တန်ဖိုးရှိတဲ့ အရာတွေကိုပဲ လူတွေက အမြတ်တနိုးနဲ့ တန်ဖိုးထားပေးကြတာ သဘာဝမလား ။ ဒါပေမယ့် တန်ဖိုးဆိုတဲ့ အရာကိုကျလည်း လူတွေကပဲ သတ်မှတ်တာတဲ့လေ...။ဒါဆို ကောင်လေးအမြင်မှာရော သူက တန်ဖိုးရှိနိုင်လောက်လား ။ ကောင်လေးဟာ သူ့လိုလူကို တန်ဖိုးထားချင်ပါ့မလားလေ..!
ငွေအတွက်နဲ့ယောကျ်ားတစ်ယောက်ကို လက်ထပ်မယ့် သူက ဘယ်လိုမှ တန်ဖိုးရှိတဲ့သူမဖြစ်နိုင်။ ကောင်လေး၏ မျက်လုံးထဲမှာတော့ သူက အထင်အမြင်သေးချင်စရာ ၊ ရွံရှာစရာ ဖြစ်တည်မှုမျိုးသာ ဖြစ်နေလိမ့်မည်။
မင်းဟာ ငါ့အတွက်တော့ ရှင်သန်ခဲ့တဲ့ နှစ်ဆယ့်ခြောက်နှစ်တာလုံးမှာ ပထမဆုံးဖြစ်ပေါ်မိတဲ့ ငြိတွယ်ခြင်းလေးပါ မောင်..။
ငါ့မှာလေ အသိစိတ်ကိုရော၊ မသိစိတ်ကိုပါ ကိုယ်တိုင် တားဆီးနေရပါတယ်။
ဒါပေမယ့်ကွယ်.. မင်းဟာ ဘယ်လို ငြှိမ်းငြှိမ်း
မငြိမ်းတဲ့ မီးတောက်လေးလိုပဲ ။ ငါ့ဘဝကို လောင်မြိုက်ဖို့များ အားခဲထားသလားလေ ...။အကြည့်တစ်ချက်၊ အပြောတစ်ခွန်း ၊ အထိအတွေ့လေးတစ်ခဏမှာ ငါ့ရင်ခုန်သံတွေဟာ အစိုးမရခဲ့ဘူး ။
မိန်းမတစ်ယောက်လို ပြုမှုနေထိုင်နေရပေမယ့် ယောကျ်ားတစ်ယောက်အပေါ် ယောင်လို့တောင် မတိမ်းညွတ်ခဲ့တဲ့ ငါက မင်းနဲ့ကျမှ မစွတ်ခင်က ညွတ်ချင်သလိုဆိုတာမျိုး ဖြစ်နေပြီလား မောင်..။
ဒီနာမ်စားဟာ ငါလိုလူတစ်ယောက်ဆီက အရှက်မရှိ ဖြစ်ပေါ်လာတဲ့ သိမ်ငယ်ခြင်းတွေကို ကိုယ်စားပြုပါလိမ့်မယ် ။
မောင်ဟာ ငါ့အတွက်တော့ ဘယ်တုံကို ခုပြီး လှမ်းလှမ်း မမှီတဲ့ ရွှေရောင်တဖိန့်ဖိန့်တောက်နေတဲ့ နှင်းဆီခိုင်လေး..။ တုံးခုလို့လှမ်းမရရင် ခုန်ပြီးတော့ခူးဖို့လည်းငါဟာ သတ္တိနည်းတယ် မောင်ရယ်..။
ငါ့မှာ မကြေသေးတဲ့ အကြွေးတွေရှိတယ် ။
ငါကလူပဲ ၊ ငါလည်း တစ်ကိုယ်ကောင်းဆန်ချင်တယ်၊ ဒါပေမယ့်လေ ငါ့မိခင်ကြောင့် ပြိုကွဲခဲ့ရတဲ့ မိသားစုကို မြင်တိုင်း ငါရင်တွေ နာလှတယ်။
ESTÁS LEYENDO
အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး[Complete]
Romanceနှုန်းဟာ အန္တရာယ်များတဲ့ သက်ရှိအနုပညာလေးပဲ တို့မိ၊ထိမိလိုက်တာနဲ့ ဘဝတစ်ခုလုံး ပုံအပ်ချင်မိလောက်တဲ့အထိ ဆွဲအားကြီးတယ်...။ ********************************************* [Uke မိန်းကလေးလိုနေတာမျိုး၊weakဖြစ်တာမျိုး မကြိုက်ရင် မဖတ်ပါနဲ့ဗျ( Mentally Strong...