တစ်သက်မှာ တစ်မင်္ဂလာဆိုတဲ့စကား ရှိပေမဲ့ သူ့အတွက်တော့ ဒီအလှပဂေးလေးနှင့် ဒုတိယမ္မိ လက်ထပ်ရမည့်အရေးကို ကျေနပ်မဆုံးဖြစ်နေမိသည်။
ပထမအကြိမ်က အိမ်တော်တွင်းအကျဥ်းချုပ် လက်ထပ်ခဲ့ပေမဲ့ အခုများတော့ ထိုသို့မလုပ်ချင်။
ချစ်ရသူကိုယ်တိုင်က သူ့ကို Romantic ဆန်ဆန် လက်ထပ်ခွင့်တောင်းခဲ့ခြင်း မဟုတ်လား။ဒါက သူ့အတွက် စိတ်တောင်မကူးဖူးတဲ့ အံ့အားသင့်ဖွယ်အဖြစ်အပျက် ။
"မင်းပဲ ချစ်တတ်တယ်ထင်မှာစိုးလို့"ဆိုပြီး ဘယ်လောက်အထိ ချစ်တတ်ကြောင်း လုပ်ရပ်
နှင့် သက်သေပြခဲ့တဲ့ Baeကို သူကလည်း ဘယ်အတိုင်းအတာထိ အမြတ်တနိုးတန်ဖိုးထားလဲဆိုတာ ပြချင်သည် ။ထို့ကြောင့် Parisတွင် ကျင်းပမည့် သူ့Showကိုပင် အချိန်ရွှေ့လိုက်ပြီး စိတ်လှုပ်ရှားစရာအပြည့်နှင့် မဟာ့မဟာအစီအစဥ်ကြီးကို အကောင်အထည်ဖော်ရန် လုပ်လိုက်ရတော့သည်။
အမှန်တကယ်မှာ ဟန်းနီးမွန်းခရီးစဥ်ဆိုတာ
မျိုးက လက်ထပ်ပြီးမှ သွားရတာမျိုး မဟုတ်လား။
အခုတော့ သူက ချစ်ရသူကို ထိုနေရာသို့ ခေါ်ဆောင်သွားမိသည်။အချစ်ဆိပ်တက်နေသော အချစ်ငှက်ကလေး နှစ်ကောင်အား လွတ်လပ်စွာပျံသန်းစေချင်သည်ဟု ဆိုကာ ကလေးပေါက်လေးနှစ်ယောက်ကလည်း အလိုက်တသိဖြင့် မမနွေး၊မမစိမ်းနှင့် ကိုကိုဘွဲ့မှူးတို့ဖြင့်သာ နေရစ်ခဲ့ချင်ကြောင်း ပြောခဲ့၏။
အမှန်တကယ်မှာ ပုံနှုန်းညီဆိုသော ကောင်လေးမှ လွဲ၍ ဒီအစီအစဥ်ကြီးကို အားလုံး သိနှင့်နေပြီးသား။
Baeရာ .. Surprise ဆိုတာကို မင်းထက်ပိုပြီး
ဒီကောင်ကြီးက အစကတည်းက လုပ်ချင်နေခဲ့တာပါ !" မောင် .. ငါ .. ငါ ရင်တုန်လိုက်တာ
လေယာဥ်မစီးဖူးလို့လား မသိဘူး "ချစ်ရသူ၏ စိတ်လှုပ်ရှားမှုကြောင့်ဝိုင်းစက်နေမျက်၀န်းလေးများက ကလယ်လယ်ဖြင့် ။
ထိုသို့ ဘာမှမသိဘဲ အူတူတူအတတ ပုံစံလေးနှင့် သူ့လက်မောင်းအား တင်းကြပ်စွာစုပ်ကိုင်းပြီး ခပ်ကျုံကျုံ့လေးထိုင်နေသော နှုန်းမှာ သူ့နှလုံးသားလေးကို ယားယံအောင် တကျစ်ကျစ် ကုပ်ဖဲ့နေသလိုဖြစ်နေ၍ သူအသဲယားလာမိသည်။
YOU ARE READING
အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး[Complete]
Romanceနှုန်းဟာ အန္တရာယ်များတဲ့ သက်ရှိအနုပညာလေးပဲ တို့မိ၊ထိမိလိုက်တာနဲ့ ဘဝတစ်ခုလုံး ပုံအပ်ချင်မိလောက်တဲ့အထိ ဆွဲအားကြီးတယ်...။ ********************************************* [Uke မိန်းကလေးလိုနေတာမျိုး၊weakဖြစ်တာမျိုး မကြိုက်ရင် မဖတ်ပါနဲ့ဗျ( Mentally Strong...