Part(30)/Unicode

23.4K 1.6K 75
                                    


" ကျွန် .. ကျွန်တော့်ကို ဒီငါး အ .. အစိပ်သားပေးပါ "

လက်ထဲမှာ တစ်သောင်းတန် တစ်ရွက်ကို ကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်ရင်း ဈေးလမ်းထဲ လျှောက်လာခဲ့တာ အသားစိမ်း၊ငါးစိမ်းတန်းကိုတောင် ရောက်လာပြီ။

ASလေးက ငါးကြော်စားချင်သည်တဲ့။ ဒီကလေးက ပူဆာတတ်တာ ရှားတာမို့ သူကလည်း မနေ့ကပြောရင် ဒီနေ့ ရအောင် လုပ်ပေးချင်တာ။ သူသာ အဖေ သူသာ အမေမလို့ ဒီကလေးတွေ
သူ့အရိပ်မှာလည်း လိုတ ရအောင် ထားပေးချင်မိသည်သာ ။

သူ့အနေနဲ့ ဒီအချိန်ကာလလောက် ကောင်လေးရဲ့ရင်ခွင်စီက
ပြေးထွက်လာခဲ့တာ လုံလောက်နေပြီလား ..။
မေတ္တာတရားလေးစီကနေ တွန့်ဆုတ် တွန့်ဆုတ် ဝေးကွာလာတာ ဘယ်အကွာ အဝေးတောင် ရောက်လို့ နေပြီလဲ ။

တစ်ခါတစ်လေ ညတွေမှာ သူ ကြိတ်ငိုခဲ့တယ်။
ဘာကြောင့်လဲ .. ဘာကြောင့်လဲ ဆိုတဲ့မေးခွန်းတွေဟာလည်း
သူ့စိတ်ထဲ ပဲ့တင်ထပ်နေခဲ့တာ ။

​ကောင်လေးရဲ့ဖခင်လုပ်ခဲ့တဲ့ လုပ်ရပ်တွေအပေါ်
ကောင်လေးကိုယ်တိုင်က ပေးဆပ်ဖို့ မလိုပါဘူး။ ဒါပေမဲ့ သူက အဲ့ဒီလူရဲ့ သားနဲ့ ပျော်ရွှင်စွာ မိသားစုဘဝကို တည်ဆောက်နေလိုက်ရင် တမလွန်ရောက်နေတဲ့ သူ့ဖေဖေနဲ့မေမေအတွက် တရားမျှတမှုက ဘယ်လိုရှာရမလဲ !

သူ့အနေနဲ့ ဆုံးသွားတဲ့မိဘတွေအပေါ် မျက်နှာပြောင်တိုက်ရာ ကျနေပြီမဟုတ်လား ။

ငါးတွေကို တစ်ခါတည်း တုံးဖြတ်ပေးလိုက်တဲ့ ငါးစိမ်းသည်ညီမလေးအပြီးမှာ သူဈေးခြင်းတောင်းထဲကို ငါးအထုပ်လေးထည့်ကာ ထိုနေရာမှ ထွက်လာခဲ့တော့သည်။

သူ ဈေး လမ်းထဲမှ ထွက်လာသည်အထိ အနောက်မှ
တစ်ယောက်ယောက် လိုက်နေသည်ကို ခံစားလိုက်ရ​၏။ အဲဒီတစ်စုံ တစ်ယောက်ဟာ သူဟင်းရွက်တန်းမှာ အသီးအရွက်တွေဝယ်
ကတည်းက သူ့နောက်လိုက်နေခဲ့တာ ။

ဒါပေမဲ့ စိတ်အထင်ကြောင့်နေမှာပါလို့သာ မှတ်လိုက်ရင်း သူ့အနေနဲ့လည်း သူလုပ်စရာရှိတာကို လုပ်လိုက်ခြင်း ။ အခုတော့ ဒါဟာ အထင် ဟုတ်မနေ ။ ဒီလို ဈေးအပြင် လမ်းမထက်ရောက်သည်အထိ ၎င်းတစ်စုံတစ်ယောက်က သူ့အနောက် လိုက်နေသေးသည်။

အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး[Complete]Donde viven las historias. Descúbrelo ahora