Part(20)/ Unicode

35K 2.6K 264
                                    


FAME အိမ်တော်၏ နံနက်ခင်းသည် အေးချမ်းစွာအတိ ။ အစေခံတို့ကလည်း ၎င်းတို့ အလုပ်ကို ပိုင်နိုင်စွာ လုပ်လျက် ။ ဥယျာဥ်ထိန်းသိမ်းရေးသမားအချို့ကအပင်ကြီးများရှိ အရွက်တို့အား ပုံဖော်နေပြီး အပင်ငယ်လေးများအနီး ပေါင်းမြက်များအား ရှင်းလင်းသူများက ရှင်းလင်းနေကြသည်။

ယနေ့သည်က အိမ်သားများအားလုံး၏ အားလပ်ရက် တနင်္ဂနွေဖြစ်သည်မို့ ဥယျာဥ်လေးထဲရှိ နားနေရာအဆောက်အဦးလေးတွင် လူစုံလျက် ။

စောစေးဘွဲ့မှူး ကလည်း ကျောင်းပိတ်ရက်အား အပြင်သို့ထွက်လည်ခြင်းပြုခြင်းမရှိ ။ အိမ်တွင်သာ ကပ်၍နေ၏ ။ နော်ဘလက်ဇင်နွေးကလည်း ထိုသို့ပင် ၊ ပိတ်ရက်အား မိသားစုများနှင့် အချိန်ဖြုန်းလေ့ရှိသည် ။

စောအယ်စေးမူးနှင့်ပုံနှုန်းသည်လည်း ကိုကိုကြီးအခေါ်ရှိသောကြောင့် အထွန့်မတက်ပါဘဲ
ဥယျာဥ်လေးထဲသို့ လာ၍သာ နံနက်စာလက်စုံစားရလေတော့၏ ။

ပုံမှန်အားဖြင့် ယခုလို နံနက် ၇နာရီလောက် လုံး၀ထလေ့မရှိသော စောအယ်စေးမူးအား
မရီးဖြစ်သူ ဒေါ်မူယာချိုက သဘောကျပြုံး၍
သာကြည့်နေသည်။

ထိုကလေးက ဟိုးအရင်အချိန်တွေတုန်းကများ
ဒီအချိန် ဘယ်လိုနှိုးနှိုးမထ ။ နှိုး၍လည်း မရခဲ့ ။ အိပ်ချင်နေတဲ့အချိန်မှာ ဒေါသကြီးတတ်တဲ့ ကောင်လေး ။

အခုများ မိန်းမရပြီးလေတော့ မိန်းမက မရ ရအောင် နှိုးသည်ထင်ပါ့ ။ မျက်လုံးလေး
မပွင့်တပွင့်ဖြင့် အိပ်ချင်မူးတူး ဖြစ်နေသည်မှာ ရယ်ချင်စရာ။

မူယာချိုက ငိုက်မတက်ဖြစ်နေသေးသည့်
မတ်ကလေးအား စကားမရှိ စကားရှာလျက်
မနေ့ကဖြစ်ခဲ့သည့် အကြောင်းကို ပြန်၍ မေးလိုက်သည်။

" ဇူးဇူး ဆိုတာ ဘယ်က ကလေးမလဲ မတ်လေး
တစ်ခါမှ မ​ကြားဖူးသလိုပဲနော် "

စေးမူးက မရီးဖြစ်သူ၏ စကား အဆက်အစပ်မရှိ မေးလိုက်သော မေးခွန်းကြောင့် ခေတ္တမျှ ကြောင်အမ်းသွားရပြီး ဘေးအနီးရှိ ငြိမ်ငြိမ်ကုပ်ကုပ်လေးထိုင်နေသည့် ချစ်ရသူအား ပြန်ကြည့်လိုက်ကာ အမှန်တိုင်းသာ ဖြေလိုက်၏ ။

အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး[Complete]Where stories live. Discover now