ရာသီတွေ နှစ်ရာသီလောက် ပြောင်းလဲခဲ့တာနဲ့အညီ ချစ်ရသူအမျိုးသားလေးဟာလည်း သူ့ရဲ့ သွေးသားကို ကိုယ်တိုင်လွယ်ထားလေခဲ့လေပြီ ။
အခြားအမျိုးသမီးတစ်ဦး၏ သွေးသားနှင့် စပ်ယှက်ဖို့ဆိုတာ အယ်စေးမူးခေါင်းထဲတွင်လုံး၀ မရှိ ။ ကိုကိုကြီးတို့ပြောသလို စိုးရိမ်
ရတဲ့အခြေအနေဖြစ်ပေမဲ့ နှုန်းရောသူကပါ
ကိုယ့်သွေးကိုယ့်သားတွေကိုပဲ လိုချင်ခဲ့သောကြောင့် သားအိမ်ထည့်ဖို့အချင်းအရာကိုပဲ ရွေးချယ်ခဲ့ကြခြင်း ။သူ့အနေနဲ့ ဒီအရာဟာ ချစ်ရသူအပေါ်
မတရားရာများရောက်လေမလားလို့ တွေးပူခဲ့သော်ငြား နှုန်းကိုယ်တိုင်ကပင် ကိုယ်၀န်ဆောင်ဖို့ကိစ္စ သဘောတူခဲ့သည် ။နှုန်းရဲ့ DIDကလည်း တစ်နေ့တစ်ခြား ထိန်းချုပ်လို့လွယ်ကူလာခဲ့၏ ။ လွယ်ကူလာတယ်ဆိုတာကလည်း သူရဲ့ နွေးထွေးပေးမှုတွေနဲ့အတူ နှုန်းရဲ့ နားလည်လွယ်တဲ့ စိတ်တွေကြောင့်လည်း အများကြီးပါခဲ့သည် ။
ဘယ်လောက်ပဲ ခက်ခဲနေပါစေ။
ဒီအမျိုးသားလေးဟာ သူ့အတွက်ဆို ဘယ်အခြေအနေမှာမဆို အရာရာ နာခံပေးဖို့
အသင့်။ အလိုလိုနေရင်းမှ မျက်စိအောက်က အပျောက်မခံနိုင်ခဲ့တာ အခုလို အခြေအနေမှာဆို သူ့အနေနဲ့ ရင်တထိတ်ထိတ်ပင် ဖြစ်ရတော့သည် ။ငါပဲ ကိုယ်ဝန်ဆောင်လိုက်ရမှာ !
သူကပဲ ကဲလွန်း၊သဲလွန်းနေသည်လားမသိ ။ သူ့အပြုအမူတွေဟာ အားလုံးအတွက် ပြောစရာတွေကို ဖြစ်လို့နေ၏။ ကိုကိုကြီးနှင့်မမချိုကလည်း သူ့အားကြည့်၍ နာမည်တောင် ပြောင်းပေးထားကြသေးသည်လေ။
မောင်ကဲပိုတဲ့ ။
" Bae ! ကိုင်ပြန်ပြီ အဲ့ဓားကို
ပန်းသီအခွံခွာတာများ ကိုယ်တစ်ယောက်လုံးရှိတာပဲ ဘာလုပ်ဖို့လဲ ၊ ခိုင်းလေကွာ "အပြင်လေးခဏလေးပဲ ထွက်ပြီး ကလေးလေးမီးဖွားဖို့ရာ အကောင်းဆုံးဆိုတဲ့ ဆေးရုံကို ရွေးဖို့ ကိုကိုကြီးနဲ့သွားတိုင်ပင်ကာရှိသေး အခန်းထဲပြန်လာတော့ ဆရာလေးရဲ့လက်ထဲမှာ ဓားတစ်ချောင်းက ရောက်နေပြီ ။
ခက်လိုက်တာ ၊ ဓားတွေ ဘာတွေရှသွားရင်
ဒီကောင်က ရင်ကျိုးရမှာ !
ESTÁS LEYENDO
အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး[Complete]
Romanceနှုန်းဟာ အန္တရာယ်များတဲ့ သက်ရှိအနုပညာလေးပဲ တို့မိ၊ထိမိလိုက်တာနဲ့ ဘဝတစ်ခုလုံး ပုံအပ်ချင်မိလောက်တဲ့အထိ ဆွဲအားကြီးတယ်...။ ********************************************* [Uke မိန်းကလေးလိုနေတာမျိုး၊weakဖြစ်တာမျိုး မကြိုက်ရင် မဖတ်ပါနဲ့ဗျ( Mentally Strong...