ဘုန်းထက်(Arc -1.5)

12.7K 960 35
                                    

<Unicode>
"အင်းး"

သွန်းနိုးလာတော့ သူ့တစ်ကိုယ်လုံးကိုပွေ့ဖက်ထားခံရတာကြောင့်အသာရုန်းကြည့်လိုက်တော့ ရယ်သံသဲ့သဲ့လေးထွက်လာသည်။

"နိုးပီလား ကလေးလေး"

"ဗျာ ဟုတ်"

"ဗိုက်ဆာပီလား"

"ဟုတ်"

"ကိုယ်ဂဏန်းဆန်ပြုတ်ဝယ်လာတယ်"

"ဟို အောက် အောက်ချပေးပါလား"

ဘုန်းထက်အားမျက်နှာချင်းဆိုင်ခွထားရတဲ့အခြေနေကြောင့်ခန္တာကိုယ်နှစ်ခုကအလွန်နီးကပ်လွန်းကာ မြင်နေရတဲ့မျက်နှာချောချောက သွန်းရဲ့ရင်ခုန်သံကိုထိန်းချုပ်မရအောင်ပင်။

"ကိုယ်အရမ်းချောလို့လား အဲ့လောက်စိုက်ကြည့်နေတာ"

"ဟုတ် အရမ်းချောတယ်"

"အဟား ကိုယ့်ကလေးလေးကိုမမှီပါဘူးကွာ လာ ကိုယ်ခွံ့ကျွေးမယ်"

"ရ ရပါတယ် သွန်းဘာသာစားလိုက်ပါ့မယ် အောက်ချပေးပါ ကိုကိုလေးညောင်းရောပေါ့"

"ညောင်းရုံမကလို့အောက်ပိုင်းပါသေသွားပါစေ ကိုယ်ကလေးလေးခြေထောက်လေးတေကိုအအေးမခံနိုင်ပါဘူး"

"ခ်ခ် ကိုကိုလေးကအရမ်းကိုလေ.."

"ဘာဖြစ်လဲဟင်"

"အရမ်းခြွေတတ်တယ်"

"ကိုယ်ကတော့ ကိုယ့်အသက်လေးမခြွေခင်ထဲကကြွေနေတာသိလား"

"ခ်ခ်"

"လာ ဆန်ပြုတ်သောက်မယ် ပီးရင်ဆေးသောက်ရမယ်"

"ဆေး ဆေးကအများကြီးလားဟင်"

"မများပါဘူး နှစ်လုံးထဲ လိမ်မာပါတယ် ကိုယ့်နှလုံးသားလေးက ကိုယ်ခွံ့ကျွေးမယ်"

ဆန်ပြုတ်တစ်ခွက်လုံး ချော့တိုက်ပီးတော့ ဆေးတိုက်တဲ့အခါကျပြန်တော့လဲ ချော့လိုက်ခြောက်လိုက်နဲ့ပင်။ပါးစပ်ထဲရောက်မှပြန်ပြန်ထွေးထုတ်နေတာ ဆေးကိုကဒ်လိုက်ဝယ်ခဲ့လို့တော်သေးသည်။

"သွန်းလေးရယ် သောက်လိုက်ပါနော်"

"ခါးတယ် ကိုကိုလေး ဆေးကဗိုက်ထဲမဝင်ပဲလျှာမှာပဲကပ်နေတာကြီးကို အင့် ဟင့်"

Save Him(Completed)Donde viven las historias. Descúbrelo ahora