သာ်ငြား ယခုအခြေအနေလေး ပျက်စီးသွားမည်ကို မလိုချင်ပါ ။ပုံနှုန်းက အဲ့သည်အမျိုးသားလေးအနားမှာနေချင်တယ် ။
အဲ့သည်အမျိုသားလေးဟာသူ့စိတ်ရဲ့ချမ်းသာရာရပ်ဝန်းငယ်လေး ဖြစ်နေခဲ့ပြီမို့... ။" ဒေါ်မြလွန်းညို စိတမပူပါနဲ့ ၊ ကျွန်တော်တို့က နှုန်းလေးကို ကိုယ့်ညီမလေးတစ်ယောက်လို
စောင့်ရှောက်ကြ၊ချစ်ပေးကြမှာပါ၊ စိတ်ချလက်ချနဲ့ ထားခဲ့ပါဗျာ "စောစေးလျမ်း၏ ကတိကဝတ်ပြုပြောဆိုလိုက်သော အာမခံချက်စကာကြောင့် ဒေါ်မြလွန်းညိုက အင်တင်တင်အပြုံးမျိုးသာ ပြုံးပေးလိုက်သည်။
မနက်ဖြန်မနက်လောက်ဆိုရင် ပြန်လာခေါ်ခိုင်းကြတော့မှာကို သူမသိပါ၏။
'အစားကိုသာ ကုန်အောင်စား၊ စကားကို ကုန်အောင်မပြောနဲ့' တဲ့ သခင်ကြီးရဲ့ ! ရှင့်ညီတော်မောင်လက်ထပ်ထားတာက မျိုးတူယောကျ်ားတစ်ယောက်လေ။
VOCÊ ESTÁ LENDO
အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး[Complete]
Romanceနှုန်းဟာ အန္တရာယ်များတဲ့ သက်ရှိအနုပညာလေးပဲ တို့မိ၊ထိမိလိုက်တာနဲ့ ဘဝတစ်ခုလုံး ပုံအပ်ချင်မိလောက်တဲ့အထိ ဆွဲအားကြီးတယ်...။ ********************************************* [Uke မိန်းကလေးလိုနေတာမျိုး၊weakဖြစ်တာမျိုး မကြိုက်ရင် မဖတ်ပါနဲ့ဗျ( Mentally Strong...